Friday, February 28, 2014

မြန်မာအသင်း(ကိုရီးယား)မှ အထူးအစီအစဉ်

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

ကိုရီးယားရောက် မြန်မာနိုင်ငံသား ညီအကို၊မောင်နှမများခင်ဗျာ… 
လာမယ့်၂ဝ၁၄ခုနှစ် မတ်လ ၂ ရက် (တနင်္ဂနွေ)နေ့၊ နံနက်၁ဝ နာရီမှ နေ့လည် ၂နာရီအထိ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အထူးကုဆရာဝန်ကြီးများမှ အောက်ပါ ရောဂါများကို အခမဲ့ဆေးစစ်၊ဆေးကုပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါလိုက်ပါသည်။  
- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း 
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း 
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
 - သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးကုသပေးခြင်းတို့ဖြစ်သည်။

 ထို့အပြင် လုပ်ငန်းခွင်အတွင်းအလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာအခွင့်အရေး၊အာမခံ ၊ ထိခိုက်နစ်နာမှုနဲ့ပတ်သက်သောလျော်ကြေး၊ခံစားခွင့် … စသဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းနိုင်ဖို့အတွက်လည်း နံနက်၁ဝနာရီမှ နေ့လည်၁နာရီအထိ စီစဉ်ပေးထားပါသည်။ 

ပြီးနောက် ကိုရီးယားအလုပ်သမားဝန်ကြီးနှင့်နေ့လည်စာအတူတူစားကာ မိမိတို့ သိလိုသော လုပ်ခလစာ၊အလုပ်ပြောင်းလဲခြင်း…စသည်များကို မေးမြန်းနိုင်ကြောင်းသိရပါသည်။ 
ဆက်လက်၍ အသေးစိပ်သိလိုပါက… 
 အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဦးခင်မောင်ရင်   ... ဝ၁ဝ - ၂၇၈၈ - ၇၁၅၃
ဦးသန့်ဇင်အောင်…ဝ၁ဝ-၉ဝ၅၄-၄၇၂၇ 
ဦးဘိန်း            … ဝ၁ဝ-၂၂၁၇-၇၃၉၁

No comments: