Monday, December 23, 2013

ထာဝရဒါန ကျောင်းအလှူတော်မင်္ဂလာ နှိုးဆော်လွှာ

ရေးသားသူ —  ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ

 တောင်ကိုးရီးယားနိုင်ငံရှိ ပထမဦးဆုံးနှင့် တစ်ခုတည်းသော မြန်မာပိုင် သာသနာပြုကျောင်း ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန် တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို.တွင် ပထမဦးဆုံးသော မြန်မာပိုင်ကျောင်း တစ်ကျောင်း ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပါပြီ။ ဓမ္မယာနမဇ္ဈိမယာန အဖွဲ.ဝင် ကိုးရီးယား မြန်မာ ဗုဒ္ဓဘာသာ ဝင်တို.ဧ။် သဒ္ဓါအစွမ်းနှင့် ကြိုးပမ်းမှု၏ ရလဒ်ဖြစ်ပါသည်။

 တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို. တောင်ပိုင်းခရိုင် နဂါးမြေရပ်ကွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်းရှိ တိုက်အမှတ်(၁၃၆-၁)၏ တတိယအလွှာ အခန်းအမှတ် (၃၀၁)ကို ၂၈ရက် ၁၁လ ၂၀၁၃ခု၌ ကိုရီးယားဝမ် သိန်း၂၅၀၀နီးပါး အကုန်အကျခံ၍ ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ အမည်ပေါက်အဖြစ် ဝယ်ယူလှူဒါန်းနိုင်ခဲ့ ပါသည်။ တောင်ကိုးရီးယားနိုင်ငံ ဖူဆန်းမြို. တောင်ပိုင်းခရိုင် နဂါးမြေရပ်ကွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးလမ်းရှိ တိုက်အမှတ်(၁၃၆-၁)၏ တတိယအလွှာ အခန်းအမှတ် (၃၀၁)ကို ၂၈ရက် ၁၁လ ၂၀၁၃ခု၌ ကိုရီးယားဝမ် သိန်း၂၅၀၀နီးပါး အကုန်အကျခံ၍ ဓမ္မယာန ပြည်တော်ဦးဆရာတော် အရှင်ပဏ္ဍိစ္စ၏ အမည်ပေါက်အဖြစ် ဝယ်ယူလှူဒါန်းနိုင်ခဲ့ ပါသည်။ ယခုကဲ့သို. မြန်မာ ရဟန်းတော်တပါး၏ အမည်ပေါက် ပိုင်ဆိုင်မှုဖြင့် ဓမ္မယာန ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်ကို တည်ထောင်နိုင်ခဲ့ခြင်းသည် တောင်ကိုးရီးယား နိုင်ငံတွင် ပထမဦးဆုံးသော မြန်မာပိုင်ကျောင်းအဖြစ် အမျိုးဘာသာသာသနာ အတွက် သာသနာ့အောင်လံကို ဂုဏ်ယူဝမ်းမြောက်စွာ လွှင့်တလူလူ စိုက်ထူနိုင် လိုက်ခြင်းပင် ဖြစ်ပါသည်။ 
မူလက ကျန်းမာရေးလေ့ကျင့်ခန်း သင်တန်းဌာနဖြစ်ခဲ့သော ထိုတိုက်ခန်း၏ အတွင်းပိုင်း အပြင်အဆင်ကို အလုံးစုံဖြိုဖျက်၍ ယခုအခါ သာသနာပြုကျောင်း တစ်ကျောင်း၏ အင်္ဂါရပ်နှင့်အညီဖြစ်အောင် အသစ်တဖန်ပြန်လည် ပြင်ဆင် တည်ဆောက်နေပြီဖြစ်ပါသည်။ ကိုးရီးယားနိုင်ငံတွင် အစစအရာရာ ဈေးနှုန်း ကြီးမားသည့်အပြင် လုပ်အားခ အလွန်မြင့်မားသောကြောင့် မူလအတွင်းပိုင်း အပြင် အဆင်ကို ဖျက်သိမ်းရာ၌ပင် ဝမ် သိန်း ၁၂၀ခန်. ကုန်ကျခဲ့ပါသည်။ 

အသစ် ပြန်လည် ဖွဲ.စည်း တည်ဆောက်ရာ၌ 
၁။ ဉာဏ်တော်၅ပေရှိ စကျင်ကျောက် ဘုရားဆင်းတုတော်ကို ကိုးကွယ် ထားရှိမည့် ပေ၃၀x၂၅ပေကျယ် အပူအအေးစနစ်ပါ ဘုရားခန်း ဝမ်သိန်း ၅၀၀
၂။ ပေ၃၀xပေ၂၀ကျယ် အပူအအေးစနစ်ပါ သင်တန်းခန်းမ/ ဆွမ်းစားခန်း+ ဆွမ်းချက်ခန်း ဝမ် သိန်း ၃၅၀ 
၃။ ပေ၃၀xပေ၂၀ကျယ် အပူအအေးစနစ်ပါ ဧည့်ခန်းမ ဝမ် သိန်း ၂၅၀ 
၎။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ ဆရာတော်အိပ်ခန်း ဝမ် ၄၅သိန်း 
၅။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ ဆရာတော့်ဧည့်ခန်း ဝမ် ၄၅သိန်း 
၆။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အာဂန္တုအိပ်ခန်း ဝမ် ၄၅သိန်း 
၇။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အမျိုးသမီးယောဂီ အိပ်ခန်း+ရေချိုးခန်း ဝမ် ၄၅သိန်း 
၈။ ၁၅ပေx၁၂ပေ အပူပေးစနစ်ပါ အမျိုသားယောဂီ အိပ်ခန်း+ရေချိုးခန်း ဝမ် ၄၅သိန်း 
၉။ ၁၅ပေx၁၂ပေကျယ် ရုံးခန်း ဝမ် ၂၅သိန်း 
၁၀။ ၁၂ပေx၂၅ပေကျယ် မ သန်.စင်ခန်း ၂ခန်းတွဲ ဝမ် ၃၅သိန်း 
၁၁။ ၁၂ပေx၂၅ပေကျယ် ကျား သန်.စင်ခန်း ၂ခန်းတွဲ ဝမ် ၃၅သိန်း 
၁၂။ အော်ဒီယို အတွက် ဝမ် သိန်း ၃၀ 
၁၃။ မျက်နှာကြက် ပရိုဂျက်တာ ဝမ်သိန်း၂၀ အသီးသီး ကုန်ကျမည် ဖြစ်ပြီး ၂၀၁၄နှစ်ဦးပိုင်းတွင် အစစအရာရာ ပြီးစီးပြည့်စုံစေရန် ရည်မှန်း ဆောင်ရွက်လျက် ရှိပါသည်။ 

၂၀၁၄ခု ၅လ ၁၁ရက်မှစ၍ မြန်မာနိုင်ငံမှ ကျေးဇူးရှင် ဆရာတော်ကြီးများကို ပင့်ဆောင် ပြီး တနင်္ဂနွေနေ.တွင် မြန်မာဒကာဒကာမများအတွက် ကျောင်းဖွင့်ပွဲနှင့် အထူးတရားပွဲ၊ ၁၃ရက် ကဆုန်လပြည့် ဗုဒ္ဓနေ.တွင် ကိုးရီးယားဒကာဒကာမများ အတွက် အလှူအောင်တရားပွဲ အပါအဝင် ၇ရက်တိုင်တိုင် တရားပွဲနှင့် ကျောင်းဖွင့်ပွဲ အလှူ စိတ်တူကိုယ်မျှ ပြုလုပ်ကြမည်ဖြစ်ပါသည်။ 
သို.ဖြစ်ပါ၍ ကိုရီးယားရောက် ကုသိုလ်ရှင်များ မြန်မာပြည်တွင်းနှင့် အခြားပြည်ပရှိ ကုသိုလ်ရှင်များအနေဖြင့် ထာဝရဒါနကျောင်းအလှူ သဒ္ဓါကြည်ဖြူ အတူတကွ ပါဝင် ကုသိုလ်ယူတော်မူကြပါရန် တိုက်တွန်း နိုးဆော်လိုက်ပါသည်။ အလှူရှင်များအနေဖြင့် မြို.အလိုက်ဖြစ်စေ အဖွဲ.အစည်းအလိုက်ဖြစ်စေ စက်ရုံအလိုက်ဖြစ်စေ တသီးပုဂ္ဂလ အနေဖြင့်ဖြစ်စေ အလှူခေါင်းစဉ် တမျိုးမျိုးကို တာဝန်ယူ ကုသိုလ်ပြုနိုင်ပါကြောင်း အသိပေးနိုးဆော်လိုက်ပါသည်။ 

ဓမ္မယာန ပြည်တော်ဦးဆရာတော်အား အမှူးထား၍` ဓမ္မယာနမဇ္ဈိမယာန အဖွဲ. (ကိုးရီးယား) မှတ်ပုံတင်အမှတ် ၆၁၇-၈၀-၁၇၃၆၈ 
ဓမ္မယာနမဇ္ဈိမယာန အဖွဲ. (မြန်မာ) မှတ်ပုံတင်အမှတ် 
ဓမ္မယာန ကျောင်းသားအဖွဲ.(ကိုးရီးယား) 
အဝေးရောက်မြန်မာလူငယ်များအဖွဲ.(ကိုးရီးယား) 

အလှူတော် လက်ခံရာ ဘဏ်နံပါတ် KB 39020104 015315 아신빠디짜 

ဆက်သွယ်ရန် ကိုစိန်ဝင်း(ယာန်ဆန်း) 010-5931-1011, ကိုခိုင်(ကင်မ်ဟဲ) 010-8671-1877, ကိုဇော်လွင်ဦး(ကင်မ်ဟဲ) 010-2843-1980, ကိုမျိုးဇော်ဦး(ကင်မ်ဟဲ) 010-2690-1707, ကိုဖြိုးဇော်လင်း(ကင်မ်ဟဲ) 010-8937-2768, ကိုလင်းလင်း(ကင်မ်ဟဲ) 010-3161-2210, ကိုပိုင်စိုးကို(ဖူဆန်း) 010-4375-0575

No comments: