ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန် - ဟူသော ရှေးဆိုရိုးစကားနှင့် အညီ ကိုရီးယားနိုင်ငံ ၊ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာကထိန်ပွဲတော်ကြီး၌ ပြိုင်ပွဲတိုင်းတွင် အောင်ပွဲဆင်ခဲ့သော အင်ချွန်း ယူနိုက်တက် ဘောလုံးအသင်းကြီးမှ ကထိန်အောင်ပွဲ ပင်မအလှူရှင်ကြီးများအဖြစ် တာဝန်ယူ၍ စုပေါင်းညီညာ ရွှေမြန်မာအပေါင်း သူတော်ကောင်းတို့က ဖော်ပြပါ အစီစဉ်အတိုင်း မြတ်ကထိန်အလှူတော်ပွဲ ဆင်နွှဲကျင်းပမည်ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများအားလုံး ကြွရောက်ချီးမြှောက်ကာ သဒ္ဓါကြည်ဖြူ ကုသိုလ်အတူယူနိုင်ကြပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်ခင်ဗျား ။ ။
ကထိန်အလှူတော် အစီအစဉ်
နေ့ရက် = ၁၃၇၄ ခုနှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ - ရက်၊ ( ၁၁ ၊ ၁၁ ၊ ၂၀၁၂ )
တနင်္ဂနွေနေ့ ။
နေရာ = မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် ၊ ဘူဖျောင်း ၊ အင်ချွန်း ။
ဧည့်ခံကျွေးမွေး အလှူပေး = နံနက် = ရှမ်းခေါက်ဆွဲ ။ နေ့လည် = ဒန်ပေါက် ထူး ရှယ် ။
- ၁၁ - ၁၁ -၂၀၁၂ ၊ တနင်္ဂနွေနေ့ ၌ ဘုရားအမှူးရှိသော ကိုရီးယားနိုင်ငံ ထေရ၀ါဒ သာသနာပြု သံဃာတော် ၉ -ပါးတို့အား အရုဏ်ဆွမ်း ၊ နေ့ဆွမ်း နှင့် သင်္ကန်းစသော လှူဖွယ်များဆက်ကပ်လှူဒါန်းပြီး နေ့လည် ၁း၃၀ နာရီတွင် ကထိန်ရေစက်ချတရားနာကြားပါမည်။ ကြွရောက်လာကြသော ဧည့်ပရိသတ်တို့အား နံနက် ၉း၀၀ နာရီမှစ၍ ဒန်ပေါက် ထူး ရှယ်ဖြင့် ဧည့်ခံကျွေးမွေးပါမည်။ကထိန်အောင်ပွဲ၌ သင်္ကန်း ၊ န၀ကမ္မများ ပါဝင်လှူဒါန်းနိုင်ပါသည်ခင်ဗျား ။ ။

No comments:
Post a Comment