Friday, March 14, 2014

လေဒီ ၇ ဖော် ဂီတပွဲတော် လက်ကျန်ခုံလက်မှတ်များကို လေဒီများကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးရောင်းချပေးမည်

(ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ ၊ ကြော်ငြာ)

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းဖြေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) တွင် ပါဝင်သီဆိုကြမည့် မြန်မာဆူပါ အဆိုကျော်များ နှင့် လေဇီကလာပ် ဝိုင်းတော်သားများ ယနေ့ နံနက်ပိုင်းက တောင်ကိုရီးယားသို့ရောက်ရှိလာပြီး ၊ မနက်ဖြန် မတ်လ ၁၅ ရက် စနေနေ့တွင် ၊ ဂီတပွဲတော် လက်ကျန် ထိုင်ခုံလက်မှတ်များကို အောက်ပါ လေဒီများကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပြီး ၊ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည် -
- စန္ဒီမြင့်လွင်
- အင်ကိုင်ရာ
- ဝိုင်းစုခိုင်သိန်း
- အိမ့်ချစ်
- နီနီခင်ဇော်
- မိစန္ဒီ နှင့်
- အိချောပို

နေရာမှာ-ဆုံဆည်းရာစတိုး
ဖုန်း-၀၁၀-၂၇၀၇-၃၂၃၆

ပွဲကြိုက်မောင်များ လိုရာဆန္ဒပြည့်ဝကြပါစေ။

M-netizen

No comments: