Monday, May 27, 2013

ရေစက်ချ အလှူတော် ဖိတ်ကြားလွှာ

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၌ လာမည့် ဇွန် ၂ ရက်၊ ( ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ် ကဆုန်လဆုတ် ၉ ရက် တနင်္ဂနွေနေ့တွင် ချောန်အန် (ချောန်နာန်) အိုညာန်း၊ အိုချာန်ရှိ Joil ကားပစ္စည်း စက်ရုံက ရွှေမြန်မာ ညီနောင်အပေါင်းတို့က ဗုဒ္ဓ မြတ်စွာဘုရား အမှူးထား၍ ပင့်သံဃာတော်တို့အား ဆွမ်း ဘောဇဉ်၊ ခဲဘွယ် လှူဘွယ် ၀တ္တု အစုစုတို့ကို ဆပ်ကပ် လှူဒါန်းပြီး ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ မြန်မာ့ အစားအစာများနှင့် တည်ခင်း ဧည့်ခံမည်ဖြစ်ပါသဖြင့် အောက်ပါအတိုင်း တဆင့် စကား၊ တဆင့် ကြား၍ ကြွရောက်ကြပါရန် အကျိုးမျှော်ပြီး နိုးဆော် ဖိတ်ကြားလိုက်ပါသည်။  

အရုဏ်ဆွမ်း အလှူတော်
ကိုအောင်မင်းထွန်း၏ ကွယ်လွန်သူ ဖခင်ကြီး ဦးလွန်းခင် နှင့် ကိုညီညီထွန်း၊ ကိုစီစီထွန်း တို့၏ ကွယ်လွန်သူ ဖခင်ကြီး ဦးခင်မောင်တို့အား ရည်စူး၍ Joil ကားပစ္စည်းစက်ရုံရှိ ရွှေမြန်မာ ညီအစ်ကို သူငယ်ချင်း တစ်စုက အရုဏ် မုန့်ဟင်းခါးဆွမ်း ဆပ်ကပ် လှူဒါန်းပြီး ဧည့်ပရိသတ်များအား နံနက် ၇နာရီမှ ၉ နာရီအထိ မုန့်ဟင်းခါးဖြင့် ဧည့်ခံပါမည်။ 


နေ့ဆွမ်း အလှူတော်

Joil ကားပစ္စည်းစက်ရုံရှိ ရွှေမြန်မာ ညီအစ်ကိုသူငယ်ချင်းများတို့၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် မိဘတို့အား ရည်စူး၊ အမှူးထား၍ နေ့ဆွမ်းကို ဆပ်ကပ်လှူဒါန်းပြီး ကျောင်းမြေ အလှူတော် ငွေကို လှူဒါန်းသွားမည် ဖြစ်ပါသည်။  ဧည့် ပရိသတ်အပေါင်းအား နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ မြန်မာ့ ထမင်း၊ ဟင်းလျာများနှင့် ဧည့်ခံပါမည်။


တရားတော် နာ၊ ရေစက်ချပွဲ
 နေ့လည် ၁ နာရီ ၃၀ မီနစ် အချိန်တွင် Joil ကား ပစ္စည်း စက်ရုံရှိ ရွှေ မြန်မာ ညီနောင်အပေါင်းတို့၏ ပြုသမျှသော ကုသိုလ် အစုစုကို တရားတော် နာယူပြီး ရေစက်သွန်းချ အမျှပေးဝေမည်ဖြစ်ပါသဖြင့် သာဓု၊ သာဓု၊ သာဓု ခေါ်ဆိုနိုင်ရန် တရားနာ ကြွရောက်ကြပါရန် ထပ်မံ နိုးဆော်လိုက်ရပါသည်။
အကျိုးတော်ဆောင်အဖွဲ့
မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)

No comments: