Wednesday, January 29, 2014

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူး အလှူတော်များ ဖိတ်ကြားလွှာ

ပါရမီရှင်အပေါင်းတို့ခင်ဗျား
ကိုရီးယားသက္ကရာဇ် ၄၃၄၇-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၄ခုနှစ် ဇန်နဝါရီ ၃၀ မှ ဖေဖေါ်ဝါရီလ ၂) အတွင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများနှင့် ဓမ္မဓူတလူငယ်များက ဘုရားအမှူးရှိသော ပင့်သံဃာတော်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို ဆက်ကပ်ပြီး ကြွရောက် လာကြသော ဧည့်ပရိသတ်အပေါင်းတို့အားလည်း အာဟာရဒါနဖြင့် ဧည့်ခံလှူဒါန်းကျွေးမွေးကြမည်ဖြစ်ရာ ၊ အောက်ပါအစီအစဉ်များအတိုင်း ၊ ကြွရောက်သုံးဆောင် ကုသိုလ်တော်ယူကြပါမည့်အကြောင်း လေးစားစွာ ဘိတ်မန္တကပြုအပ်ပါသည်-

အလှူတော် အစီအစဉ်များ
၁။ ဇန်န၀ါရီ ၃၁ ရက်၊ သောင်္ကြာနေ့
ဂုံဂျီအမ် လူငယ်များ

၂။ ဖေဖော်ဝါရီ ၁ ရက် စနေနေ့
ပဲခူးဘုရားကြီးလူငယ်များ

၃။ ဖေဖော်ဝါရီ ၂ ရက် တနင်္ဂနွေနေ့
ဓမ္မဒူတလူငယ်များ


ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ ( ကိုရီးယား)
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်

No comments: