Monday, February 18, 2013

မြန်မာနိုင်ငံအတွင်း ကိုရီးယား ဆဲမာအုလ် လုပ်ငန်း စတင်


တောင်ကိုရီးယားနိုင်ငံတွင် ၁၉၇၀ ခုနှစ် သမတ ဘဂျူန်ဟီ လက်ထက် စတင် လုပ်ဆောင်ခဲ့သော ဆဲမာအုလ် လှုပ်ရှားမှု ( New Village Movement ) ကို မြန်မာနိုင်ငံအတွင်း စီးပွားရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်းများ တိုးတက် အောင်မြင်ရေးအတွက် ဗဟို ဆဲမာအုလ် လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ မစ္စတာ ယိဂျဲချာန်းက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က သမတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။ 


ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ဆဲမာအုလ် လှုပ်ရှားမှု ဌာနက တာဝန်ရှိသူ တချို့က မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက် လည်ပတ်ပြီး ဆဲမာအုလ် လုပ်ငန်း အကောင်အထည် ဖော်နိုင်ရေးအတွက် စင်တာဌာန အဆောက်အအုံ တည်ဆောက်မည့် မြေနေရာကိုလည်း သွားရောက်  ကြည်ရှု့ကြပါတယ်။ လာမယ့် ဧပြီလမှ စတင်ပြီး ဆဲမာအုလ် လှုပ်ရှားမှု စင်တာကို စတင် လုပ်ဆောင်ပြီးနောက် လယ်ယာ စိုက်ပျိုးမှုဆိုင်ရာ နည်းပညာနဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို စတင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 


MDI(Myanmar Development Institute) ကို တည်ထောင် တောင်ကိုရီးယားနိုင်ငံရဲ့ ဆဲမာအုလ် စနစ်အတိုင်း လုပ်ဆောင်ပြီး ပညာပေး၊ ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နေ့စဉ်ထုတ် မုနွာ အိလ်ဘို သတင်းထောက် ယိဂယောင်းထက်ရဲ့ သတင်းကို ကိုကားပြီး ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

No comments: