Thursday, February 7, 2013

အားလုံးသို့ အသိပေး ကြေညာချက်

ဟန်းဂုရွာ ၀ိုင်းတော်သားများနဲ့ ဖတ်ရှုသူမိတ်ဆွေများ ခင်ဗျား

ကျနော် ၀င်းပေါ်မောင် ဟာ ၂၀၁၃ မတ်လမှ စပြီး ဟန်းဂုရွာ (Burmese Information Network in Korea) ရဲ့ သူကြီး အဖြစ်ကနေ အနားယူပါတော့မယ်။

ကျနော်ဟာ ဟန်းဂုရွာကို ၂၀၀၈ ခုနှစ်မှာ စတင် စည်းရုံး တည်ထောင်ခဲ့ပြီး၊ ထိုအချိန်ကနေ ယနေ့အထိ ဆိုက်ကို ထိန်းသိမ်း စောင့်ရှောက် ကြီးကြပ်စီမံသူ Admin အဖြစ် ကျနော် တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ယခုအခါ ၅ နှစ်ကျော်လာပြီ ဖြစ်တာက တကြောင်း၊ အခြား လုပ်ငန်းအစီအစဉ်များ ပေါ်ပေါက်လာတာက တကြောင်း တို့ကြောင့် သူကြီးတာဝန်ကနေ အနားယူဖို့ရန် ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းလို့ ဟန်းဂုရွာ ၀ိုင်းတော်သားများနဲ့ တွေ့ဆုံပြီး ဟန်းဂုရွာကိစ္စ ပြောဆို ဆွေးနွေးကြဖို့ လာမယ့် စနေနေ့ (၂၀၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့) နေ့လယ် ၁း၀၀ နာရီမှာ ဘူဖျောင်းမြို့ မြန်မာစင်တာသို့ လာရောက်ကြဖို့ ဖိတ်ကြားပါတယ်။

အခြား စိတ်ပါဝင်စားသူများလည်း အစည်းအဝေးသို့ လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

လာမယ့် အစည်းအဝေးမှာ ကျနော့်ကိုယ်စား သူကြီး အသစ် တစ်ယောက်ကို အများဆန္ဒနဲ့ ရွေးချယ်ကြပါ။ မူဝါဒပိုင်း ဆိုင်ရာများကိုလည်း ထပ်မံ ဆွေးနွေးပြီး အတည်ပြုကြပါ။

ကျနော်ကတော့ ၀ိုင်းတော်သား တစ်ယောက် အဖြစ် ဆက်လက် ရှိနေဦးမှာ ဖြစ်သော်လည်း ဟန်းဂုရွာကို တာဝန်ခံတဲ့ သူကြီး တာဝန်ကိုတော့ ဆက်လက် ယူတော့မည် မဟုတ်ပါ။

အားလုံးကို လေးစားလျက်-

ဟန်းဂုရွာ သူကြီး
ဝင်းပေါ်မောင်

No comments: