Saturday, December 28, 2013

ဒီနေ့ ကိုရီးယားမှာ ပွဲကြမ်းနေပါပြီ။

ရေးသားသူ — စိုးမိုးသူ

ဒီနေ့ ကိုရီးယားမှာ ပွဲကြမ်းနေပါပြီ။

-လက်ရှိအစိုးရရဲ့ အာဏာရှင်ဆန်မှုအပေါ် မကျေနပ်မှုတွေ၊
-ပြည်သူပိုင်အား ပုဂ္ဂလိကပိုင် အတင်းအကြပ်ပြုတာတွေ
-ဒီိမိုကရေစီအင်အားစုတွေကို ဖိနှိပ်တာတွေ
-လက်ရှိ ရွေးခြယ်ခံ သမတအတွက် ထောက်လှမ်းရေးက လွန်ခဲ့တဲ့ သမတ ရွေးကောက်ပွဲမှာ တိတ်တိတ်ပုန်း အွန်လိုင်းလှုပ်ရှားမှုတွေ ၀င်လုပ်ပေးခဲ့တာတွေ
စသည်စသည်အပေါ်

ပြည်သူတွေရဲ့ မကျေနပ်မှုများကို ပေါက်ကွဲဖော်ထုတ်ဖို့ ယနေ့ကို အထွေထွေသပိတ်မှောက်နေ့အဖြစ် သတ်မှတ်ကာ ဆိုးလ်မြို့တော် ခမ်းမရှေ့မှာ လူစုနေကြပါပြီ။


ဒီနေ့ ဆန္ဒပြပွဲကို ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ်ကြီးက ဦးဆောင်ပြီး တနိုင်ငံလုံးရှိ အလုပ်သမားသမဂ္ဂများနဲ့ ပြည်သူအပေါင်း တခဲနက် ပါဝင်ပူးပေါင်းနေကြပါတယ်။

ပြသနာအစကတော့
ကိုရီးယားရထားသမဂ္ဂဟာ ပြည်သူပိုင်ရထားလိုင်းကို အစိုးရက ပုဂ္ဂလိကပိုင် အဖြစ် ပြုလုပ်မှာကို ယနေ့ထိ ၁လနီးပါးကြာ ဆန့်ကျင် သပိတ်မှောက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ရက်တွေက ရဲများဟာ ရထားသမဂ္ဂရဲ့ ဦးဆောင်သူကို လက်ရ ဖမ်းဆီးဖို့ ဒီမိုကရက်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ်ကြီး အဆောက်အဦးတွင်းထိ ကြမ်းတမ်းစွာ အတင်း ၀င်ရောက်ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် သတင်းကို ကြိုသိထားတဲ့ သမဂ္ဂခေါင်းဆောင်ကတော့ လက်ရှိမှာ ဂျိုဂဲဆာ ဗုဒ္ဓဘာသာကျောင်းတော်ဝန်းထဲ ၀င်ရောက် ခုံလှုံလျှက်ရှိနေပါတယ်။
အစိုးရဟာ ဘာသာရေးဆိုင်ရာ နေရာများကို လေးစားတဲ့အနေနဲ့ ဘုရားကျောင်းဝန်းထိ ၀င်ရောက် ဖမ်းဆီးခြင်း မပြုပါဘူး။အပြင်မှာပဲ ရဲအစောင့်တွေချထားပါတယ်။

ကျနော်တို့ မြန်မာပြည်က အာဏာရူးစစ်ဘီလူးတွေကတော့
၁၉၈၈အရေးတော်ပုံကာလက ရွှေတိဂုံဘုရားပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေရဲ့ သပိတ်စခန်းကို ဖြိုခွဲဖို့
မြန်မာပြည်သူတွေရဲ့ အသဲနှလုံးဖြစ်တဲ့ ရွှေတိဂုံဘုရားကြီးပေါ် စစ်ဖိနပ်နဲ့တက် သပိတ်စခန်းအတွင်းရှိ အပြစ်မဲ့ ကျောင်းသားပြည်သူတွေရဲ့ ရင်ဝကို ဘက်နက်နဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့ပါတယ်။

ကဲ သမိုင်းတလျှောက်မှာ ငြိမ်းချမ်းရေးကို သွေးဖြင့် ပေးဆပ်ခဲ့တဲ့ ကျောင်းသားပြည်သူအာဇာနည်တွေ အသေဖြောင့်အောင် လာမယ့် ၂၀၁၅မှာ ကျနော်တို့တွေ တာဝန်ကျေကြဖို့ လိုပါတယ်။
 

No comments: