ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)
၁၂ ကြိမ်မြောက် မြန်မာအသင်း ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ၂၀၁၂ နိုဝင်ဘာ ၄ ရက်နေ့က ပူချွန်းမြို့တွင် ကျင်းပရာ၊ နောက်ဆုံး ဗိုလ်လုပွဲတွင် အင်ချွန်းယူနိုက်တက်နှင့် ချင်းလူငယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၂း၁ ဂိုး ဖြင့် အင်ချွန်းအသင်းက ပထမ ဆုဖလား ရရှိသွားပါသည်။
(ပထမ ဗိုလ်စွဲသည့် အင်ချွန်းယူနိုက်တက် ဘောလုံးအသင်း)
(ဒုတိယဆုရ ချင်းလူငယ်အသင်း ဆုလက်ခံယူနေစဉ်)
ပြိုင်ပွဲတွင် အသင်း ၉ သင်း ပါဝင်ခဲ့ပြီး၊ ပွဲစဉ်တလျောက် အကောင်းဆုံးဆု ရရှိသူများမှာ -
က) ဂိုး = ဇော်မိုက် 1 ၊ အောင်ဆန်းအသင်း
ခ) နောက်တန်း = ဇင်လင်းသူ 19 ၊ ဂေါ်ဂျယ်အသင်း
ဂ) အလယ်တန်း = ဖိုးတုတ် ခေါ် ငွန်ထောင် 7 ။ ချင်းလူငယ်အသင်း
ဃ) ရှေ့တန်း = ကျော်ဇေယျ 9 ၊ အင်ချွန်းယူနိုက်တက်
င) အကောင်းဆုံး ဘောလုံးသမား = ဆွမ်သောင် 9 ၊ ချင်းလူငယ်အသင်း
ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော ဘောလုံးအသင်းများ၊ ပြိုင်ပွဲကို ကြီးကြပ်ပေးခဲ့သော မြန်မာ-ကိုရီးယား ဒိုင်ကော်မတီဝင်များ၊ အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသူ အားလုံးကို ကျေးဇူး အထူးတင်ရှိပါကြောင်း မြန်မာအသင်း (ကိုရီးယား)က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
အမှုဆောင်အဖွဲ့

No comments:
Post a Comment