Thursday, May 15, 2014

(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီးစဉ် ကြိုပို့ကားများ ဘူဖြောင်းဘူတာမှ စတင်ထွက်ခွါပါမည်

ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဓမ္မဆရာများ အသင်း (International Dharma Instructors' Association, Korea) က ဦးစီး စီစဉ်သော ၊ ၂၀၁၄နှစ် မေလ ၁၈ရက် (တနင်္ဂနွေနေ့) ၊ “(၁၁) ကြိမ်မြောက် နိုင်ငံခြားသားများ ကိုရီးယားယဉ်ကျေးမှု လေ့လာရေးခရီး " အစီအစဉ် လိုက်ပါကြမည့် မြန်မာ ညီအစ်ကိုမောင်နှမများ အဆင်ပြေကြစေရေးအတွက် ၊ ကြိုပို့ယာဉ်ကို အောက်ပါအတိုင်း စီစဉ်ထားပါကြောင်း ကြေညာမောင်း ထုလိုက်ပါသည် -

ရက်စွဲ-
- မေ-၁၈ (တနင်္ဂနွေ) ၊

နေရာ (စုရပ်) -
ဘူဖြောင်းဘူတာ ရှေ့ ရဲစခန်းဘေး

အချိန်-
- နံနက် ၈ နာရီတိတိ တွင် ကားများရောက်ရှိ ၊ ၁၀ မိနစ်တာမျှ စောင့်ဆိုင်းပြီး ၊ ၈နာရီ ၁၀မိနစ်တိတိတွင် စတင်ထွက်ခွါပါမည် ။

- ကြိုပို့ယာဉ် မမှီသူများ မိမိအစီအစဉ်ဖြင့် ၊ အမှတ်၂ (အစိမ်းရောင်) မြေအောက်ရထားလိုင်း ၊ ဆမ်ဆောင်းဘူတာ ထွက်ပေါက်အမှတ် ၂ သို့ နံနက် ၉ နာရီအရောက်ကြွရောက် စုရုံးကြပါရန် ။


လေးစားမှုဖြင့်-
ဦးတယ်လီတော်ကီ
၂၀၁၄၀၅၁၅

No comments: