Sunday, January 5, 2014

ကိုရီးယား နှစ်သစ်မှာ မြန်မာအသင်း (ကိုရီးယား)ရဲ့ ဂျဲဂျူခရီးစဉ်

ရေးသားသူ — မြန်မာအသင်း (ကိုရီးယား) 
မြန်မာအသင်း (ကိုရီးယား)က လာမယ့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉၊ ၃၀၊ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁၊ ၂ ရက်တို့အထိ ၄ည အိပ် ၅ ရက် ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ငြိမ်းချမ်းရေးကျွန်း အမည်ကျော် ဂျဲဂျူကျွန်းသို့ ဒေသန္တရခရီးအဖြစ် သွားရောက် လည်ပတ် အပန်းဖြေမှာဖြစ်တဲ့အတွက် လိုက်ပါကြမည့် မြန်မာနိုင်ငံ တိုင်းရင်းသားများက အောက်ပါ ပုဂ္ဂိုလ်များထံသို့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းကြခင်ဗျာ။ 
ခရီးစဉ် အစအဆုံး တစ်ဦးလျှင် ၃ သိန်း ၀မ် 
ခရီးစဉ်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက် ညနေ ၄ နာရီအချိန်အထိ မြန်မာအသင်း (ကိုရီးယား) ရုံးခန်း အဆောက်အအုံသို့ လာရောက်ရန်၊ 


 လိုက်ပါ့မယ်သူများရဲ့ နိုင်ငံခြားသားကဒ်ပါ အမည်၊ ကဒ်အမှတ်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို တခါတည်း စာရင်းပေးသွင်းကြပါရန်။ ခရီးစဉ် အသေးစိတ်ကို သွားခါနီးတွင် ဆက်လက် တင်ပြပေးသွားပါမယ်။ 
ဦးခင်မောင်ရင် ( ၀၁၀ - ၂၇၈၈ - ၇၁၅၃ ) 047 21 0927290 (KB ) 
ဦးဝင်းနိုင်ဦး (၀၁၀ - ၈၆၄၈ - ၄၅၃၃ ) 302 0430 1771 71 (NH) 
ဦးလှမျိုး (၀၁၀ ၂၈၁၈ ၁၉၈၄ ) 331910 103 51907 (HANA Bank)

No comments: