Thursday, February 27, 2014

အသုဘရှု (မရဏာ နုဿတိ ပွါးရှုရန်) ဖိတ်ကြားစာ

ယမန်နေ့(ဖေ-၂၆)နံနက်ပိုင်းက အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ ၊ စက်ရုံဝင်းတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက်ကွယ်လွန်သွားသော-

ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်



ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သက်ဆိုင်ရာက (ရင်ခွဲ) ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန်ရှိပါသဖြင့် ၊ ကွယ်လွန်သူ၏ ရုပ်ကလာပ် ယာယီထားရှိရာ ကောမ်ဒါန် ထပ်ဗြောင်ဝေါန်(검단탑병원) အအေးခန်းမှ ကိုရီးယားနိုင်ငံအမျိုးသား ဓါတ်ခွဲခန်းရှိရာ ဆောအူးလ်မြို့တော်(서울특별시)သို့ အောက်ပါအစီအစဉ်အတိုင်း ရွှေ့ပြောင်းပို့ဆောင်မည်ဖြစ်ပါသည်-

ရက်စွဲ-
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ (သောကြာနေ့)

အချိန်-
နံနက် ၆ နာရီ ၃၀ မိနစ် ၉ နာရီခွဲထိ

*နံနက် ၆ နာရီခွဲ တိတိအချိန် တွင် ထပ်ဗြောင်ဝေါန်မှ ကားများစတင်ထွက်ခွါပါမည် ။
*ပို့ဆောင်စဉ် ယာဉ်တန်းနှင့်အတူ လိုက်ပါရင်း မရဏာနုဿတိ ပွါးများကုသိုလ်တော်ယူနိုင်ကြပါကြောင်း ရပ်ဝေးရပ်နီး မိတ်သင်္ဂဟာအပေါင်းတို့အား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည် ။
*လိုက်ပါလိုသူများ နံနက် ၆ နာရီခွဲမတိုင်မှီ ကောမ်ဒန် ထပ်ဗြောင်ဝေါန်သို့ အရောက်ကြွရောက်ကြပါရန် ။

ဆက်သွယ်ရန်-
ဆေးရုံဖုန်း-၀၃၂-၅၆၉-၄၅၂၇
စကားပြန်နှင့် ဆက်ဆံရေးမှူး(ယာယီ) - ၀၁၀-၂၇၇၅-၅၈၅၉

No comments: