မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)က ဦးစီး ထုတ်ဝေသည့် ၉၆၉ အင်္ကျီများရောင်းရငွေမှ ရရှိသော အမြတ်ငွေများ နှင့် အပိုဆောင်းသီးခြား လှူဒါန်းငွေများကို မြန်မာနိုင်ငံ အတွင်းရှိ အောက်ဖော်ပြပါနေရာများတွင် အမျိုးဘာသာ၊ သာသနာလုပ်ငန်းများအတွက် လှူဒါန်းနိုင်ခဲ့ပါသည် ။
၁။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း စာကြည့်တိုက်အတွက် အလှူတော်ငွေ- ၁၊ ၀၀၀၊ ၀၀၀/ ဝမ် (ဆယ်သိန်း ဝမ်) ၊
၂။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ၊ ကုန်းသာကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းသုံးပရိဘောဂ ပစ္စည်းများဝယ်ယူရန် အလှူတော်ငွေ- ၁၊ ၀၀၀၊ ၀၀၀/ ဝမ် (ဆယ်သိန်း ဝမ်)
၃။ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊မေတ္တာဝါဒီ(ဟင်္သာတ)ပရဟိတ ဘုန်းတော်ကြီးသင် စာသင်ကျောင်း အတွက် ၃၀၀၊ ၀၀၀/ ဝမ် (သုံးသိန်း ဝမ်)
၎။ မီးလောင်ဒဏ်ခံရသော သမီးလေး ဖူးဖူး အတွက် အလှူငွေ- ၉၁၀၊ ၀၀၀/ ဝမ် ( ကိုးသိန်းတစ်သောင်း ဝမ်) တို့ကို ဦးသုမင်္ဂလ (ဝေါ်ဆရာတော်)နှင့် ဦးဥတ္တရတို့က အလှူရှင် ညီအစ်ကိုများ ကိုယ်စား ပေးအပ် လှူဒါန်းနိုင်ခဲ့ပါသည်။
အလှူဒါနဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော
၁။ ဂေါ်ဂျယ်သင်္ဘောကျင်း ညီအစ်ကိုများ
၂။ ဒယ်ဂူ ညီအစ်ကိုများ
၃။ ချိုဂျီဝမ် ကိုမွန်လေး နှင့် ညီအစ်ကိုများ
၎။ ရွှေပြည်သာ ညီအစ်ကိုများ
၅။ အနော်မာ ညီအစ်ကိုများ / ဂယောင်ဂီဒို မှ ညီအစ်ကိုများ နှင့် ကျောင်းအကျိုးတော်ဆောင် ညီအစ်ကိုများ အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ပြုပြုသမျှ ကုသိုလ်အပေါင်းတို့ကို သုံးဆယ်တစ်ဘုံ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်း သာဓုခေါ်ဆိုနိုင်ကြပါစေ။
ကျောင်းအကျိုးဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)
ဘူဖြောန်မြို့
၂၀၁၃ ခုနှစ် မေ ၂၆ ရက်၊
၁၃၇၅ ခုနှစ် ကဆုန်လဆုတ် ၂ ရက်။ တနင်္ဂနွေနေ့
Sunday, May 26, 2013
ကျေးဇူးတင်ရှိပါကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment