Monday, February 18, 2013

တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းများ




(၁) မြန်မာနိုင်ငံအတွင်း တောင်ကိုရီးယားနိုင်ငံ လျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ လျှပ်စစ်ဌာနတို့ ဒေါ်လာ ၁ သန်းခွဲ တန်ဘိုးရှိ လျှပ်စစ် ဓာတ်အားမြှင့်စက်နဲ့ လျှပ်စစ် ဓာတ်အားပြောင်းလွှဲ စက်များဖြင့် ၂၃၀ ကီလို ဗိုထ် (KV) စွမ်းအား ရရှိနိုင်ရေးအတွက် ဦးဆောင် လုပ်ဆောင်သွားရန် လက်ခံလိုက်ကြောင်း သတင်းရရှိပါတယ်။


(၂) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ဂျူံဂယဲဂိုဏ်ရဲ့ ဗဟို ဗုဒ္ဓဘာသာဝင်များ အဖွဲ့က မြန်မာ အစိုးရရဲ့ မီးလောင် ဗုံး ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြသော သံဃာတော်များ အတွက် ဆေးကုသ စရိတ် ၀မ် ၅၁သိန်း ကျော်ကို လှူဒါန်းမည်ဖြစ်ကြောင်း ကိုရီးယား ဗုဒ္ဓဘာသာ သတင်းစာက ဖော်ပြထားပါတယ်။


(၃) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ဆိုးလ် (ဆောအုလ်) ဂျူဂု၊ ဆောဆိုမုဒုန် the Korea Chamber of Commerce and Industry အပြည်ပြည်ဆိုင်ရာ ခန်းမကြီး၌ ဘုယောင်း အုပ်စု ဥက္ကဌ ယိဂျူ(န်)ဂွန်က ကိုရီးယားနိုင်ငံအတွင်း ပညာသင်ကြားနေကြတဲ့ နိုင်ငံခြားသား ကျောင်းသူ ကျောင်းသားများကို ပညာတော်သင် စရိတ် တနှစ်စာ သိန်း ၈၀ ကို ပေးအပ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ပညာတော်သင်စရိတ် ထောက်ပံ့မှုရကြသော ကျောင်းသူကျောင်းသားများမှာ မြန်မာ ၅ဦး၊ ဗီယက်နမ် ၁၆ ဦး၊ ကမ္ဘောဒီးယား ၂ဦး၊ လာအို ၁၀ဦး၊ ထိုင်း ၁၅ဦး၊ သီရိလင်္ကာ ၉ ဦး၊ အရှေ့တီမော ၁ဦး၊ ဖီလစ်ပိုင် ၁၅ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၅ ဦး၊ ဂါနာ ၂ဦး၊ ကေညာ ၆ဦး၊ အီဂျစ် ၄ဦးတို့ဖြစ်ကြပါတယ်။


(၄) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ကိုရီးယား ရုပ်မြင်သံကြားနဲ့ အသံလွှင့်ဦးစီးဌာနတို့က ၂၀၁၃ ခုနှစ် အသံလွှင့်လုပ်ငန်း ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနဲ့ ကမ္ဘောဒီယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး မလေးရှားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ ပြပွဲတွင် KBS မီဒီယာ၊ MBC, EBS, JTBC, MBN, Arrirang TV, CJ E&M, MBC Play Media, Broadcasting University TV စတဲ့ ၁၀ ဖွဲ့က ပူးပေါင်း ပါဝင်ကြောင်း သိရပါတယ်။


(၅) တောင်ကိုရီးယားနိုင်ငံ ရင်းနှီးမြုပ်နှံမှုဌာနချုပ်က ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ မြန်မာနိုင်ငံအတွင်း အ၀တ်အထည် လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ ၂၀၁၀ ခုနှစ်က ဂျပန်နိုင်ငံက ဒေါ်လာ သန်း ၁၇၀ မှ ၂၀၁၁ခုနှစ်တွင် ဒေါ်လာ သန်း ၃၅၀သို့၊ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ သန်း ၁၂၀မှ ဒေါ်လာ သန်း ၂၄၀ အထိ တိုးတက် လာကြောင်း သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်အထိ နောက် စက်ရုံပေါင်း ၇၀၀ကျော် တိုးပွားလာနိုင်ကြောင်း အပတ်စဉ်ထုတ် ရင်းနှီးမြုပ်နှံမှု ဂျာနယ်က ဖော်ပြထားပါတယ်။

ကိုရီးယားနိုင်ငံအတွင်းရှိ သတင်းဌာနများရဲ့ သတင်းများကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

No comments: