ရေးသားသူ — အမည် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ
(၆၆)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပခြင်းနှင့်
(၂၅)နှစ်ပြည့် ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနိုင်ရေးအတွက်
ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲ ဖိတ်ကြားခြင်း
တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံဖွား
သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမ အပေါင်းတို့ -
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက် သောကြာနေ့တွင် ကျရောက်မည့် (၆၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ ရုံးခန်းမဆောင်တွင် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္ဂနွေနေ့၊ မွန်းတည့် (၁၂)နာရီတွင် စတင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
တဆက်တည်းမှာပင် အဆိုပါအခမ်းအနား ကျင်းပပြုလုပ်ပြီး ခေတ္တခဏ အနားယူပြီးနောက် သြဂုတ်လ
(၈)ရက် ကြာသပတေးနေ့တွင်ကျရောက်မည့် (၂၅)နှစ်မြောက် ရှစ်လေးလုံး အောက်မေ့ဖွယ်အခမ်းအနား
ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ညနေ(၄)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် တောင်ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စု မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီ
အစ်ကို မောင်နှမ အပေါင်းတို့အနေဖြင့် မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါ
သည်။
သတင်းနှင့်ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ
No comments:
Post a Comment