Saturday, December 1, 2012

ဒီဇင်ဘာ ၂ ရက်နေ့ မြန်မာစင်တာ အစီအစဉ်

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ ညနေ ၄ နာရီမှ ၆ နာရီအထိ ဆောင်းရာသီ တုတ်ကွေးကာကွယ်ဆေး တတိယအကြိမ် ထိုးပေးဖို့ အစီအစဉ် ရှိပါတယ်။ လူဦးရေ ၃၀ တိတိသာ ထိုးပေးနိုင်မှာ ဖြစ်တဲ့ အတွက် အရင်လာ အရင်ထိုး စနစ်နဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ အချိန်အတွင်း ပထမပတ် ကျန်းမာရေးဆေးစစ် အစီအစဉ်လည်း ရှိပါတယ်။ နေမကောင်းလို့ ဆေးခန်းပြလိုသူများ စောစောလာရောက်ကြပါ။

ကိုရီးယားဘာသာစကား (TOPIK) အဆင့် ၁/၂ တန်းခွဲအသစ်ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
သင်တန်းတက်ရန် စာရင်းပေးထားသူများ ဒီဇင်ဘာ ၉ ရက်နေ့မှာ မွန်းလွဲ ၁း၀၀ နာရီထက် နောက်မကျစေဘဲ အရောက်လာကြရန် ဖြစ်ပါတယ်။ မြန်မာစင်တာမှာ သင်တန်းတက်ဖို့ စုံစမ်းထားသူများကို ဆက်သွယ်ရာမှာ အချို့ကို ဆက်သွယ်လို့ မရပါ။ အရင်က ဆက်သွယ်ထားဖူးပြီး သင်တန်းတက်လိုသူများ မြန်မာစင်တာ (070-4154-8824) သို့ ဖြစ်စေ အောင်ကျော်သူ (010-2872-5337) သို့ ဖြစ်စေ အမြန် ဆက်သွယ်ပါ။

ယခုတပတ်မှာ -
နံနက် ၁၀း၀၀ မှ ၁၁း၃၀ နာရီအထိ - အခြေခံ ကိုးရီးယား စကားပြော
နံနက် ၁၁း၃၀ မှ မွန်းလွဲ ၁း၀၀ နာရီအထိ - TOPIK 3/4 သင်တန်း
မွန်းလွဲ ၂း၀၀ မှ ညနေ ၄း၀၀ နာရီအထိ - ကွန်ပျုတာသင်တန်း
တို့ ရှိပါတယ်။

အလုပ်သမားသင်တန်း နောက်ဆုံးအချိန် အတွက် အစီအစဉ်ကို သီးခြား ကြေညာပေးပါ့မယ်။


No comments: