Tuesday, February 5, 2013

ကိုရီးယားနှစ်သစ်ကူး ဆွမ်းကျွေး အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ

ကိုရီးယားနှစ်သစ်ကူးပွဲတော်ကာလ (설날) မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင်
အောက်ဖော်ပြပါ အလှူရှင်များမှ အလှူဒါနပြုလုပ်မည်ဖြစ်ပါ၍ ကိုရီးယားရောက် ရွှေမြန်မာအပေါင်းတို့အား
ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည် ။

(၂၀၁၃ .၂ . ၉ .)စနေနေ့တွင် ဂေါ်ဂျယ် ရွှေညီအကိုများမှ အရုဏ်ဆွမ်း နန်းကြီးသုတ် ၊
နေ့ဆွမ်း မြန်မာထမင်းဟင်းများဖြင့် ဧည့်ခံလှူဒါန်းပါမည် ။

(၂၀၁၃ . ၂ . ၁၀ )ရက် တနင်္ဂနွေနေ့တွင် ကိုရီးယားရောက်ရွှေမြန်မာ ညီအကိုများအဖွဲ့မှ အရုဏ်ဆွမ်း
မော်လမြိုင်မုန့်ဟင်းခါးနှင့် နေ့ဆွမ်း ကာလသားကြက်သားဟင်များဖြင့် ဧည့်ခံကျွေးမွေးပါမည် ။

( ၂၀၁၃ . ၂ . ၁၁ .)ရက် တနင်္လာနေ့တွင် မြင်းခြံအဖွဲ့ညီအကိုများမှ အရုဏ်ဆွမ်း မုန့်ဟင်းခါး
နေ့ဆွမ်း အညာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည် ။ ကိုရီးယားရောက်
ရွှေမြန်မာ ညီအကိုအပေါင်းတို့အား မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်တွင် ကျနော်များနှင့်အတူ
တရားတော် ကြွရောက်ရောက်ချီးမြှောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

အကျိုးတော်ဆောင်အဖွဲ့၊
မြန်မာဗုဒ္ဓသာသနာပြုကျောင်း ။

No comments: