Tuesday, February 19, 2013

သမတ ယိမြောင်ဘ ပြည်သူလူထုကို နုတ်ဆက် မိန့်ခွန်း ပြောကြား



ဓာတ်ပုံ NEWSTOWN

သမတ ယိမြောင်ဘ ပြည်သူလူထုကို နုတ်ဆက် မိန့်ခွန်း ပြောကြား 

ယနေ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက တောင်ကိုရီးယား သမတနိုင်ငံ အိမ်ပြာတော် ကနေ၍ သမတ ယိမြောင်ဘက “ ယခုမှ စတင်ပြီး ကျနော်ဟာ သာမန် အရပ်သား အဖြစ် ပြန်လည် နေထိုင်ပြီး ကျနော်က ၅ နှစ်တာ ကာလပတ်လုံး နိုင်ငံတော်ရဲ့ တာဝန်ကို တတ်စွမ်းနိုင်တဲ့ဘက်က သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်၊ ထပ်၍ ” သမတ တာဝန်ကို ၅ နှစ်တာ ထမ်းဆောင်ခဲ့ပြီးနောက် တိုင်းသူပြည်သားများ ပျော်ရွှင် ချမ်းမြေရေးအတွက် အကျိုးဆောင် လုပ်ငန်းတွေကို တာဝန်တရပ်အဖြစ် ဆက်လက် လုပ်ဆောင်သွားပါ့မယ်၊ ဂုဏ်ယူစရာကောင်းတဲ့ ကိုရီးယားနိုင်ငံသား တဦးအနေနဲ့ ချစ်မြတ်နိုးရသော နိုင်ငံတော်အတွက်အကျိုးပြု လုပ်ငန်းတွေထဲက အသေးစားလေးက အစ  ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဆက်လက် ကြိုးစား လုပ်ဆောင်သွားပါ့မယ့် ”  လို့ ပြည်သူလူထုကို နုတ်ဆက် မိန့်ခွန်း ပြောဆိုလိုက်ပါတယ်။
သမတ ယိမြောင်ဘဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်၍ ၁၇ ကြီမ်မြောက် သမတ တာဝန်ကို ထမ်းဆောင်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ တာဝန် ပြီးဆုံးမှာဖြစ်ပါတယ်။

သမတ ယိမြောင်ဘ၏ ကိုယ်ရေးအကျဉ်း
သမတ ယိမြောင်ဘကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ဂျပန်နိုင်ငံ အိုစာကာ၌ မွေးဘွားပြီး ဂယောင်ဘုဂ်ဒို ဖိုဟာန်မြို့ ဘုဂ်ဂု ဟုန်းဟဲအုဘ် ဒေါ့ဆောင်ရီ ၅၃၇ တွင် နေထိုင်ခဲ့ပါတယ်။
၁၉၅၄ ခုနှစ် ဖိုဟန် ယောန်ဟုန်း မူလတန်းကျောင်းတွင် အခြေခံ ပညာကို အောင်မြင်ခဲ့
၁၉၅၇ ခုနှစ် ဖိုဟန် အလယ်တန်း အောင်မြင်ခဲ့
၁၉၆၀ ခုနှစ် ဒုန်ဂျီ စက်မှုလက်မှု အထက်တန်းကျောင်း(ညကျောင်း)တွင် အထက်တန်းကို အောင်မြင်ခဲ့
၁၉၆၅ ခုနှစ် ဂိုလယော တက္ကသိုလ်ကျောင်းတွင် အုပ်ချုပ် စီမံခန့်ခွဲ ပညာရပ်ဖြင့် ဘွဲ့ရရှိခဲ့
၁၉၆၅ ခုနှစ် ဟွန်ဒိုင်း (ဟယောန်ဒဲ) ဆောက်လုပ်ရေးလုပ်ငန်းသို့ စတင် ၀င်ရောက်
၁၉၇၇ ခုနှစ်မ ၁၉၈၈ ခုနှစ်အထိ ဟွန်ဒိုင်း ဆောက်လုပ်ရေး လုပ်ငန်း ဥက္ကဌ
၁၉၇၈ ခုနှစ် ကိုရီးယား မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး (ဟွန်းဒိုင်း ဆောက်လုပ်ရေး) ဥက္ကဌ
၁၉၇၈ ခုနှစ် ကိုရီးယား သံမဏီအဖွဲ့ချုပ် ဒု ဥက္ကဌ
၁၉၈၀ ခုနှစ် ပြည်ပ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ကိုရီးယား နူးကရီးယားလုပ်ငန်း ကော်မတီ ဒု ဥက္ကဌ
၁၉၈၁ ခုနှစ် ၁၉၉၂ ခုနှစ်အထိ ကိုရီးယား ရေကူးအသင်း ဥက္ကဌနဲ့ ကိုရီးယားနိုင်ငံ အလူမီနီယမ် လုပ်ငန်း ဥက္ကဌ
၁၉၈၂ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ဟွန်ဒိုင်း အင်ဂျီနီယာအဖွဲ့ ဥက္ကဌ
၁၉၈၂ ခုနှစ် ၁၉၉၂ ခုနှစ် ကိုရီးယား အိုလံပစ် ကော်မတီ ဗဟို ကော်မတီဝင်၊ ကိုရီးယားနိုင်ငံလုံးဆိုင်ရာနဲ့ ဆိုးလ် စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ ဒု ဥက္ကဌ
၁၉၈၃ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပြည်ပ ဆောက်လုပ်ရေး လုပ်ငန်း ဥက္ကဌ
၁၉၈၃ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အရှေ့တောင် အာရှ စီးပွာေးရး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဥက္ကဌ
၁၉၈၄ ခုနှစ်မှ ၁၉၉၂ ခုနှစ် အထိ အာရှ ရေးကူးအသင်း ဥက္ကဌ
၁၉၈၄ ခုနှစ် ကမ္ဘာ့ ရေးအသင်း အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်
၁၉၈၅ ခုနှစ် ၁၉၈၆ ခုနှစ် ဟန်လာ ဆောက်လုပ်ရေးလုပ်ငန်း ဥက္ကဌ
၁၉၈၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဘူတန်နိုင်ငံလုံးဆိုင်ရာ ကိုရီးယားသံရုံး အတွင်းဝန်ချုပ်
၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ကိုရီးယား ရုရှား စီးပွားရေး လုပ်ငန်း ပြင်ဆင်ရေးအဖွဲ့ ဥက္ကဌ
၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကိုရီးယားနိုင်ငံ သစ်လုပ်ငန်း ဥက္ကဌ
၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ် အရှေ့မြောက် အာရှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ဥက္ကဌ (ကိုရီးယားဘက်က)
၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ၁၄ ကြီမ်မြောက် လွှတ်တော်အမတ်
၁၉၉၂ ခုနှစ်မှ ၁၉၉၄ ခုနှစ် ဇွန် ၃ လုပ်ဖော်ကိုင်ဘက်များ အဖွဲ့ ဥက္ကဌ
၁၉၉၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ အာခန်ဆိုပြည်နယ် ဂုဏ်ထူးဆောင် သံအမတ်
၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အရှေ့အာရှ လေ့လာရေးဌာန ဥက္ကဌ
၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ၁၅ ကြီမ်မြောက် လွှတ်တော်အမတ်
၁၉၉၆ ခုနှစ် ကိုရီးယား ရိုးရာ တေးဂီတအဖွဲ့ချုပ် အကြံပေး
၁၉၉၇ ခုနှစ် ဟန်နာလာဒါန်း ဂျုန်ရိုဂု ဥက္ကဌ
၁၉၉၈ ခုနှစ် ကိုရီးယား အားကစား တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်
၁၉၉၉ ခုနှစ် အမေရိကန် ဂျော့ဝါရှင်တန် တက္ကသိုလ်တွင် ဧည့် လေ့လာသူအဖြစ်
၁၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် အာရှ ပစီဖိတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး NGO ကိုရီးယားဌာနချုပ် ဥက္ကဌ
၂၀၀၀ ခုနှစ် ကမ္ဘောဒီယား ဘုရင် ဟူစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေး
၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ကိုရီးယားနိုင်ငံလုံးဆိုင်ရာ မသန်မစွမ်းအဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဌ
၂၀၀၂ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ၃၂ ကြီမ်မြောက် ဆိုးလ်မြို့တော်ဝန် (ပြည်သူ့ရွေးကောက်ပွဲဖြင့် တတိယအကြီမ်မြောက် ရွေးကောက်ခံရသူ)
၂၀၀၄ ခုနှစ် ဆောဂါန် တက္ကသိုလ်က ဂုဏ်ထူးဆောင် စီမံခန့်ခွဲ ဒေါက်တာဘွဲ့ ချီးမြှင့်
၂၀၀၄ ခုနှစ် ခါဂျစ္စတန် အမျိုးသား ယူလာစာလာ တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်
၂၀၀၅ ခုနှစ် မွန်ဂိုနိုင်ငံ အမျိုးသား တက္ကသိုလ်က ဂုဏ်ထူးဆောင် စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ ချီးမြှင့်
၂၀၀၅ ခုနှစ် မိုဂ်ဖို တက္ကသိုလ်က ဂုဏ်ထူးဆောင် စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ ချီးမြှင့်
၂၀၀၇ ခုနှစ် ဟန်နာလာဒါန်း၏ သမတလောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ၁၇ ကြီမ်မြောက် သမတအဖြစ်
ကိုရီးယား ပြည်သူ့လွှတ်တော်ရှေ့၌ ကျန်းသစ္စာ ကျိန်ဆို 


ဇနီး ကင်းမ်ယူဂ်အိုဂ် (၁၉၄၇ ခုနှစ် မတ် ၂၆ ရက် ဘွား) နဲ့ သား တဦး သမီး ၃ ဦး  


 

No comments: