Tuesday, November 20, 2012

တောင်သာ မိသားစုများ၏ အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားရောက် ရွှေမြန်မာညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျာ တောင်သာ မိသားစုများ ဖြစ်ကြသော ကျနော်များ၏ ကာယ ဥာဏ ဝိရီယအားတို့ဖြင့် ရရှိထားသော သန့်ရှင်မွန်မြတ် ဓမ္မိယလဒ္ဓဖြစ်သော  ဝတ္ထုငွေကြေးထဲမှ ထုတ်နှုတ်၍ အနန္တဂိုဏ်ဝင် ကျေးဇူးရှင်မိဘ ဆရာသမားများ၏ ဂုဏ်တို့ကို ဦးထိပ်ရွက်ပန်ဆင်လျက်

ကိုရီးယားနိုင်ငံ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း မွန်မြတ်သော အာဟာရဒါန ကုသိုလ်အဖြစ် ဧည့်ခံလှူဒါန်းမည် ဖြစ်ပါ၍ ကျနော်တို့  တောင်သာ မိသားစုများနှင့်အတူ ပရိတ်တရားတော်နာ ကြွရောက်ချီးမြှောက်ကြပါရန် ခင်မင်လေးစားစွာ မေတ္တာရှေ့ထားဖိတ်ကြားအပ်ပါသည်ခင်ဗျား...


              အစီစဉ် -


နေ့ရက် - ၂၀၁၂ ခု နိုဝင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့ ။
နေရာ - မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၊ ဘူဖြောင်း ။
ကျွေးမွေး - နံနက် ရွှေတောင်ခေါက်ဆွဲ နေ့လည် အထူးရှယ်ဒံပေါက် ။
တရားတော်နာ - နေ့လည် ၁း၀၀ နာရီခွဲခန့် ။

No comments: