Saturday, January 4, 2014

အသားရောင်ဆိုတာ ဘယ်အရောင်လဲ

ရေးသားသူ —စိုးမိုးသူ

ကျနော်တို့ ငယ်ငယ်ကတည်းက ခေါ်ဝေါ်သုံးစွဲလာကြတဲ့ အရောင်တွေထဲမှာ
အသားရောင် ဆိုတာရှိပါတယ်။ လူ့အသားအရည်ရဲ့ အရောင်နဲ့တူလို့ အသားအရောင်လို့ ခေါ်ကြတာ။

ဒါပေမယ့်
လူရဲ့အသားရောင်ဆိုတာ တမျိုးတည်းရှိတာမှ မဟုတ်တာ။
မြန်မာလူမျိုး အသားရောင်၊
အိန္ဒိယလူမျိုး အသားရောင်၊
တရုတ် ကိုရီးယားတွေရဲ့ အသားရောင်၊
ကပ္ပလီတွေ ဥရောပတိုက်သားတွေကလည်း
လူဖြစ်ကြသလို အမျိုးမျိုးသော အသားအရောင်တွေကို ပိုင်ဆိုင်ထားကြတယ်လေ။

ဒါဆို
ဘယ်လူမျိုးရဲ့ အသားရောင်ကိုမှ အသားအရောင်လို့ခေါ်လို့ရပါသလဲ
အသားအရောင်လို့ သတ်မှတ်ခြင်းမခံရတဲ့ အရောင်ကို ပိုင်ဆိုင်သူ
အခြားလူမျိုးတွေကကော ဒီလို အခေါ်အဝေါ်ပေါ် ဘယ်လိုခံစားကြမလဲ။

ဒီတော့
အသားရောင်ဆိုတာ မခေါ်ဝေါ် မသုံးစွဲသင့်တဲ့ အသုံးအနှုန်းပါ။
လူလူချင်း ခွဲခြားတဲ့သဘောပါတာမို့ အခြားအမည် တမျိုးကို ခေါ်ဝေါ်ဖို့ သင့်ပါကြောင်း။

No comments: