Tuesday, February 19, 2013

သမတ လောင်း မစ္စစ် ဘဂီနဟဲ(ဘာ့-က်ကွန့်ညဲ) ၏ ကိုယ်ရေး အကျဉ်း



၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ဂယောင်ဆန်း ဘုဂ်ဒို(ပြည်နယ်) ဒဲဂုမြို့ ဂျူဂု (မြို့နယ်)၊ ဆာမ်ဒေါဂ်ဒုန် (ရပ်ကွက်) အမှတ် ၅ -၂ တွင် မွေးဖွားခဲ့

၁၉၇၀ ခုနှစ် ဆောန်ရှီးမ် အမျိုးသမီး အထက်တန်းကျောင်း အောင်မြင်ခဲ့

၁၉၇၄ ခုနှစ်မှ ၁၉၇၉ ခုနှစ် မိခင် ယူဂ်ယောန်းစု လုပ်ကြံခံရပြီးနောက် မိခင်ကိုယ်စား ဖခင် သမတ ဘဂျူန်ဟီနဲ့အတူ First Lady အဖြစ် တာဝန် ထမ်းဆောင်ခဲ့

၁၉၇၄ ခုနှစ် ဆောဂါန် တက္ကသိုလ် စက်မှုတက္ကသိုလ် လျှပ်စစ်ပိုင်းဆိုရာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့

၁၉၇၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ယူဂ်ယောင်းစု ဖောင်ဒေးရှင်းတွင် ဥက္ကဌ တာဝန်အဖြစ် ထမ်းဆောင်နေဆဲ

၁၉၈၇ ခုနှစ် တရုတ်ပြည်သူ့ သမတနိုင်ငံ၏ ယဉ်ကျေးမှုတက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်

၂၀၀၈ ခုနှစ် KAIST Korean Advanced Institute of Science and Technology  က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်

၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ၁၅ ကြီမ်မြောက် လွှတ်တော်အမတ်

၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ် ဟန်နာလဒါန်း (the Grand National Party (GNP)) ဒု ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့

၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ၁၆ ကြီမ်မြောက် လွှတ်တော်အမတ်

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ၁၇ ကြီမ်မြောက် လွှတ်တော်အမတ်

၂၀၀၃ ခုနှစ် ဟန်နာလာဒါန်း သမတလောင် ရွေးကောက်ပွဲ ကော်မတီ ဥက္ကဌ

၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဟန်နာလာဒါန်း ဥက္ကဌ တာဝန် ထမ်းဆောင်ခဲ့

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၈ ကြီမ်မြောက် လွှတ်တော်အမတ်

၂၀၁၀ ခုနှစ် ဆောဂါန် တက္ကသိုလ်က ဂုဏ်ထူးဆောင် နိုင်ငံရေးပိုင်းဆိုင်ရာ ဒေါက်တာဘွဲ့ ချီးမြှင့်

၂၀၁၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၂ ခုနှစ် မေလအထိ ဆဲနုရီဒါန်း ဥက္ကဌ

၂၀၁၂ ခုနှစ် မေမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာအထိ ၁၉ ကြီမ်မြောက် လွှတ်တော်အမတ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ ၁၈ ကြီမ်မြောက် သမတအဖြစ် ရွေးကောက်ခံထားရသူ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် ၁၈ ကြီမ်မြောက် သမတအဖြစ် ကိုရီးယား ပြည်သူ့ လွှတ်တော်ရှေ့တွင် ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းအတိုင်း ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။ 
++++++++++++++++++++++++++++


ဖခင် - ဘဂျူန်ဟီ (၁၉၁၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၉၇၉ခုနှစ် အောက်တိုဘာ ၂၆ ညပိုင်းတွင် လုပ်ကြံခံရ) ( ၅၊ ၆၊ ၇၊ ၈၊ ၉ ကြီမ်မြောက် သမတ )



မိခင် - ယူဂ်ယောင်းစု ( ၁၉၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှ ၁၉၇၄ ခုနှစ် သြဂတ် ၁၅ ရက် (ကိုရီးယား လွတ်မြောက်သောနေ့) တွင် လုပ်ကြံခံရ 


ညီမ - ဘဂီလယောင်း (၁၉၅၄ခုနှစ် ဇွန် ၃၀ ရက် )


မောင် - ဘဂျီမာန် ( ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်)

 ဘဂီနဟဲတို့ မိသားစု ဓာတ်ပုံ

No comments: