Monday, February 4, 2013

ဒေါ်စုက ကိုရီးယားပြည်သူများအား Myanmarမဟုတ် Burmaလို့ ခေါ်ရန်တောင်းဆို

ရေးသားသူ — စိုးမိုးသူ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုရီးယားသို့ ရောက်ရှိစဉ်အတွင်း ဂယောင် ဟရန်း သတင်းစာအင်တာဗျူးတွင် လက်ရှိ ကိုရီးယားတွင် ခေါ်ဆိုနေသော မိမိအမည်အား

 အောင်ဆန်းစုချီ မှ အောင်ဆန်းစုကြည်သို့၊ တိုင်းပြည်အမည်အား Myanmarမဟုတ် Burmaသို့ 
 ပြုပြင်ပြောင်းလဲခေါ်ဆိုပေးရန် တောင်းဆိုလိုက်ပါတယ်။

၁လပိုင်း ၃၁ရက်နေ့ နံနက် ဂွမ်ဂျူးမြို့ရှိ ကင်မ်ဒဲဂျွန်ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပသော 

 ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဂုဏ်ပြုချီးမြင့်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ စစ်အာဏာရှင်က ပြောင်းလဲမှည့်ခေါ်ခဲ့သော တိုင်းပြည်အမည်အား လက်ခံနိုင်စွမ်းမရှိသဖြင့် BURMAဟု ဆက်လက် ခေါ်ဆိုပေးရန် တောင်းဆိုခဲ့ပါတယ်။
မူရင်း http://news.khan.co.kr/kh_news/khan_art_view.html?artid=201301311358501&code=940100

1 comment:

akhtin said...

welcome!right! it is in only English,so i agreeit.