Monday, December 23, 2013

မြန်မာနိုင်ငံသား တစ်ဦး သင်္ဘောပေါ်မှ ပြုတ်ကျ သေဆုံး

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် စနေနေ့ ည ၈ နာရီ ၁၅ မီနစ် ကိုရီးယားနိုင်ငံ တောင်ဘက်ပိုင်း ဖိုဟန်မြို့ ဒုန်ချုန်မြို့နယ် ဖိုဟန် သင်္ဘောဆိပ်ကမ်း သစ်၌ တန် ၁၁၃၆တန်ရှိ SEAORION သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသော ပဲ့ချိပ်ကိုင် အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား တစ်ဦးက သင်္ဘောပေါ်က ပြုတ်ကျ သေဆုံးသွားကြောင်း ကပ္ပတိန် မစ္စတာ ယိ ( ၇၁ နှစ်က) ဖုန်းဆက် တိုင်ကြားလာကြောင်းနဲ့ ကမ်းခြေစောင့် ရဲများက သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေကြောင်း ကိုရီးယားနိုင်ငံထုတ် ဂယောန်ဘုဂ် သတင်းစာအရ သိရပါတယ်။ အဆိုပါ သင်္ဘောတွင် သင်္ဘောသား ၁၀ ဦး ပါဝင်ပြီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၅ နာရီက ဂျပန်နိုင်ငံမှ ထွက်ခွာလာပြီး ကိုရီးယားနိုင်ငံ ဂျဲဂျူကျွန်းတွင် ပစ္စည်းများ ချရန် ဆိုက်ကပ်ထားခြင်းဖြစ်ပါတယ်။ မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814 မူရင်း သတင်းကို အောက်တွင် ဖော်ပြထားပါတယ်။ http://www.kbmaeil.com/news/articleView.html?idxno=306814

No comments: