Tuesday, February 5, 2013

ကြက်တကောင်း ဆရာတော် မြန်မာပြည်သို့ ပြန်လည်ကြွချီ

တတိယအကြိမ် ဇန်နဝါရီ ၂ ရက်နေ့က စတင်၍ဆောအုလ် အာဆန်း ဆေးရုံကြီးတွင် ကျောက်ကပ်အတွင်း
ကျောက်များ ခွဲစိပ် ကုသမှုကို ခံယူနေသော ထီချိုင့်မြို့ ကြက်တကောင်း ဆရာတော် အရှင်ဇာဂရသည်
ဇန်နဝါရီ ၁၈ ရက်ညနေပိုင်းက ဆေးရုံက ဆင်းလာပြီး ယခုမြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် သတင်းသုံးနေခဲ့ပါသည် ။ ယခုဆရာတော်၏ ခွဲစိပ် စရိတ်သည် သိန်း ၂၆၀ (ဝမ်)နီးပါး ကုန်ကျခဲ့ပါသည်။ (ဂျောန်ဂျုတွင် ခွဲစိပ် စရိတ် သိန်း ၅၀ (ဝမ်) အာဆန်တွင် ပထမအကြိမ် ခွဲစိပ် စရိတ် သိန်း (၁၀၀) နီးပါး  ။အဆိုပါ ကုန်ကျစရိတ်များကို ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊
ကိုရီးယား ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အာဆန်ဆေးရုံကြီး လူမှု အထောက်အကူပြုဌာန၊ ကိုရီးယား ခရီးသွားလုပ်ငန်း ၊Su Medicarei ကိုရီးယားနိုင်ငံသားများတို့က ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြပါသည်။
ဆရာတော်ရဲ့ဆေးကုသစရိတ်ကို တဘက်တလှမ်းက လှူဒါန်းကြသူများအားလုံး၊ ဆေးကုသစရိတ်ကောက်ခံပေးသူများနှင့် ညဘက်တွင်လာရောက် ကူညီစောင့်ရှောက်ပေးကြသော
ညီအကိုအပေါင်းတို့ကို ဆရာတော်နဲ့ ကြက်တကောင်းရွာသူရွာသားများက အထူးကျေးဇူးတင်လျှက်ရှိနေကြောင်းနှင့် မေတ္တာများ ပွားများပို့သလျှက် ရှိနေပါသည်။
ဤသို့ပြုရ ကုသိုလ်အပေါင်းကို အမျှပေးဝေပါသည်။ အားလုံးရွင်လန်း ချမ်းမြေ့စွာသာဓုခေါ်စေသော်...
 ဆရာတော်ဦးဇာဂရသည် ဖေဖော်ဝါရီ ၅ ရက်အင်္ဂါနေ့ ညနေ လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်
ကြွချီပြီး ဆရာတော်အနေနဲ့အားလုံးမေတ္တာ ရှေ့ထားနှတ်ဆက်သွားပါကြောင်း ပြောသွားပါသည်။

(ဆရာတော်၏ ကျောက်ကပ်များ ကျန်ရှိနေသေး၍ သုံးလအကြာ မေလ ပိုင်းတွင် အာဆန်ဆေးရုံသို့ လာရောက်ပြီးထပ်မံ ခွဲစိပ်ရဦးမည်ဖြစ်ပါသည်။)

No comments: