ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲ
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသူ/သားများခင်ဗျာ….
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တောင်ကိုရီး
ယားနိုင်ငံသို့ နိုင်ငံရေးခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။
ပြည်တွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ
ဒေါ်အောင်ဆန်းစုကြည်၏ ကိုရီးယားနိုင်ငံတွင်းခရီးစဉ်များကို အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲမှ တာဝန်ယူစီစဉ်
လျက်ရှိနေပါသည်။
မြန်မာနိုင်ငံသား အားလုံးမှ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစု
ကြည်အားကြိုဆိုရေးနှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့်ဆုံဆည်း
ကြမည့် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရန်ရှိသဖြင့် မြန်မာနိုင်ငံသားများအားလုံး
၏ ဆန္ဒသဘောထားများနှင့် အကြံပြုချက်များကို သိရှိဆွေးနွေးလိုပါသဖြင့်
အောက်ဖော်ပြပါအစီအစဉ်အတိုင်း မပျက်မကွက် တက်ရောက်ပေးပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ရက်။ ။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်-တနင်္ဂနွေနေ့။
ကျင်းပမည့်အချိန် ။ ။ နေ့လည် (၀၁း၀၀)နာရီမှ (၀၄း၀၀)နာရီအထိ။
ကျင်းပမည့်နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်။
Thursday, November 15, 2012
အမေစုနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးတိုင်ပင်ကြရအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment