Tuesday, April 16, 2013

ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ မြန်မာ သံဃာတော်များ တက်ရောက်

၂၀၁၃ ခုနှစ် ဧပြီ ၁၅ ရက် ဆိုးလ် (ဆောအုလ်) ဂွာန်ဂျန်ဒုန် ဝေါ်ခါ ဟီးလ် ဟိုတယ် ကျင်းပသော ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် ပြည်သူများ ပျော်ရွှင် ချမ်းမြေ့စေရေးအတွက် ဆုတောင်းပွဲကို ဂျူန်ဂယဲဂျူန် သံဃာ့နာယအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊ သမတ ဘဂီ(န်)ဟဲ၊ ဆိုးလ်မြို့တော်ဝန်၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါ ဆုတောင်းပွဲသို့ ဂျူန်ဂယဲဂျူန်၏ ဖိတ်ကြားချက်အရ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းတော်က ဦးကိတ္တိတို့လည်း တက်ရောက်၍ ဆုတောင်း မေတ္တာများ ပို့သပေးကြပါသည်။
ဓာတ်ပုံများကို အင်တာနက်သတင်းများက တဆင့် ကူးယူဖော်ပြပါသည်။ 


No comments: