Thursday, November 15, 2012

တုတ်ကွေးကာကွယ်ဆေး ထိုးပေးမယ်

ဘူဖျောင်းမြို့ မြန်မာစင်တာတွင် လာမည့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၈) မှာ ဆောင်းရာသီ တုတ်ကွေးကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးဖို့ အစီအစဉ် ရှိပါတယ်။

လူဦးရေ ၈၀ တိတိသာ ထိုးပေးနိုင်မှာ ဖြစ်တဲ့ အတွက် အရင်လာ အရင်ထိုး စနစ်နဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ (တတိယပတ် ပုံမှန်ဆေးစစ်ချိန် အတွင်း) ထိုးပေးမှာ ဖြစ်တဲ့ အတွက် စောစော လာရောက်ကြဖို့ နှိုးဆော်ပါတယ်။

ပထမအကြိမ်တုန်းက စာရင်းပေးထားပြီး မထိုးလိုက်ရသူများ အတွက် သီးခြား စီစဉ်ထားပါတယ်။

ကိုရီးယား စကားပြောနဲ့ ကွန်ပျူတာ သင်တန်း တက်သူများ သင်တန်းချိန်အမီ တိတိကျကျ လာရောက်ကြဖို့ တိုက်တွန်းပါတယ်။ သင်တန်း ၂ ကြိမ်ဆက်တိုက် ပျက်သူများ သင်တန်းဆရာ သို့မဟုတ် တာဝန်ခံနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

No comments: