ရေးသားသူ —စိုးမိုးသူ
မြန်မာပိုင် အစုရှယ်ရာ ပိတောက်ရိပ်
ကုမ္ပဏီကို ဘာလို့တည်ထောင်ဖြစ်တာလဲလို့ ကျနော်တို့ကို မေးကြတယ်လေ။
နှလုံးသားထဲက ထွက်လာတဲ့
ကျနော်တို့ အဖြေက
- အလုပ်သမားဘ၀နဲ့ ကိုရီးယားရောက်လာသူတွေ အလုပ်သမားဘ၀ သံသရာရှည် လည်ပတ်မှု ရပ်ဆိုင်းကာ လုပ်ငန်းရှင်ဘ၀နဲ့ ကိုရီးယားကနေ ပြန်ထွက် သွားစေချင်တဲ့ ဆန္ဒ။
- လူနည်းစုဖြစ်ပြီး အဘက်ဘက်က အင်အားနဲသူတွေကိုယ်တိုင် မိမိရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးရှိတဲ့ society တခုကို ဖန်တီးပြချင်တဲ့ ဆန္ဒ။
- မြန်မာနိုင်ငံသားတွေ နောင်တချိန် ပွင့်လာမယ့် အနာဂတ်ရဲ့ အသီးအပွင့်တွေကို စားစေချင်လို့ သစ်ပင် စတင်စိုက်ချင်တဲ့ ဆန္ဒ။
- တယောက်အားဖြင့် မစွမ်းသာပေမယ့် အများအားဖြင့် စွမ်းဆောင်နိုင်ခြင်းကို သက်သေပြချင်တဲ့ ဆန္ဒ။
- လုပ်ငန်းတူ အရည်အချင်းတူရင် ပြိုင်ဘက်မဟုတ် တူတာတွေ ခွန်အားဖြစ်ပြီး မတူတာတွေ စွမ်းအားတွေ အဖြစ်သို့ ပြောင်းလဲကာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး အတူတကွ ဘ၀တိုးတက်စေလိုတဲ့ ဆန္ဒ။
- မိမိအကျိုးအမြတ် တဘို့တည်းသာ ကြည့်တတ်တဲ့ အတ္တသမားများမဟုတ်ကြပဲ၊
သင့်တင့်မျှတသော ဈေးနှုန်းဖြင့် မေတ္တာဖြင့် ဈေးရောင်းကာ ကုသိုလ်ယူတတ်သော လုပ်ငန်းရှင်များ၊
အများအကျိုးကို ရှေ့ရှုဆောင်ရွက်တတ်သော လုပ်ငန်းရှင်များကို မွေးထုတ်ချင်သော ဆန္ဒ။
ခြုံပြောရရင်တော့
- ရောင်းသူ ၀ယ်သူ ၂ဘက် မျှတသော၊ကျေနပ်သော စီးပွားရေးစနစ်၊
- အကျိုးအမြတ်ကို မိမိ၊သူတပါး ၂ဘက် ခံစားနိုင်သော စီးပွားရေးစနစ်၊
- နောင်လာနောက်သားများအတွက် အတုယူဖွယ်ရာ စီးပွားရေးစနစ်
ခြုံပြောရရင်တော့
- ရောင်းသူ ၀ယ်သူ ၂ဘက် မျှတသော၊ကျေနပ်သော စီးပွားရေးစနစ်၊
- အကျိုးအမြတ်ကို မိမိ၊သူတပါး ၂ဘက် ခံစားနိုင်သော စီးပွားရေးစနစ်၊
- နောင်လာနောက်သားများအတွက် အတုယူဖွယ်ရာ စီးပွားရေးစနစ်
အဲဒီ စနစ်တွေကို တန်ဘိုးထားပြီး မိမိဘ၀ရဲ့ တိုးတက်မှုအတွက် ကိုယ်စွမ်းရှိသမျှ ကြိုးစားလိုသော်လည်း
ငွေကြေးပိုင်ဆိုင်မှု အင်အားအပါအ၀င် လုပ်ငန်းဆိုင်ရာဆောင်ရွက်ရန် အခက်အခဲရှိသူ မြန်မာနိုင်ငံသားများအတွက်
လုပ်ငန်းလုပ်ကိုင်နိုင်သည့် အခွင့်အရေးကို ဖန်တီးပေးရန် ရည်ရွယ်ပြီး တည်ထောင်ထားပါတယ်။
Enjoy with Fairness!!
Padauk Glory
Co.,Ltd. ㈜브더욱 글로리
2nd fl, No. 924 Kyeongin ro ,Bupyeong gu, Inchon City,
South Korea
Tel : + 82 +
32- 517- 5218 Hp: : + 82 + 10- 4187-
5218
Fax : + 82 +
32- 517- 5219
Email : padaukglory@gmail.com
https://www.facebook.com/pdglory
www.pdglory.com
www.pdglory.com
No comments:
Post a Comment