Wednesday, September 4, 2013

၂၀၁၃ ခုနှစ် ဂွာန်ဂျူ လူမှုရေးအသင်း ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ

၂၀၁၃ ခုနှစ် ဂွာန်ဂျူ လူမှုရေးအသင်း ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၈ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီ အချိန်အထိ ဂယောင်းဂီပြည်နယ် ဂွာန်ဂျူမြို့ရှိ ဂယောင်အန် ဂျူ(န်) ဟာကယို ( ဂယောင်အန် အလယ်တန်းကျောင်း) ဘောလုံးကွင်းတွင် ၂၀၁၃ ခုနှစ် ဂွာန်ဂျူ လူမှုရေးအသင်း ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပကြရာ ၁။ ဂွာန်ဂျူ ဘောလုံးအသင်း ၂။ ဂို(န်)ဂျိအာမ် ဘောလုံးအသင်း ၃။ ကလေးမိသားစု ဘောလုံးအသင်း ၄။ အနာဂတ် အလင်းရောင် ( Future Light ) တို့ ၀င်ရောက် ယှဉ်ပြိုင်ကြပါသည်။
ဂွာန်ဂျူ လူမှုရေးအသင်း ဥက္ကဌနှင့်  ဆု ဖလားကြီး
 ပထမ ဒိုင်းဆုကြီးကို ဂွာန်ဂျူ ဘောလုံးအသင်း ၊ ဒုတိယဆုကို ဂို(န်)ဂျိအာမ် ဘောလုံးအသင်းနှင့် တတိယ - အနာဂတ် အလင်းရောင် ( Future Light ) တို့ အသီးသီး ရရှိသွားပါသည်။ 
  
အနာဂတ် အလင်းရောင် ( Future Light )


 ဂို(န်)ဂျိအာမ် ဘောလုံးအသင်း


 ဂွာန်ဂျူ ဘောလုံးအသင်း

ပါဝင် ယှဉ်ပြိုင်လာကြသော ဘောလုံး အသင်းများနှင့် လာရောက် အားပေးကြသူများကို ဂွန်ဂျူ လူမှုရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ၂၀၁၃ ခုနှစ် ဂွာန်ဂျူ လူမှုရေးအသင်း ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါသည်။ 


 

No comments: