Saturday, June 28, 2014

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား အပေါင်းအား လေးစားစွာဖြင့် ဖိတ်ကြားခြင်း

ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ







ဦးဝင်းတင်ဖောင်ဒေးရှင်း ကိုယ်စား ဆုလက်ခံ လာယူသည့် ဦးကျော်အောင် (ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး) ၊ ဦးစိုးညွန့် (ဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်) တို့နှင့် တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသူ / သား မိသားစုများ တွေ့ဆုံဆွေးနွေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေ့ရက် ။ ။ ၂၀၁၄ ခုနှစ် ၊ ဇွန်လ၂၉ ရက် ၊ တနင်္ဂနွေနေ့။
အချိန် ။ ။ မွန်းလွဲ ၁ နာရီ မှ ၃ နာရီထိ
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ရုံးခန်း။
လိပ်စာ ။ ။ 부천시 원미구 심곡동 (161 – 3 – 502 호) 부천역 PH: 032-656 – 6932

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ထူးထူး (တောင်ငူ) – မတားပါနဲ့ ဆရာမရယ် June 25, 2014




အခု ဒီမိုကရေစီကိုသွားနေပါတယ်ဆိုတဲ့ စာရေးသူတို့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ နိုင်ငံရေးကင်းရှင်းရမည်၊ နိုင်ငံရေးမလုပ်ရဘူး…. မဟုတ်ရင် အဆောင်ကနေနှင်ထုတ်ခံရမည်၊ ကျောင်းထုတ်ခံရမည်၊ ကျောင်းသားတွေအဖွဲ့အစည်းတွေနဲ့ ကင်းရှင်းရမည် ဆိုပြီး ဆရာ၊ဆရာမ တွေကိုယ်တိုင် ပြောနေဆိုနေတာကို မြင်နေ၊ တွေ့နေ၊ကြားနေ ရတော့ စာရေးသူရင်ထဲ ဘယ်လိုမှ ခံစားလို့မရဘူးဖြစ်နေတာကြာပြီ…

စာရေးသူဟာ မြန်မာပြည်မှာတုန်းကလည်း စီးပွားရေး ကျောင်းသားတစ်ယောက်ပါ၊ အခု နယူးဇီလန် ရောက်တော့လည်း စီးပွားရေးမှာ စာရင်းကိုင်ပညာ နဲ့ စီမံခန့်ခွဲမှုပညာ ကို (အထူးပြု)ဆက်လက် သင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ယောက်ပါ။

အခုတော့ ဒုတိယနှစ် အတန်းတင်စာမေးပွဲကလည်း ဖြေပြီးသွားတော့ ရင်ထဲ ကျလီ့ ကျလီ့ ဖြစ်နေတာကို မနေနိုင်တော့လို့ ရေးပါရစေတော့… စာရေးသူဟာ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဆရာသမားများကို အမြဲ ကြည်ညိုလေးစားတဲ့ ကျောင်းသားတစ်ဦးပါ… ဆရာသမားများအပေါ်၌ ပြစ်မှား၊ စော်ကားလိုသော စိတ်ဆန္ဒ စိုးစဉ်းမျှမရှိတာ အမှန်ပါ…


ပညာရေး နှင့် နိုင်ငံရေး


မြန်မာပြည်မှာ ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရမည်လို့ ပြောနေတဲ့ ဆရာ၊ ဆရာမ များကို စာရေးသူ ရိုသေလေးစားစွာ မေးချင်တဲ့ မေးခွန်းကတော့ ပညာရေး နှင့် နိုင်ငံရေး ကင်းလို့ရလို့လား….

စာရေးသူ ပညာသင်ကြားနေတဲ့ Waikato Institute of Technology (Wintec) ကျောင်းတော်ကြီး၏ Centre of Business က ဆရာ၊ ဆရာမ တွေကတော့ ဘာပဲသင်သင် နောက်ဆုံး နိဂုံးချုပ်တာကတော့ များသောအားဖြင့် နိုင်ငံရေးနဲ့ အဆုံးသတ်တာများပါတယ်။

ပထမနှစ်မှာ မသင်မနေရသင်ကြားရတဲ့ မော်ဂျူး (ဘောဂဗေဒဘာသာရပ်) မှာ တစ်နှစ်ပတ်လုံး ဘာပဲ သင်သင် ဆရာမ နောက်ဆုံး အဆုံးသတ်သွားတာကတော့ နိုင်ငံရေးနဲ့ပါပဲ။ နိုင်ငံ၏ စီးပွားရေး၊ ကမ္ဘာ့ စီးပွားရေး (Macroeconomic) ကို သင်နေတဲ့ အချိန် ပိုတောင် ပါသေးတယ်… တစ်ချိန်လုံး အခု အာဏာရပါတီ (အစိုးရ) က ဘယ်လို မူဝါဒတွေနဲ့၊ ဘယ်လို စီးပွားရေးကိုလုပ်နေတာ… နိုင်ငံ၏ GDP( Gross Domestic Production) ကုန်ထုတ်စွမ်းအား၊ (Gross National Expenditure) တစ်နှစ်တာအသုံးစရိတ်တွေ၊ (Gross National Income) တစ်နှစ်တာ ၀င်ငွေ၊ နောက် အစိုးရ ဘတ်ဂျက် (Budget)၊ အစိုးရမှာ ဘတ်ဂျက် လိုငွေပြနေလား ဒါမှမဟုတ် ပိုငွေပြနေလား… ငွေကြေး နဲ့ ပတ်သက်ပြီး Monetary Policy ကို ကျင့်သုံးနေတာလား၊ (သို့) Fiscal Policy ကို အသုံးပြုနေတာလား…. ဒါတွေကို သင်နေတဲ့ အချိန်မှာ နိုင်ငံရေး မပါလို့ရမလား….

စာရေးသူတို့ရဲ့ နယူးဇီလန်သူ (Kiwi) ဘောဂဗေဒ ဆရာမကတော့ တစ်ချိန်လုံး အစိုးရ Websites တွေကို ၀င်ဖတ်ဖို့၊ လေ့လာဖို့၊ အစိုးရ ဘာလုပ်နေတယ်၊ ဘယ်လိုမူဝါဒတွေ ကျင့်သုံးနေတယ်ဆိုတာ သူကိုယ်တိုင်လည်း ပြောပြတယ်၊ ကျောင်းသားတွေကိုလည်း လေ့လာခိုင်းတယ်… အင်တာနေရှင်နယ်လ် ကျောင်းသားတွေကို တောင် နယူးဇီလန်ရဲ့ နိုင်ငံရေးကို လေ့လာဖို့ အမြဲတိုက်တွန်းတယ်… “မင်းတို့တွေ ဘွဲ့ရဖို့ အနည်းဆုံး (၃) နှစ် နယူးဇီလန်မှာ နေရမယ်… အဲ့ (၃)နှစ် အတွင်း နယူးဇီလန် ဘာဖြစ်နေတယ်… ဘယ်ကို သွားနေတယ် ဆိုတာ မင်းတို့နဲ့လည်းဆိုင်တယ်… ဒီနိုင်ငံသား ကျောင်းသားတွေဆို ပိုလိုတောင်ဆိုင်သေးတယ်… မင်းတို့ရဲ့ မဲတစ်ပြားကို ဘယ်သူ့ကို ပေးမလဲ… ဘာကြောင့်လဲ… မင်းတို့ မဲပေးမယ့် ပါတီ၊ ခေါင်းဆောင် ဘာလုပ်နေလဲ… ဘာတွေ ဖြစ်လာနိုင်သလဲ… ဒါတွေကို မင်းတို့စိတ်မ၀င်ဘူးဆိုရင်တောင်… ဒါတွေက မင်းတို့ကို တိုက်ရိုက် ပက်သက်လာလိမ့်မယ်… လုံးဝရှောင်လို့မရဘူး… စိတ်ချ…. ဒီနိုင်ငံမှာရှိတဲ့၊ ဒီနိုင်ငံကထွက်တဲ့ သဘာဝသယံဇာတတွေရဲ့ ပိုင်ရှင် အစစ်ကမင်းတို့တွေ…

မင်းတို့ မိဘတွေ၊ အဖိုးအဖွားတွေ ရဲ့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံနဲ့ ဒီအစိုးရ လည်ပတ်နေတာ… မင်းတို့ ပိုက်ဆံကို ကိုင်နေတဲ့သူတွေ၊ မင်းတို့ပိုင်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲ နေတဲ့ သူတွေ အကြောင်းကို သိအောင်လုပ်ရမှာ… အဲ့လူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ရင် ကန့်ကွက်ရမှာ… ထောက်ပြရမှာ… လိုအပ်ရင် မဲလုံးဝ မပေးရမှာ… အဲ့ဒါ မင်းတို့တာဝန်” ။

ဆရာမရဲ့ ကျောင်းခန်းတွင်း ပို့ချနေတဲ့ သင်ခန်းစာ တွေသည်ပင်လျှင် နိုင်ငံရေးနဲ့ မကင်းပါဘူး။ ကိုယ့်တပည့်ကို တကယ်တော်စေချင်လို့၊ တတ်စေချင်လို့ စေတနာအပြည့်နဲ့ ပြောနေတယ်၊ သင်နေတယ်ဆိုတာ ကျောင်းသားတိုင်းနားလည်တယ်…

နားလည်လို့လဲ လက်ခံသင့်၊မခံသင့် ကျောင်းသားကစဉ်းစားတဲ့ အခါမှာ ဒါဟာလုံးဝ အမှန်တရားကြီး။ ဒါကြောင့်မို့လို့ ကျောင်းသားတွေက ဆရာမပြောတာကို လက်ခံတယ်… ဆရာမ ပြောတဲ့ အတိုင်း နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ လေ့လာကြတယ်… ဆရာမ ကို ပိုပြီးလေးစားမိလာတယ်…

ကီဝီဆရာများ နဲ့ မြန်မာဆရာများ


စာရေးသူတို့ ကျောင်းက ဘောဂဗေဒဘာသာရပ်သင်တဲ့ (Kiwi) ဆရာမကတော့ တပည့်တွေ နိုင်ငံရေး စိတ်မ၀င်စားမှာ စိုးရိမ်လို့ လေ့လာဖို့ တိုက်တွန်းသလို… ပြီးခဲ့တဲ့ ပထမနှစ် အတန်းတင် စာမေးပွဲ ဖြေခါနီး ကျောင်းသားတွေဆီ e-mail ပို့တယ်… နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး အခု တောင်ကိုရီးယားရောက်နေတယ်… တောင်ကိုရီးယားနဲ့ နယူးဇီလန် Free Trade စာချုပ်ချုပ်ဖို့ ဆွေးနွေးနေတယ်…. ဘယ် Websites တွေကို ၀င်ကြည့်ပါ…. နယူးဇီလန်အတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်သလဲ… လေ့လာပါ။ ဘယ်နေ့ည၊ ဘယ်အချိန်မှာ နယူးဇီလန်လွှတ်တော်မှာ ဒါကိုဆွေးနွေးမယ်… အဲ့ဒါ ဘယ်အချိန်မှာ တိုက်ရိုက် လွှင့်မယ်… ဘယ်နေ့မှာ ဟိုက်လိုက် ပြန်လွှင့်မယ်… သေသေချာချာ ကြည့်ပါ…. အဲ့ဒါ ငါမင်းတို့ကို စာမေးပွဲမှာအမှတ် (၂၀) ဖိုးမေးမယ်ဆိုပြီး e-mail ပို့လာပါတယ်…

စာရေးသူပြောချင်တာက ကျောင်းကသင်တဲ့စာကို လက်တွေ့လုပ်ငန်းခွင်၊ လူမှုဘ၀ထဲမှာ ပြန်အသုံးချနိုင်ဖို့ ဆိုရင် ဒီသင်ရိုးညွှန်းတမ်း၊ သင်ခန်းစာတွေ၊ ပြဋ္ဌာန်းစာအုပ်တွေဟာ လက်တွေ့လောကနဲ့ သဟဇာတ ဖြစ်ဖို့ လိုမယ်လို့ထင်သလို၊ သင်တဲ့ ဆရာ၊ဆရာမ တွေကလည်း ကျောင်းသားကို လက်တွေ့ဘ၀ထဲမှာဖြစ်ပျက်နေတဲ့ အရာတွေနဲ့အမြဲထိတွေ့နေအောင်၊ စာတွေ့ နဲ့ လက်တွေ့ ချိန်ထိုးကြည့်တတ်အောင်တိုက်တွန်းဖို့ လိုမယ်လို့ထင်ပါတယ်။ တခြားဘာသာရပ်သင်တဲ့ ဆရာတွေလည်း သင်ခန်းစာသင်နေရင်းနဲ့ကိုပဲ နိုင်ငံရေး ကပါ ပါလာတာပါပဲ… ရှောင်လို့မရပါဘူး။ မြန်မာပြည်က ဆရာ၊ ဆရာမ အများစု ကတော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုတာကို ခေါင်းထဲ စွဲနေပုံရတယ်…

ဒီလောက် ကျောင်းသားတွေ နိုင်ငံရေးကိုစိတ်ဝင်စားတာ၊ တိုင်းပြည်အရေးကို စိတ်ပါလက်ပါ လေ့လာဆောင်ရွက်တာ… ဒါတွေဟာ အနာဂတ်နိုင်ငံတော်အတွက် ကောင်းတဲ့ လက္ခဏာတွေ…. ဒါတွေကို မလုပ်အောင်၊ ရပ်တန့်အောင် လုပ်နေတာတွေဟာ(ခြိမ်းခြောက်နေတာတွေဟာ) တိုင်းပြည်အပေါ်စေတနာရှိတဲ့ လုပ်ရပ်တွေလား…

ဒါမှမဟုတ် ကြောက်လို့လုပ်နေတာတွေလား…. ကြောက်လို့လုပ်တာဆိုရင်… လွှတ်တော်ဥက္ကဋ္ဌ ကလည်း ပြောထားတယ်… အမှန်တရားအတွက် မကြောက်ပါနဲ့… ခေတ်တွေပြောင်းသွားပါပြီတဲ့…

ဒီမျိုးဆက်သစ် ကျောင်းသားတွေ ဟာ တစ်ချိန်မှာ တိုင်းပြည်တာဝန်တွေကို ပခုံးထမ်းသယ်ပိုး ဆောင်ရွက်မယ့် အနာဂတ်ခေါင်းဆောင်တွေလေ … သူတို့တစ်တွေ နိုင်ငံရေး ကို စိတ်ဝင်စားလေလေ…

သူတို့တစ်တွေရဲ့ အတွေးအခေါ်တွေ၊ စဉ်းစား ထိုးထွင်း သိမြင်တဲ့ ဥာဏ်တွေ ထက်လာလေလေ… စာရေးသူတို့ အမိ မြန်မာပြည်ကြီး နောင်ရေး စိတ်အေးရလေလေပေါ့ဗျာ… မဟုတ်ဘူးလား…

ဒါမှမဟုတ် စစ်တက္ကသိုလ်နောက်ဆုံးနှစ် တတ်နေတဲ့ သားတော်မောင်အတွက်လား…. အိမ်ဦးနတ်က တပ်ရင်မှုးမို့လို့လား…. ရာထူးတတ်ချင်လို့လား….. အဲ့ဒါဆိုလည်း စစ်တက္ကသိုလ် ကိုသာ ပြောင်းသွားပြီး အဲ့မှာ စိတ်ပါ လက်ပါ သင်ကြားပါလို့…

ဆရာမရယ် မကူညီချင်နေပါ… မနှောင့်ယှက်ပါနဲ့လို့ တောင်းပန်ပါရစေ….။


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 24, 2014

ကိုရီးယားစကားပြောသင်တန်း

ရေးသားသူ — မကေသွယ်အောင်




အားလုံးမင်္ဂလာပါ^^
ကိုရီးယားစကားပြော သင်ယူလိုသော လူကြီးမင်း များအတွက် သတင်းကောင်းလေးပါ


ကျမတို့ Incheon Support Center For Foreign Workers မှ နှစ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော ကိုရီးယားစကားပြော အခမဲ့သင်တန်း (2014 ဒုတိယနှစ်ဝက်သင်တန်း) ကို 2014-6-29 ရက်နေ့တွင် စတင်ပါမည်။ သင်တန်းတက်ရောက် လိုသူများအနေနဲ့ 2014-6-29ရက်နေ့တွင် Level Test လာရောက်ဖြေဆိုရပါမည်။
(မှတ်ချက်။ ။Level Test ဖြေဆိုသူမှသာတက်ရောက်ခွင့်ရှိပါသည်)
ပို့ချမည့်သင်တန်းများမှာ....

(၁) အခြေခံကိုရီးယားစကားပြောမှစ၍ Topik စာမေးပွဲဖြေဆိုလိုသူများအထိ
(၂) အခြေခံကွန်ပြူတာသင်တန်း

လူကြီးမင်းအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ^^


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 22, 2014

သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ

ရေးသားသူ — မြန်မာစင်တာ

" သစ်ကောင်းတစ်ပင် အသက်ဝင်ပြီ "
................................................

ဘဝများမြောင်၊ ဤလူ့ဘောင်ဝယ်
သောကခက်ခဲ၊ ဒီငရဲက
လူတိုင်းအတိ၊ ရှိကြပါ၏။

သောကဒုက္ခ၊ ရှိပေကြလည်း
ဝမ်းစာနောင်ရေး၊ ဒို့မျှော်တွေးကာ
အမေ့နားကပ်၊ ဆိုင်မှာအပ်ရင်း
E P S ဖြေ၊ အောင်ခဲ့ချေပြီ
ရောက်ခဲ့ပါသည်၊ ကိုရီးယားပြည်သို့။

ရောက်လာသော်ငြား
မျက်စိသူငယ်၊ နားသူငယ်ဖြင့်
စကားမတတ်၊ ထမင်းငတ်သည်
လစာမမှန်၊ စိတ်ညစ်ပြန်သည်
ထွက်စာမပေး၊ ဒုက္ခပေးသည်
သောကသွယ်သွယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

နေထိုင်မကောင်း၊ ကိုယ်စိတ်ထောင်း၍
ဆေးရုံသွားရန်၊ အကြောင်းဖန်လာ
ဘယ်ကဆေးရုံ၊ ဘယ်သို့ပုံနှယ်
စကားခက်ခဲ၊ ရှိနေဆဲမို့
သောကဝဲလယ်၊ သနားစဖွယ်
မောင်ရွှေငယ်တို့။

ခက်ခဲများစွာ၊ ဒုက္ခရှာလို့
သောကဗျာဗွေ၊ ဆူမဝေနဲ့
သင်တို့အတွက်၊ ကောင်းစားကျက်နဲ့
အေးမြတိတ်ဆိတ်၊ ညောင်ညိုရိပ်က
ဘူဖြောင်းမြို့လယ်၊ ယု(၆)ဒုံရယ်က
မြန်မာစင်တာ၊ ရှိခဲ့ကြာပြီ
သစ်တစ်ပင်ကောင်းမို့၊ ငှက်အပေါင်းတို့ရေ ....

ကျန်းမာရေးတွင်၊ မပူပင်နဲ့
ဗီဇာမရှိ၊ စိတ်မဖိနဲ့
စကားမတတ်၊ အနေမကြပ်နဲ့
မြန်မာတို့အရေး၊ အစဉ်တွေးလို့
ခက်ခဲများစွာ၊ ဖေးမသူညီ
လာစေချင်သည်၊ ကြိုဆိုပါသည်
မြန်မာစင်တာ ဆီသို့ ....

အိုင်တီခေတ်ကြီး၊ ကမ္ဘာကြီးလယ်
နောက်ကျကျန်ရစ်၊ ဒို့မဖြစ်အောင်
ကွန်ပျူတာသင်တန်း၊ အခြေခံတန်းမှ
ဂရပ်ဖစ်ဒီဇိုင်း၊ ဘယ်အပိုင်းမဆို
အသိပိုစေ၊ တတ်ပါစေဟု
ရည်ရွယ်ထားသည်၊ သင်တန်းပေးသည်
လက်တွဲညီညီ၊ လာစေချင်သည်
မြန်မာစင်တာ ဆီသို့ ....

TOPIK ဖြေကာ၊ အနေကြာဖို့
စင်တာကတွေး၊ သင်တန်းပေးကာ
အောင်မြင်စေကြောင်း၊ ဆုမွန်တောင်းလျှက်
ထမ်းရွက်ညီညီ၊ ဖွင့်လှစ်နေပြီ
ရွှေညီကိုတို့ ....

ထို့ကြောင့်တစေ၊ မြန်မာတွေက
မြန်မာစင်တာအကျိုး၊ မြန်မာတို့အကျိုးမို့
ဒို့အမျိုးတစ်သက်၊ လက်ချင်းဆက်လို့
သယ်ပိုးထမ်းရွက်၊ ဖေးကူလျှက်နဲ့
ချီတက်ကြမည်၊ ဖိတ်ခေါ်ပါသည်
အောင်ဆုပန်ချီ၊ မြန်မာစင်တာ ဆီသို့ ....


မေတ္တာမောင်
မြန်မာစင်တာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 21, 2014

မြန်မာစင်တာမှ ကျေးဇူးအထူးတင်ရှိခြင်း။

ရေးသားသူ — အမည် မြန်မာစင်တာ

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကို မောင်နှမများ အားလုံးကို
'' မင်္ဂလာပါ ''လို့ နှုတ်ဆက်ရင်း ဂါဝရပြုအပ်ပါတယ် ခင်ဗျား။

...................................................................................................

မြန်မာစင်တာ၏ (၂)နှစ်ပြည့် အထိမ်းမှတ်
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ကြသော
 ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ အားကစားညီအစ်ကိုများ၊ ဒိုင်အဖွဲ့အဖြစ် ကူညီပေးပါသော မြန်မာစင်တာနှင့် ကံ့ကော်ပညာရေးဖောင်ဒေးရှင်းမှ ညီအစ်ကိုများ၊ ပြိုင်ပွဲစည်းကမ်းနှင့် စည်းမျဉ်းဥပဒေများ အကြံပြု ကူညီပေးပါသော ကိုကျော်လေး (အင်ချွန်း ဘောလုံးအသင်း)အား လည်းကောင်း၊ ပရိတ်သတ်အားလုံးအတွက်

 ကြက်ဆီထမင်း စီစဉ်ပေးပါသော ကိုမိုးပျံနှင့် မစန်းစန်းကြည်(သင်တန်းမှူး မြန်မာစင်တာ)တို့အား လည်းကောင်း၊ မှတ်တမ်းရုပ်သံ ရိုက်ကူးပေးပါသော ကိုဖေစစ်နိုင် (မြန်မာစင်တာ မီဒီယာ)နှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးပါသော 
ကိုမင်းသက်ဒွေး (မြန်မာစင်တာ မီဒီယာ)တို့အား လည်းကောင်း၊ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် Sound Boxနှင့် လိုအပ်သော ပစ္စည်းများကူညီပေးသော Rainbow စားသောက်ဆိုင် အား လည်းကောင်း၊ 
ဆုချီးမြှင့်ပွဲတွင် ကူညီပေးပါသော မအေးသီရိလွင်၊ မစုမြတ်မောင်၊ မဖြူဖြူခင် တို့အား လည်းကောင်း၊ ပြိုင်ပွဲဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးပါသော ပိတောက်ရိပ်ကုမ္ပဏီနှင့် စကားဝါ စတိုး တို့အားလည်းကောင်း၊ နေ့မအား ညမနား အပင်ပန်းခံခဲ့ကြသော မြန်မာစင်တာမှ အမှုဆောင်များအားလုံး၊ ပြိုင်ပွဲတွင် လာရောက်အားပေးခဲ့ကြသော ပိုက်ကျော်ခြင်း ဝါသနာရှင် ညီအစ်ကိုများနှင့် အဖက်ဖက်မှကူညီပေးခဲ့ကြသူများ အားလုံးကို မြန်မာစင်တာမှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါကြောင်း ပြောကြားပါရစေ ခင်ဗျား။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာ ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်း

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ တွင်

ပြိုင်ပွဲဝင် အသင်း (၁၃)သင်းအဖြစ် -
(၁) ရုပ်ပြောင်
(၂) မြန်မာစင်တာ
(၃) တယ်လီဖုန်းချစ်သူ
(၄) Galaxy
(၅) ဂါစန်းမြန်မာ
(၆) ရာဇာ
(၇) ရတနာပုံ
(၈) ရဲကြီး
(၉) ကိုမြင့်စိုးအောင်
(၁၀) တံခွန်
(၁၁) ရွှေညီကို
(၁၂) Giant
(၁၃) ကိုမင်းသိန်း












ပထမဆုကို Galaxy အသင်းမှ ရရှိသွားပါတယ်။


ဒုတိယဆုကို ဂါစန်းမြန်မာအသင်းက ရရှိသွားပါတယ်။

တတိယဆုကို ရုပ်ပြောင်အသင်းက ရရှိသွားပါတယ်။

အကောင်းဆုံး အားကစားသမားဆုကို Galaxy အသင်းမှ ကိုရှိ့မှုန် က ရရှိသွားပါတယ်။

ဒိုင်အဖွဲ့ဝင်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်၍ ညနေ ၅နာရီအချိန်တွင် ဆုချီးမြှင့်ပွဲ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လုပ်သက်ဆုကြေး ၊ ပြည်ထွက်အာမခံကြေး နှင့် ပြည်တော်ပြန်စရိတ်အာမခံ ဘယ်လိုတောင်းယူကြမလဲ

လုပ်သက်ဆုကြေး(Gratuity)

ဘယ်သူ့ဆီကတောင်းမလဲ
သက်ဆိုင်ရာ သူဌေး(လုပ်ငန်းရှင်)ထံမှ တောင်းယူကြရပါမည် ။

ဘယ်အချိန်တောင်းမလဲ
- အလုပ်ပြောင်းလျင် သို့မဟုတ် ထွက်လျင် တောင်းပါ ။
- အပြီး ပြန်လျင်တောင်းပါ ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
သက်ဆိုင်ရာ အလုပ်ရုံ စက်ရုံတွင် အနည်းဆုံး ၁ နှစ် နှင့် အထက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- လုပ်သက် ၁ နှစ်လျင် ၁ လစာ နှုန်းဖြင့် လုပ်သက် ရှိသလောက်ရရှိမည် ။
- ၁ နှစ်မပြည့်သော ရက် ၊ လ များကို နှစ်၏ အစိတ်အပိုင်းအဖြစ် နှစ်ဖွဲ့ တွက်ချက်မည် ။
- နောက်ဆုံး ၃လ တာကာလ လုပ်ခလစာ စုစုပေါင်း ၏ ပျမ်းမျှကြိတ်နှုန်း ကိုအခြေခံပြီး တွက်ချက်မည် ။
- လုပ်ငန်းရှင်က ပြည်ထွက်အာမခံ(Departure Guarantee Insurance) ပေးသွင်းထားငွေများကို ခုနှိမ် နှုတ်ပယ်၍ ပေးချေခွင့်ရှိသည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- မိမိလုပ်ငန်းရှင်က တွက်ချက်ထုတ်ပေးမည်ဖြစ်သဖြင့် စာရွက်စာတမ်း အထွေအထူးလိုအပ်မည်မဟုတ်ပါ ။ (တွက်ချက်မှု မှန်မမှန် စစ်ဆေးကြည့်ဖို့ လိုအပ်ပါမည်။)

ပြည်ထွက်အာမခံကြေး (Departure Guarantee Insurance)

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ
- ကိုရီးယားမှ ထွက်ခွါမည့်ရက်ကို ညှိနှိုင်းဆုံးဖြတ်ပါ ။
- လေယာဉ် သို့မဟုတ် သင်္ဘော လက်မှတ် ဝယ်ပါ ။
- ဆိုင်ရာ အလုပ်သမားထောက်ပံ့ရေးဌာနတွင် ပြည်ထွက်ရန် အစီစဉ်ကို တင်ပြပြီး ၊ ပြည်ထွက်ရန် အစီအစဉ်မှန်ကန်ကြောင်းထောက်ခံစာကို ရယူပါ ။ အဆိုပါ ထောက်ခံစာကို ကိုရီးယားမှ မထွက်ခွါမှီ ၁ လ အလိုမှစ၍ လျှောက်ထားနိုင်ပါသည် ။ လျှောက်ထားရာတွင် ယာဉ်စီးလက်မှတ်မိတ္တူ နှင့် နိုင်ငံခြားသားမှတ်ပုံတင်ကတ် မိတ္တူတို့ လိုအပ်ပါသည် ။

ပြည်ထွက်အာမခံကြေးကို ဘယ်သူ့ဆီကတောင်းရမလဲ
ဆမ်ဆောင်း မီးနှင့် ပင်လယ်ရေကြောင်း အာမခံ (Samsung Marine and Fire Insurance) ဌာန (Tel: 02-2119-2400, Fax: 0505-161-1421) ထံမှ တောင်းယူကြရပါမည် ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
အလုပ်ခွင် တစ်ခုတွင် အနည်းဆုံး ၁ နှစ်နှင့် အထက် ဆက်တိုက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- အနည်းဆုံး ၁ နှစ်နှင့် အထက် အလုပ်လုပ်ခဲ့သော အလုပ်ရုံ ၊ စက်ရုံများတွင် မိမိရရှိခဲ့သော လစာစုစုပေါင်း၏ ၈.၃ (၈ ဒသမ ၃) ရာခိုင်နှုန်းအထိ နှင့် အပ်နှံထားသည့် ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကို ရရှိနိုင်ပါသည် ။
- သို့ရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင်က အာခံဌာနသို့ ထည့်ဝင်ထားသလောက်နှင့် ၊ ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကိုသာ ရရှိပါမည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- ပြည်ထွက်ခွါရန်အစီအစဉ် မှန်ကန်ကြောင်း ထောက်ခံစာ
- ပြည်ထွက်အာမခံကြေး လျှောက်ထားလွှာ
- မိမိအမည်ဖြင့် ပြုလုပ်ထားသည့် ဘဏ်စာအုပ်
- နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကတ်

အာမခံကြေး လျှောက်ထား လက်ခံရယူနိုင်သော နည်းလမ်း (၂)ခု
အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း နှင့် ၊ မိခင်နိုင်ငံသို့ ပြန်ပြီးမှ လက်ခံရယူခြင်း ဟူ၍ နည်းလမ်း၂ မျိုးရှိပါသည်-
- အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း ။ ။ လျှောက်လွှာ တင်စဉ် လေဆိပ်တွင်ယူမည်ဟု ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီမှ အာမခံကြေးထုတ်ယူခွင့်လက်မှတ် ထုတ်ပေးပါမည် ၊ ပြည်ပထွက်ခွါသည့်နေ့တွင် လေဆိပ်ရှိ ဘဏ်တွင် အာမခံကြေးထုတ်ယူခွင့် လက်မှတ်ကို တင်ပြပါ ၊ လေဆိပ်ဘဏ်မှ အာမခံကြေး နိုင်ငံခြားငွေလဲလှယ်ခွင့် လက်မှတ် ထုတ်ပေးပါမည် ၊ လူဝင်မှုကြီးကြပ်ရေးဂိတ်ဖြတ်ဝင်ပြီးနောက် နိုင်ငံခြားငွေလဲလှယ်ခွင့်လက်မှတ်ကို နိုင်ငံခြားငွေလဲဌာနတွင် တင်ပြခြင်းဖြင့် ပြည်ထွက်အာမံကြေးအား နိုင်ငံခြားငွေဖြင့် ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

- မိခင်နိုင်ငံသို့ ပြန်ပြီး လက်ခံရယူခြင်း ။ ။ လျှောက်လွှာတင်ချိန်တွင် ပြည်ပရှိ မိမိ၏ နိုင်ငံခြားငွေစာရင်း သို့မဟုတ် မိမိတိုက်ရိုက်ပေးပို့စေလိုသည့် ဘဏ်အမည် တို့ကို ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီအနေဖြင့် လိုအပ်သည်များ စစ်ဆေးပြီး နောက် “တရားရေးဌာနမှ ပြည်ထွက်ကြောင်း အတည်ပြုချက်ရရှိပါက အာမခံကြေးထုတ်ပေးရန် ညွှန်ကြားလွှာ” ကို (ကိုရီးယားရှိ) သက်ဆိုင်ရာဘဏ်သို့ပေးပို့ပါမည် ။ သက်ဆိုင်ရာ ဘဏ်သည် ပြည်ထွက်ပြီးကြောင်း ညွှန်ကြားချက် ရရှိသည်နှင့် တစ်ပြိုင်နက် ညွှန်ကြားခံထားရသည့် အတိုင်း နိုင်ငံခြားငွေလွဲပို့ပါလိမ့်မည် ။ ၄င်းနောက် မိမိညွှန်ကြားထားသည့် ဘဏ်တွင် ပြည်ထွက်အာမံကြေးအား ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

ပြည်တော်ပြန်စရိတ်အာမခံ (Return Cost Trust Insurance)
- ပြည်ထွက်အာမခံကြေး နှင့်အတူ ပူးတွဲ လျှောက်ထား တောင်းခံရမည်ဖြစ်ပါသည် ။ သီးသန့် တောင်းခံရန်မလိုအပ်ပါ ။
- မူလက ထည့်ဝင်အပ်နှံထားငွေ ဝမ် ၅ သိန်းနှင့် အပ်နှံငွေ ကာလအတိုက် သတ်မှတ်ထားသည့် အတိုးငွေကို ရရှိနိုင်ပါသည် ။

အားလုံး အဆင်ပြေကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၆၂၁
Incheon, Korea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 20, 2014

ဝါဆိုသင်္ကန်းကပ်အလှူ ဖိတ်ကြားလွှာ

  တတိယအကြိမ်မြှောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ကောဇာသက္ကရာဇ် ၁၃၇၆ ခု ဝါဆိုလပြည့်ကျော် (၁) နေ့တွင် ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်ပြုကြသည့် နေ့ဖြစ်ပါသည်။

ဝါဆိုဦးကာလ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဗုဒ္ဓဘာသာယဉ်းကျေးမှုအစဉ်အလာနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ နှစ်စဉ် ပြုလုပ်လေ့ရှိကြပါသည်။ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးကာ ဝါဆိုဝါကပ်တော်မူကြမည့် ရဟန်းသံဃာတော်များကို အန်ဆန်းမြို့ သန္တိကရဗုဒ္ဓဝိဟာရသို့ ပင့်ဖိတ်၍ (ဂျူလှိုင်လ - ၁၃ ရက် တနင်္ဂနွေ) နေ့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်


သို့ပါ၍ သဒ္ဓါတရားထက်သန်ကြပြီး ကုသိုလ်တိုးပွါးလိုသူ သူတော်ကောင်းအပေါင်းအားလုံးကို ကြွရောက်ကြပါရန် ဖိတ်မန္တကပြုအပ်ပါသည်။

 နေ့ရက် - ၁၃၇၆ ခု၊ ဝါဆိုလပြည့်ကျော် (၂) (13. 7. 2014) တနင်္ဂနွေနေ့
နေရာ - သန္တိကရဗုဒ္ဓဝိဟာရ၊ အန်ဆန်းမြို့           
ဧည့်ခံမှု - မြန်မာ ထ္မင်းဟင်း
တရားနာယူချိန် - မနက် (၁၀း ၀၀) နာရီ

ကြိုတင်ဆက်သွယ်လှူဒါန်းနိုင်ရန် နှင့် လှူဖွယ်ပစ္စည်းများနှင့် တန်းဖိုး
                                                      
  ပရိက္ခရာအစုံ          ၅၀,၀၀၀ဝမ်   
                                                                          
   တိစီဝရိတ်            ၃၀,၀၀၀ ဝမ်
   သင်္ကန်းဒွိစုံ            ၂၀,၀၀၀ ဝမ်
   ခြုံထည်                ၂၀,၀၀၀ ဝမ်
   ထီး, ဘိနပ်, ယပ်      ၅, ၀၀၀ ဝမ်စီ
   သပိတ်             ၁၀,၀၀၀ ဝမ်

ဆရာတော် (၀၁၀-၅၁၈၄-၃၅၇၈)
ကိုကျော်မိုး (၀၁၀-၅၁၀၂-၉၉၂၆)          ကိုယဉ်ထွေး (၀၁၀-၂၈၂၁-၉၂၄၃)
ကိုဆန်းလွင်ထွန်း (၀၁၀-၃၄၂၉-၀၃၂၄)   ကိုမျိုးဇော်ဦး (မွန်လေး) (၀၁၀-၇၂၁၄-၂၁၃၈)

(Bank – IBK 기업은행 630-021468-01-017 SUVANNA)



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရေးသားသူ — ဆုတောင်း

 ကိုရီးယားရောက် ကရင်လူငယ်များ၏ အလှူ တော်မင်္ဂလာဖိတ်ကြားလွှာ
 
 တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကို/မောင်နှမများခင်ဗျား။

တောင်ကိုရီးယားနိုင်ငံရောက် ကရင်လူငယ်များမှ ၂၀၁၄ခုနှစ် ဇွန်လ(၂၂)ရက် တနင်္ဂနွေနေ.တွင် ဓမ္မဒူတကျောင်းတော်(ကိုရီးယား)ဘူဖျောင်းတွင် ဘုရားအမှူးရှိသော သံဃတော်အရှင်သူမြတ်
တို.အား အာရုဏ်ဆွမ်း၊နေ.ဆွမ်းတို.ကိုဆက်ကပ်လှူ ဒါန်းပြီး အလှူ တရားတော်များကို နာယူကြမည်ဖြစ်ပါသဖြင့် လေးစားစွာဖိတ်ကြားအပ်ပါသည်။

အလှူ တော်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 အလှူ တော်အစီအစဉ်

ရက်စွဲ။ ၂၂.၆.၂၀၁၄ တနင်္ဂနွေနေ.
အချိန်။ နံနက် ၈နာရီမှ နေ.လည် ၁နာ၇ီအထိ
နေရာ။ ဓမ္မဒူတကျောင်းတော်(ကိုရီးယား)
လမ်းညွှန် ။http://www.dhammaduta.info/guide/guide_address_m.html

အကျွေးမွေးအစီအစဉ်

အလှူ ပွဲတော်လာ ဧည့်ပရိတ်သတ်အပေါင်းတို.အား မြန်မာထ္မင်းဟင်းနှင့်အတူကရင်ရိုးရာ တာလပေါဟင်းဖြင့် တည်ခင်းဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, June 18, 2014

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော (၅)ကြိမ်မြော်က် ကိုရီးယားဘသာစကားသင်တန်းများ ဖွင့်လှစ်မည်

credit to - Ngwekyi Myonaing
ချစ်ခင် လေးစားရပါသော ရွှေ မြန်မာ အစ်ကို တို့ မောင် တို့ရှင့်

ဓမ္မယာန ပြည်တော်ဦးနှင့် ဘူဂယောင်းတက္ကသိုလ်တို့ မှ ရွှေမြန်မာများအတွက် ပူးပေါင်း ပြုလုပ်ပေးသော ကိုရီးယားဘာသာ အခမဲ့ ငါးကြိမ်မြောက် သင်တန်းများကို ဂင်မဲဓမ္မယာန ပြည်တော်ဦးဘုန်းကြီး ကျောင်းနှင့် ဂွမ်ဂျူး ပြည်တော်ဦးဘုန်းကြီး ကျောင်းများတွင်၂၀၁၄-၆-၂၂ မှ ၂၀၁၄-၈-၂၄ အထိ အပတ်စဉ် တနင်္ဂနွေတိုင်း ဆယ်ပတ်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါတယ်ရှင့်။ ပြုလုပ်ခဲ့ပြီးဖြစ်သော သင်တန်းများတွင် လေးကြိမ်တိုင်တိုင် ကြိုးကြိုးစားစား တက်ရောက် သင်ကြားခဲ့သော သင်တန်းသားဟောင်းများ အပြင် အသစ် အသစ်သော သင်တန်းသားများ အောက်ပါ တာဝန်ခံ ဆရာ/ဆရာမများထံ ဆက်သွယ် သင်တန်းစာရင်းသွင်း တက်ရောက် နိုင်ပါတယ်ရှင့်။ ယခု သင်တန်းတွင် မြန်မာဆရာ/ဆရာမများ အပြင် ကျွန်မတို့ ရွှေမြန်မာများ ကိုရီးယားစကားပြော အရည် အသွေး တိုးတက်စေရန် ကိုရီးယားလူမျိုး ဆရာများမှ Free korean topik သင်တန်းကိုလဲ ထည့်သွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင့်။

ဂင်မဲ ဓမ္မယာန ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် အောက်ပါ တာဝန်ခံဆရာ/ဆရာမများမှ 
တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

Level 1 (အခြေခံမှ စသင်သော သင်တန်းပါ။)
ဆရာမ ခင်ချမ်းမြေ့အောင် Ph- 010-5953-7141 နေ့လည် ၂နာရီ မှ ၄နာရီ

Level 2
ဆရာမ ခင်ငြိမ်းဆင့် ph- 010-6452-6730 နေ့လည် ၂နာရီ မှ ၄နာရီ

Level 3
ဆရာ စိုးလွင်လွင် ph- 010-2600-1294 နေ့လည် ၁၂နာရီ မှ ၂နာရီ

Level 4
ဆရာမ ငွေကြည်မျိုးနိုင် ph- 010-4170-0556 နေ့လည် ၁၂နာရီ မှ ၂နာရီ

ဂွမ်ဂျူး ပြည်တော်ဦး ဓမ္မယာန ဘုန်းကြီးကျောင်းတွင်
Level 2 နှင့် Level 3 သင်တန်းများကို
ဆရာမ ဒေါ်ခင်သူဇာ ph- 010-575-65641 နေ့လည် ၁၂နာရီ မှ ၃နာရီ အထိ တာဝန်ယူ သင်ကြားပေးမည် ဖြစ်ပါတယ်ရှင့်။

သင်တန်းရွေးချယ်မှု့၊ ယခု သင်တန်းနှင့် ပတ်သတ်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
ဘူဂယောင်းတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖြစ်သော ကျွန်မတို့ မောင်နှမ တစ်စုမှ ရွှေမြန်မာ အစ်ကိုတို့ ကိုရီးယားစကားအရည်အသွေး မြင့်မားလာရန် ကျွန်မတို့ တတ်စွမ်းသမျှဖြင့် ကူညီပေးချင်ပါတယ်ရှင့်။ သင်တန်းသား အဟောင်းများအပြင် အသစ်အသစ်သော သင်တန်းသားများ တက်ရောက်နိုင်ရန် မျှော်လင့်ပါတယ်ရှင့်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တိပိဋကဓရ စွန်းလွန်းဆရာတော်ဘုရားကြီးအား ပူဇော်ပွဲ ဖိတ်ကြားလွှာ

ဆရာတော်ဘုရားကြီး၏ ဓာတ်ပုံတော်ကို ဒယ်ဂုအသံက ကူးယူဖော်ပြပါသည်။ 
ဆရာတော်ဘုရားကြီးသည် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတော် (ဒဲဂု)သို့လည်း ကြွရောက်တော်မူခဲ့ပါသည်။
ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ခေါင်းဆောင် ဆရာတော် ဘဒ္ဒန္တ ဗုဒ္ဓရက္ခိတ (ကိုရီးယားနိုင်ငံသား)နှင့် ဒါယိကာ၊ ဒါယိကာမတို့၏ ပင့်ဖိတ်ချက်အရ ကိုရီးယားနိုင်ငံသို့ ကြွချီတော်မူလာသော တိပိဋကဓရ တိပိဋက ကောဝိဒ စွန်းလွန်းဆရာတော် ဘဒ္ဒန္တသုန္ဒရအား ပူဇ်ာပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် နိုးဆော်လိုက်ပါသည်။ 

ကျင်းပမည့် နေ့ရက်။ ။ ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက် တနင်္ဂနွေနေ့ 
ကျင်းပမည့် အချိန် ။ ။ ညနေ ၅နာရီခွဲ ( ဆရာတော်သည် ချု(န်)ချောန်ပြည်နယ်က ကြွလာပါမည်) 
ကျင်းပမည့် နေရာ ။ ။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)၏ ဓမ္မသဘင် ခန်းမ  

ဆရာတော်ဘုရားကြီးသည် ၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် တနင်္လာနေ့ ညနေ ၆နာရီ ၄၀ မီနစ် ကိုရီးယား လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ကြွချီတော်မူမည်ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, June 17, 2014

စံလှကြီး – နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား

နိုင်ငံရေးဆိုတာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာတဲ့လား

စံလှကြီး၊ ဇွန် ၁၇၊ ၂၀၁၄


ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။

အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။ “အကိုရေ ဧည့်သည်လာတယ်ဗျ” လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။

ဒါနဲ့ ဘယ်သူပါလိမ့် ဆိုပြီး နားထောင်လက်စ ရေဒီယိုလေးပင် မပိတ်ဖြစ်တော့ပဲ စားပွဲပေါ်တင်ထားပြီး အပြင်ထွက်ကြည့်တော့ ကျနော်နဲ့ ရင်းနှီးသော ကောင်လေးစုံတွဲ ဖြစ်သည်။ ကောင်လေးက ကိုယ့်ထက် ငါးနှစ်ခန့်ငယ်ပြီး နိုင်ငံခြား company တခုမှာ အင်ဂျင်နီယာရာထူးနဲ့ အလုပ်လုပ်နေသူ။ လစာလေးလည်း မဆိုးဟု ကြားပြီးသား ဖြစ်သည်။ သူ့ ကောင်မလေးလည်း ခေသူမဟုတ်။ ရင်းရင်းနှီးနှီး မဟုတ်ပေမယ့် တွေ့ဖူး မြင်ဖူးပါပဲ။ ကောင်မလေးကလည်း ဗိသုကာ အင်ဂျင်နီယာဘွဲ့ ရထားသည် ထင်ပါသည်။ သူလည်း နိုင်ငံခြားမှာ ဒီဇိုင်နာ လုပ်နေသည်လို့ သိရသည်။ ဆိုလိုသည်က နှစ်ယောက်စလုံး အနုံညာတဟု ပြောလို့ မရတဲ့ လူတွေ ဖြစ်ပါသည်။

အခုဟာက နှစ်ယောက်စလုံး ခွင့်ယူပြီး ပြန်လာကြတယ်တဲ့။ အဓိကတော့ မင်္ဂလာပွဲ ကျင်းပရန် နှစ်ဖက်မိဘများနဲ့ အစီအစဉ် လုပ်ဖို့ပေါ့။ ဒါတော့ ဟုတ်သားပဲ။ နှစ်ယောက်စလုံး နိုင်ငံခြားမှာ ဆိုပေမယ့် ဒီက မိဘဆွေမျိုး အများစုက ဒီတိုင်းပြည်မှာပဲ။ ဒီတော့ ဒီမှာ မင်္ဂလာဆောင်မှ မိဘဆွေမျိုးများ တက်နိုင်မှာပေါ့။ ဟိုမှာကတော့ အပေါင်းအသင်းတွေကို ညစာစားပွဲလေးလုပ်ပြီး ဧည့်ခံမည် ဆိုတဲ့အကြောင်း သူတို့နဲ့ စကားပြောရင်းက သိလိုက်ရသည်။

သူတို့နဲ့ သာရေး နာရေးလေးတွေ ပြောရင်း သိလိုက်ရတာက သူတို့ နှစ်ယောက်စလုံး ဟိုမှာ အထိုက်အလျောက်တော့ အဆင်ပြေတယ်လို့ သိရသည်။ ဒါပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မြန်မာပြည်က မိဘဆွေမျိုးများနှင့် အတူမနေရကြောင်း ဟိုနိုင်ငံက တိုးတက်တယ် ဆိုပေမယ့် မီးခြစ်ဘူးလောက်သာ ရှိကြောင်း။ အားလပ်ရက် ရုံးပိတ်ရက်တွေမှာ မြန်မာပြည်မှာလို မိဘဆွေမျိုးတွေနဲ့ ဘုရားဖူးခရီးလို အပန်းဖြေခရီးသွားလို့ မရနိုင်ကြောင်း စသဖြင့်ပေါ့လေ။ ဒါတောင် သူတို့က စုံတွဲဖြစ်ကြောင်း အချို့မှာ သားမယားကို မြန်မာပြည်မှာ ထားခဲ့ရကာ နိုင်ငံခြားမှာ လာအလုပ်လုပ်နေရသူတွေလည်း ရှိသေးတယ် ဆိုတဲ့ အကြောင်း ကြားရသည်။

အမှန်တော့ ဖြစ်နိုင်ရင် သူတို့လည်း မြန်မာပြည် ပြန်လာပြီး လုပ်ချင်ကြောင်း။ ဒါပေမယ့် မြန်မာပြည်မှာက အလုပ်အကိုင် အခွင့်အလမ်း ခက်ခဲလွန်းတယ်တဲ့။ တကယ်ဆိုရင် ကောင်မလေးက သူ့အနေနဲ့ သူတို့ဟိုမှာရတဲ့ လစာ အခွင့်အရေးမျိုး သုံးပုံနှစ်ပုံ သို့မဟုတ် တဝက်လောက်ပဲ ရတယ်ဆိုရင်တောင် မြန်မာပြည် ပြန်လာမှာလို့ ငြီးသေးတယ်။

ဒါပေမယ့် အဲဒီခေတ်က ကောင်လေး လုပ်နေတဲ့ အလုပ်မျိုးက မြန်မာပြည်မှာလာ ရင်းနှီးပြီး အလုပ်လုပ်တဲ့ နိုင်ငံခြား လုပ်ငန်းကြီးတွေ မရှိသေးပါ။ အဲဒီတော့ သူတို့ ပြန်လာလည်း ဘယ်လိုမှ အဲဒီလို အလုပ်မျိုး မရနိုင်တော့ လွမ်းပေမယ့် မပြန်လာနိုင်ဘူးပေါ့။ တကယ်က အခုနေ ပြန်လာလည်း ရဖို့ မလွယ်သေးလို့ ထင်ပါတယ်။ ဒါတော့ အပြစ်မတင်ရက်ပါ။ လူဆိုတာ ကိုယ့်ရပ်တည်မှုလေးက ရှိသေးတော့ ပျော်ရာမနေ တော်ရာနေပေါ့လေ။

ဒီလိုနဲ့ မိနစ် ၄၀လောက် မနားတမ်း ပြောပြီးတော့ ပြောစရာစကား ခဏ ကုန်သလို ဖြစ်သွားပြီး စကားပြတ်သွားတယ်။ ကိုယ်လည်း ရေနွေးတခွက် ဌဲ့သောက်သလို သူတို့စုံတွဲလည်း ရေနွေးခွက်လေး တခွက်စီကိုင်ပြီး ငြိမ်နေတုန်း အခန်းထဲက ရေဒီယို အသံကြားရတယ်။ ဟုတ်ပေသားပဲ။ ရေဒီယို ဖွင့်ခဲ့မိပြီး စကားကောင်းနေတော့ အခန်းထဲက အသံကို မကြားမိ။ အခုကျမှ စကားပြတ်ပြီး တိတ်သွားလို့ ကြားရတော့တာကိုး။ အစီအစဉ်က ပြီးတောင် ပြီးခါနီးပြီ။ ပြီးခါနီး တွေ့ဆုံ မေးမြန်းခန်း လာနေတာပါ။ အမေးခံနေရတဲ့လူက ကေအင်န်ယူက ဗိုလ်ချုပ်တာမလာဘောလို့ ထင်ပါတယ်။ သေသေချာချာ မမှတ်မိပါ။

ရှေ့ပိုင်းမှာ ဘာတွေ မေးသွားတယ် မသိပေမယ့် အဲဒီအချိန်လေးမှာ မေးလိုက်တဲ့ မေးခွန်းက “အခု မြန်မာပြည်မှာ လူတော်တော်များများက ဖြစ်နေကြတာက နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ကိုယ့်စီးပွားရေးပဲ အရေးကြီးတယ်ဆိုတဲ့ သဘောမျိုး ပြောနေကြတယ်။ အဲဒါနဲ့ ပက်သက်ပြီး ဗိုလ်ချုပ်ရဲ့ သဘောထားလေး သိပါရစေ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒါကို ပြန်ဖြေတဲ့လူက “ဟာ ဒါကတော့ တော်တော်လွဲတဲ့ အယူအဆပါဗျာ” လို့ပြောရုံရှိသေး ကောင်မလေးက ရုတ်တရက် အားရဝမ်းသာထပြီး “ဟာ အဲဒါ အမှန်ကန်ဆုံး အယူအဆပဲ။ နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” လို့ ပြောပါလေရောဗျာ။ ဆက်ပြီး absolutely right တွေ totally agreed တွေပါ ဆက်လုပ်လိုက်သေးတယ်။

ကျနော်လည်း တော်တော့်ကို အံ့အားသင့်သွားတယ်။ အဲဒါနဲ့ ကျနော်က “ဟဲ့ ညီမလေး နင်ပြောတာ မှားနေတယ်” လို့ပြောတော့ သူကပဲ ကိုယ့်ကို သနားသလိုလို လေသံနဲ့ “ညီမပြောတာ ဟုတ်တယ်လေ အကိုရဲ့။ ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ မဟုတ်လား” တဲ့။ အတွေးအခေါ်ကတော့ အဲဒီလို။ အမှန်တော့ ဒီစကားကို သာမန်ပညာမတတ်သူ တယောက်က ပြောတယ်ဆိုရင် အော် သူနားမလည်လို့ပဲလို့ တွေးလို့ ရပေမယ့် သူလို ပညာလည်း အတော်အတန် ထူးချွန်ပြီး လူငယ်တယောက်က ပြောတာကတော့ လွန်လွန်းတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ကျနော်လည်း “ဟဲ့ နင်ပြောသလို ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုရင် နင်ဘာလို့ ဗိုလ်…. အုပ်ချုပ်တဲ့ မြန်မာပြည်မှာ အလုပ်မလုပ်ပဲ နိုင်ငံခြားမှာ သွားအလုပ်လုပ်နေသလဲ။ ဒီနိုင်ငံမှာပဲ အလုပ်လုပ် ပါတော့လား။ နင်ပြောသလို ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” လို့ ပြောလိုက်မိတယ်ဗျာ။ အဲဒီတော့ သူလည်း ကြောင်ပြီး ပြောစရာ စကားမရှိတော့ဘူး။

နောက်တော့ ကိုယ်လည်း ကိုယ့်လေသံ နည်းနည်းမာသွားမှန်း သိတော့ အော် သူတို့က လာလည်တာပဲ ဆိုပြီးတော့ လေပြေလေးနဲ့ “ညီမလေး နင်ပြောသလို ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတာ ဟုတ်တယ်။ ဘယ်အစိုးရမှလည်း နင်တို့ကို အလုပ်မလုပ်ပဲနဲ့ အချိန်မှန် မန်မန်စားမယ်ဆိုပြီး ထမင်းခွံ့ မကျွေးနိုင်ဘူး။ အခု နင်တို့ ဘာလို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေရသလဲ။ ဒီနိုင်ငံက နင်တို့ အတွက် ထိုက်သင့်တဲ့ အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ပေါ့။ အစိုးရရဲ့ တာဝန် ဆိုတာက အဲဒီလို အခွင့်အလမ်းတွေကို နိုင်ငံသားတွေကို ဖန်တီးပေးဖို့ပဲ။ ဒါတောင် နင်က ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ထင်နေတုန်းပဲလား” လို့ ပြောလိုက်ပါတယ်။ သူ့တို့ ကြည့်ရတာလည်း ပြူးကြောင်ကြောင်နဲ့ တခါမှ အဲဒီလို တွေးဖူးပုံလည်း မရပါ။ နှစ်ယောက်စလုံး အခုမှ ကြားဖူးသလို ဖြစ်နေပုံကိုလည်း မြင်လိုက်ရပါသည်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ သူက “အစိုးရဆိုတာ လူတယောက်ချင်းကို ထမင်း လိုက်ကျွေးဖို့ မဟုတ်ဘူး။ ကျွေးလို့လည်း မရဘူး။ လူတိုင်း လူတိုင်း ကိုယ့်ထမင်းကိုယ် ရှာစားနိုင်တဲ့ အတတ်ပညာတွေ သင်ပေးဖို့နဲ့ ထမင်းရှာစားလို့ရတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ” လို့ ပြောခဲ့ဖူးပါတယ်။

သူပြောတဲ့ မိန့်ခွန်း အကျဉ်းက “အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ အခွင့်အလမ်းတွေ ရှိဖို့။ ကျမ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ တို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွတ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့ မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခု ဒီမှာ လာပြီးတော့ ကျမတို့ကို ထောက်ခံနေတာတင် နိုင်ငံရေး မဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလည်း နိုင်ငံရေး လုပ်နေတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလည်း နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံးနိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့ ပြောတာဟာ နားမလည်လို့ ပြောတဲ့ကိစ္စ။ ကျမတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ” လို့ ပြောခဲ့ပါတယ်။

သူတို့ အတွဲလည်း ခဏနေတော့ နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ အဲဒီကိစ္စကို သူငယ်ချင်း တယောက်က ကြားတော့ ခင်ဗျားကလည်း သက်သက် အမုန်းခံပြီး ရှင်းပြနေတယ်။ မြန်မာပြည်မှာ အဲဒီလို ပြောတတ်တဲ့ လူတွေက အများကြီး။ ကျုပ်တောင် တွေ့ဖူးသေးတယ်။ သူဘာပြောပြော မသိချင်ယောင် ဆောင်နေလိုက် ပြီးတာပဲ။ အဲဒီလိုတွေ ခင်ဗျား ရပ်တည်ချက်ကို ကြပ်ကြပ်လုပ်။ အလကား အမုန်းခံရလိမ့်မယ် ဆိုပြီး ချီးမွမ်းခန်း ဖွင့်ပါလေရော။

မတတ်နိုင်ပါ။ တကယ်တော့ ကိုယ်ကလည်း ယုံကြည်ချက်ကို အသက်စွန့်ပြီး တိုက်ပွဲဝင်တတ်သည် ဆိုသော လူတွေလောက်တော့ မရဲရင့်ပါ။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကျတော့ သူပြောသလို မသိချင်ယောင် ဆောင်မနေတတ်။ ယားကျိကျိနဲ့ အလွန်ကို ပြောချင်လှသည်။ နောက်တခါ သူတို့နဲ့ ပြန်တွေ့တော့လည်း နှစ်ယောက်စလုံး အမ်းတမ်းတမ်း ဖြစ်နေကြသည်။

တိုက်ဆိုင်လာ၍ ပုဂံရာဇဝင်မှ ရာဇသင်္ကြန် အမတ်ကြီးကို သတိရမိပါ၏။ အမတ်ကြီးသည် ဘုရင် မနှစ်သက်နိုင်သော စကား ပြောမိသဖြင့် ရာထူး စည်းစိမ်များသိမ်းပြီး ဒလသို့ ပို့ခံရသည့်အခါ လမ်းတွင် မုန်တိုင်းတိုက်သဖြင့် ကြံ့ကြံ့ခံနေသော အပင်ကြီးများ ပြိုလဲကုန်သော်လည်း လေယူရာလိုက်ပြီး ယိမ်းနွဲ့နေသည့် ပန်းပြားပင်များ ဘာမှ မဖြစ်သည်ကိုမြင်လျှင် ငါကား ပန်းပြား ပင်ကဲ့သို့ မကျင့်သောကြောင့် ဤသို့ ဖြစ်ရလေပြီ ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့သည်တဲ့။

ထိုကိစ္စကို ငယ်စဉ်က ဖတ်စာအုပ်တွင် သင်ရသည့်အခါ အမတ်ကြီးကို အားမလို အားမရ ဖြစ်ခဲ့ဖူးပါသည်။ အမတ်ကြီးနှယ် ပညာရှိ စစ်သူကြီး ဖြစ်ပါလျှက် ဖြောင့်ဖြောင့်မတ်မတ် ရှိသော သစ်ပင်ကြီးများကို အားမကျပဲ လေယူရာတိမ်းသော ပန်းပြားပင်များကို အားကျရသလား ဆိုပြီး စဉ်းစားခဲ့မိသည်။ အမှန်တော့ ထိုအချိန်တွင် အမတ်ကြီးမှာ လက်ရှိစည်းစိမ်များ ဆုံးရှုံးသွားသောကြောင့် လူ့သဘာဝအတိုင်း သောက ဖြစ်ရာမှ ထိုကဲ့သို့ စိတ်မကောင်း ဖြစ်ခဲ့ရသည် ထင်ပါသည်။

ထိုအကြောင်းကို ကျောင်းနေဘက် သူငယ်ချင်းတယောက်နဲ့ စကားစပ်မိတော့ သူငယ်ချင်းက အမတ်ကြီး မေ့သွားတာ တခုရှိတယ်ကွ။ တကယ်တော့ နန်းတော်တို့ တန်ဆောင်းတို့ ကျောင်းတို့ဆိုတဲ့ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေကို ဆောက်တော့ အနှစ်မရှိတဲ့ ပန်းပြားပင်လို အပင်တွေနဲ့ ဆောက်လို့ မရပဲ မယိမ်းမယိုင်တဲ့ သစ်ပင်ကြီးတွေနဲ့ပဲ ဆောက်လို့ရတယ် ဆိုတာပေါ့တဲ့။ ကျနော်လည်း သူ့စကားလေးကို အလွန် ကြိုက်သွားပါတယ်။ သူလည်းပဲ စာအလွန်ဖတ်သူ ဖြစ်ပါတယ်။

“ဘယ်အစိုးရတက်တက် နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ”ဆိုတဲ့ စကားလေးက အတော် ရေစက်ဆုံပါတယ်။ နောက်လည်း ဒါမျိုး တခါတွေ့ဖူးသေးတယ်။ အဲဒါကတော့ ထမင်းဝိုင်းမှာပါ။ စာရေးသူ အသိတယောက် နိုင်ငံခြားက ခွင့်နဲ့ ပြန်လာတုန်း မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မိတ်ဆုံစားပွဲလေး တခုလုပ်ပါတယ်။ သူလည်း မြန်မာပြည်က ဌာနကြီးတွေမှာ အရာရှိအဖြစ် အလုပ်လုပ်သွားတဲ့အပြင် အဲဒီအချိန်မှာ နိုင်ငံခြားမှာ technician အဖြစ် အလုပ်လုပ် နေပါပြီ။ တကယ့်ကို ဘွဲ့ရ ပညာတတ်ပါ။ ကိုယ့်ထက်လည်း အသက်ပိုကြီးပြီး စီနီယာ ကျပါတယ်။ ကြုံတုန်း ဆုံတုန်း မိတ်ဟောင်း ဆွေဟောင်းတွေ စားသောက်ဆိုင် တခုမှာ မိတ်ဆုံစားပွဲ လုပ်တုန်းမှာ စကားစပ်မိပြီး နိုင်ငံရေးအကြောင်း စကားရောက်သွားတယ် ထင်ပါရဲ့။ သူက ယုံကြည်ချက် အပြည့်နဲ့ ပြောချလိုက်တာက “ငါကတော့ နိုင်ငံရေးကို စိတ်ကို မဝင်စားဘူး။ ဘယ်အစိုးရတက်တက် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” တဲ့ဗျာ။ ကောင်းလိုက်တဲ့ အတွေးအခေါ် စိတ်ညစ်ဖို့လို့ ပြောရမလိုပဲ။

အဲဒီမှာ ရှင်းပြဖို့ ကျတော့လည်း အခြေအနေ မပေးပါဘူး။ ဘာလို့လည်း ဆိုတော့ စကားနဲ့ ရှင်းပြတယ် ဆိုတာက စာရေးသလို အရှည်ကြီး ရေးဖို့ မလွယ်ဘူး။ အများကြီး ပြောရဦးမယ်။ နောက်ပြီး ကျိုးသင့်ကြောင်းသင့် နားမထောင်ပဲ ပြန်ငြင်းရင် မိတ်ဆုံစားပွဲ ဆိုတော့ မသင့်တော်တာနဲ့ ဘာမှ မပြောဖြစ်တော့ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒီလူရဲ့ အတွေးအခေါ်ကို အထင်မကြီးတော့တာ အဲဒီအချိန်ထဲကပါပဲ။ အတွေးအခေါ် တိမ်လွန်းလို့ပါ။

နောက်တကြိမ်လည်း ထပ်တွေ့ပါသေးတယ်။ သိပ်မကြာသေးပါဘူး။ အဲဒါလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ပညာတတ် တယောက်ပါပဲ။ သူပြောတာလည်း အဲဒီအတိုင်း အတိအကျပါပဲ။ သူက ပိုဆိုးပါတယ်။ သူများတွေ အချင်းချင်း စကားစပ်မိလို့ ထမင်းစားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးနေ ပြောနေကြတာကို ကြားပြီး လှမ်းပြောလိုက်တာပါ။ သူ့ကြည့်ရတာ ဒီအတွေးအခေါ်ရှိတဲ့ သူလို လူသာ မှန်ကန်တဲ့ အတွေးအခေါ်ရှိတယ် ဆိုပြီး သူများတွေကိုတောင် သူက သနားနေသလိုပဲ။ ကောင်းလိုက်တာနော် စိတ်ညစ်ဖို့။

အို စာဖတ်သူ အဆွေ ဟုတ်ပါ့မလားဆိုပြီး တွေးကောင်း တွေးမိပါလိမ့်မည်။ မယုံမရှိပါနဲ့။ စာဖတ်သူ အဆွေတို့ ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ အဓိပ္ပါယ်ရှိသော စကားမျိုးကို ကြားဖူးကောင်း ကြားဖူပါလိမ့်မည်။ မြန်မာလူငယ် ပညာတတ်များထဲတွင်ပင် ထိုကဲ့သို့ ပြောဆိုတတ်သူများကို ကျွန်ုပ် မကြာခဏ တွေ့ဖူးပါသည်။

ထို “နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော မဟာ အဆိုအမိန့် အတွေးအခေါ်ကြီးကို မြန်မာပြည်တွင် ဘယ်အတွေးအခေါ် ပညာရှင်က စတင်ပြောဆို ဖြန့်ဖြူးခဲ့သည် မသိပါ။ ကျနော့် အနေဖြင့် အနှီ ဥာဏ်ကြီးရှင်ကြီးအား သိလိုလှပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မဟာ ဥာဏ်ပညာကြီးကို နှစ်တလက်မတုတ်ကြီးဖြင့် ပူဇော်လိုသောကြောင့် ဖြစ်ပါသည်။

မိတ်ဆွေ သင်ကိုယ်တိုင် ထိုကဲ့သို့ တွေးတောထားသူ ဖြစ်နေပါသလား။ အမြန်ဆုံး ထိုအတွေးအခေါ်အား စွန့်လွှတ်ပါဟု တိုက်တွန်းလိုပါသည်။ သင့်မိသားစု ဆွေမျိုး မိတ်ဆွေများထဲတွင် ထိုအတွေးအခေါ် ရှိသူ ပါနေပါက တတ်နိုင်သမျှ ရှင်းပြပါဟု တိုက်တွန်းလိုပါသည်။ လင်းပါဦးအံ့။ နိုင်ငံရေးကို ပညာရှိကဝိ သုခမိန်များ အဆိုမပါပဲ မိမိ၏ ယုံကြည်ချက်အတိုင်း အဓိပ္ပါယ်ဖွင့်ရလျှင် နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသားတို့၏ အရေးပါတည်း။ တနည်းအားဖြင့် သင့်အရေး သင့်မိသားစုအရေးလည်း ဖြစ်သည်။ သင်နှင့် မပက်သက်သော သီးခြားအရာတခု မဟုတ်ပါ။ ထိုအရာသည် အစိုးရကိစ္စ သက်သက်မဟုတ်။ သင်နှင့် များစွာ သက်ဆိုင်ပါသည်။ သင့်အရေး သင့်မိသားစုအရေး သင့်မိတ်ဆွေများအရေး သင့်နောက်မျိုးဆက်များနှင့်ပင် သက်ဆိုင်သော အရေးကို သင်စိတ်မဝင်စား ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ လူပုံအလည် ပြောမိပြီ ဆိုလျှင်တော့ ကိုယ့်ကိုကိုယ် အသိဥာဏ်နည်းသူ ဖြစ်နေပြီလို့သာ နားလည်လိုက်ပါတော့။

သင့်နိုင်ငံ၏ နိုင်ငံရေး မကောင်းပါက အဘယ်မှာလျှင် တည်ငြိမ်မှု ရှိမည်နည်း။ တည်ငြိမ်မှု မရှိသော နိုင်ငံအား အဘယ်မှာလျှင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာအံ့နည်း။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မရှိပါက အဘယ်နိုင်ငံသားသည် ကောင်းမွန်သော အလုပ်ရအံ့နည်း။ အလုပ်မရပါက အဘယ်မှာလျှင် ထမင်းစားရန် ပိုက်ဆံရအံ့နည်း။ နိုင်ငံသားများ ပိုက်ဆံမရှိပါက အဘယ်သို့ ကြွယ်ဝသော နိုင်ငံ ဖြစ်အံ့နည်း။ နိုင်ငံ မကြွယ်ဝပါက အဘယ်သို့လျှင် ပညာရေး ကျန်းမာရေး ကိစ္စများတွင် သုံးစွဲနိုင်အံ့နည်း။ နိုင်ငံသားများ ပညာရေး ကျန်းမာရေးတွင် ချူချာပါက အဘယ်မှာလျှင် တည်ငြိမ်သော နိုင်ငံ ဖြစ်အံ့နည်း။ တည်ငြိမ်မှု မရှိသော………..။ မုန့်လုံးစက္ကူ ကပ်နေပြီ အဆွေ ရှုလော့။

ဟာ ဒီလောက်တောင်ပဲလား နိုင်ငံရေး လုပ်ရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူးဟု တွေးကောင်း တွေးမိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ လူတိုင်း နိုင်ငံရေးသမား လုပ်ရန်မလိုပါ။ နိုင်ငံရေးကို စိတ်ဝင်စားရမည် ဆိုခြင်းမှာ စာဖတ်သူအား ဟံသာဝတီ ဦးဝင်းတင်ကဲ့သို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ရန် လူရွှင်တော် ကိုဇာဂနာကဲ့သို့ အစိုးရကို ဝေဖန်ပြီး ထောင်ထဲသွားနေရန် အခြားစွန့်ဝံ့သူများကဲ့သို့ ယုံကြည်ချက်နှင့် အသက်ကို လဲလှယ်ရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ စာရေးသူလည်း ထိုမျှ သတ္တိမရှိသေးပါ။

နိုင်ငံရေး ဆိုသည်မှာ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူနှင့် လေ့လာအကဲခတ်သူများ ဟူသည့် နှစ်စုရှိပါသည်။ ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်သူ မဟုတ်လျှင် လေ့လာအကဲခတ်သူကောင်း တယောက် ဖြစ်ဖို့လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီစနစ်တွင် သင့်ကိုယ်စားလှယ်ကို သင်ကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုအခါ ကိုယ်က ဘာမှ မလေ့လာထားသူ ဖြစ်ပါက ကိုယ့်ကိုယ်စားလှယ် ကိုယ်ဘယ်လို ရွေးချယ်ကြမည်နည်း။ ရွေးချယ်ရုံနှင့် မပြီးသေး သင့်ကိုယ်စားလှယ်၏ လုပ်ရပ်များကိုလည်း အကဲခတ်နေဖို့ လိုပါသေးသည်။ ဒါမှသာ ကိုယ်ရွေးချယ်သော လူသည် အမှန်တကယ် ထိုက်တန် အရည်အချင်း ရှိသူလား။ ကိုယ်နှင့်တကွ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း သာမက နိုင်ငံနှင့်လူမျိုး အကျိုးကို အမှန်တကယ် ဆောင်ရွက်မည့်သူလား အကျိုးယုတ်စေမည့်လူလား ဆိုတာကို သိနိုင်ပါလိမ့်မည်။ အကျိုးယုတ်စေသူ ဆိုလျှင် နောက်တကြိမ်တွင် သူ့ကို ရွေးချယ်တော့မည် မဟုတ်ကြောင်း သူသိသည်နှင့် နိုင်ငံနှင့် လူမျိုး အကျိုးယုတ်စေမည့် ကိစ္စများလုပ်ရန် သူတွန့်သွားပါလိမ့်မည်။ စာဖတ်သူများတွင် ထိုအခွင့်အရေး ရှိပါသည်။ (မှတ်ချက် ဤစာပိုဒ်မှာ ဆရာဖေမြင့်၏ ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ ဆိုသော စာအုပ်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)

အမိ မြန်မာပြည်သည် ယခုအခါ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းနေပြီ ဆိုသဖြင့် တိုင်းသူပြည်သားများသည်လည်း နိုင်ငံရေး ဗဟုသုတနှင့် စိတ်ဝင်စားမှုတို့ ရှိရန်လိုပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသည် သင်နှင့် မဆိုင်သော ကိစ္စ မဟုတ်ပဲ သင်ရော သင့်မိသားစုရော သင့်ပတ်ဝန်းကျင်ရော သင့်နိုင်ငံ အတွက်ပါ အရေးကြီးသော ကိစ္စ ဖြစ်လာပါတော့မည်။ သင့်နိုင်ငံ အရေးသည် သင့်အရေး ဖြစ်ပါသည်။

သခင်အောင်ဆန်း နိုင်ငံရေး မလုပ်ခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေး ရရန်မရှိပါ။ အေဗရာ ဟမ်လင်ကွန်း နိုင်ငံရေးကို စိတ်မဝင်စားပဲ ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသည့် ခပ်တိမ်တိမ် အတွေးအခေါ် ရှိခဲ့ပါက အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ် တည်မြဲကောင်း တည်မြဲ နေနိုင်ပါသည်။ ဂန္ဒီကြီး ရှေ့နေအလုပ်ဖြင့် ငွေဝင်လမ်း ဖြောင့်နေသဖြင့် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုပြီး ခပ်ပျော်ပျော် နေခဲ့ပါလျှင် အိန္ဒိယပြည်လည်း လွတ်လပ်ရေး ရချင်မှ ရပါလိမ့်မည်။ ထို့ကြောင့် ကိုယ်မလုပ်နိုင်လျှင် မလုပ်ရဲသေးလျှင် လုပ်နိုင်သူများ ကောင်းရာကောင်းကြောင်း လုပ်ရင် မုဒိတာပွားပါ။ စိတ်ဝင်စားသူများ အချင်းချင်း ဆွေးနွေးနေသည်ကို မလှောင်မိပါစေနှင့်။ လှောင်မိသူသည် အလွန် ရယ်စရာကောင်းသူ ဖြစ်သွားပါလိမ့်မည်။

မိမိယုံကြည်ချက်ကို လေပြင်းမုန်တိုင်းကြောင့် လေယူရာ မတိမ်းပဲ ကြံ့ကြံ့ခံခဲ့ကြသည့် ထိုကဲ့သို့သော သစ်ပင်ကြီးမျိုးလို လူတွေသည်သာ အချိန်စောစွာ လဲကျခဲ့ရသော်လည်း နောင်လာနောက်သားများအတွက် ဂုဏ်အသရေ မြင့်စေသည့် အရာများကို ထားနိုင်ခဲ့ကြသည်သာ ဖြစ်ပါသည်။

ဖတ်ဖူးသော ဂျပန်ပုံဝတ္ထုလေး တခုရှိပါသည်။ တခါက နိုင်ငံခြားသား ခရီးသည်တဦး ဂျပန်ပြည်တွင် မီးရထားဖြင့် ခရီးသွားရာ ဂျပန်အဘိုးကြီး တဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် နေရာရပါသည်။ ခဏအကြာတွင် မီးရထားထိုင်ခုံတွင် ပေါက်နေသော နေရာကို တွေ့သွားသဖြင့် ဂျပန်အဘိုးကြီးက ထိုနေရာကို ဖာထေးရန် ကြိုးစားပါသည်တဲ့။ နိုင်ငံခြားသားလည်း အံ့သြသွားသဖြင့် အဘိုးကြီး၏ လက်ကိုင်အိတ်ကို လှမ်းကြည့်လိုက်ရာ အိတ်ပေါ်တွင် ရေးထားသော နာမည်အရ ဂျပန်ကုမ္ပဏီကြီးတခု၏ ပိုင်ရှင် သူဌေးကြီး ဖြစ်နေပါသည်တဲ့။ သည်တွင် အဘိုးကြီးအား လှမ်း၍ ခင်ဗျား အခု ဘာလုပ်နေတာလဲဟု မေးလိုက်ရာ အဘိုးကြီးက ထိုင်ခုံ ပေါက်နေလို့ ပြင်မလို့လေလို့ ပြန်ပြောသည်တဲ့။ ဒီတော့မှ နိုင်ငံခြားသားက ခင်ဗျားပစ္စည်းမှ မဟုတ်တာ ခင်ဗျားနဲ့ ဘာဆိုင်လို့လည်း မေးတော့ အဘိုးကြီးက ဘယ်လို ပြောလိုက်တာလည်း မိတ်ဆွေရာ ဂျပန်တမျိုးသားလုံးပိုင်တဲ့ ဟောဒီ ရထားဟာ ဂျပန်အမျိုးသားတယောက် ဖြစ်တဲ့ ကျုပ်လည်းပဲ ပိုင်တာပေါ့ အဲဒီတော့ ကျုပ်နဲ့ ဆိုင်တာပေါ့လို့ ပြန်ပြောလိုက်ပါသတဲ့။

ဒီတော့ နိုင်ငံရေးသည်လည်း ထိုနည်းအတူပင် ဖြစ်ပါသည်။ စိတ်ဝင်စားသင့်ပါသည်။ စိတ်မဝင်စားဘူး ဆိုပါက စိတ်ဝင်စားသူတွေ့လျှင် မကဲ့ရဲ့မိပါစေနှင့်။ “နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုပြီး ပြောသည့်သူ တွေ့ပါက ထိုသူသည် ထုံနပေ အတွေးအခေါ် ရှိသူဖြစ်သည် ဟုသာ ယုံကြည်လိုက်ပါတော့။

မြန်မာလူငယ်များ မိမိ အသက်မွေးဝမ်းကြောင်း စာသာမက အားလပ်ချိန်တွင် အခြားစာပေများလည်း အမြန်ဆုံး ဖတ်ရှုနိုင်ကြပါစေဟု တိုက်တွန်းပါသည်။ တော်ကြာမှ တိုင်းပြည်က ဒီမိုကရေစီစနစ်သို့ ချီတတ်ပါတော့မည် ပြည်သူ့အစိုးရကြီး ပေါ်လာရန် ကြိုးစားနေပါပြီ ဆိုကာမှ “နိုင်ငံရေး စိတ်မဝင်စားပါဘူး ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော ခပ်တုံးတုံး အတွေးအခေါ်သမား အများစု ဖြစ်နေလျှင် ပန်းပြားပင် ဒီမောင်တသိုက်နဲ့ ဘယ်သောင် ဘယ်ကမ်း ဆိုက်မှာပါလိမ့် ဟုသာ ဆိုချင်ပါတော့သည်။


(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ။

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ မှတ်တမ်းရုပ်သံ။

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်အသင်းများမှ ယခုကဲ့သို့ အားသွန်ခွန်စိုက် ယှဉ်ပြိုင်ခဲ့ကြသည်။
(မြန်မာစင်တာ မီဒီယာမှ ရိုက်ကူးပါသည်)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားကို သရုပ်ပြ။

ရေးသားသူ — အမည် မြန်မာစင်တာ

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
ရေခြားမြေခြား တိုင်းတစ်ပါးမှာ  မြန်မာ့ရိုးရာ ခြင်းလုံး အားကစားကို
ကမ္ဘာသိစေရန် သရုပ်ဖော်ကြသူများ။
ပြိုင်ပွဲဖွင့်ပွဲကို ဤကဲ့သို့ စတင်ခဲ့ကြသည်။
(မြန်မာစင်တာ မီဒီယာမှ ရိုက်ကူးပါသည်)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 16, 2014

ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကျင်းပမည်

ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို ကိုရီးယားနိုင်ငံ ဘူဆန် ၊ ဂင်မ်ဟဲမြို့ ရှိ ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်တွင် ကျင်းပမည်ဖြစ်ပါသည်။ ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့အား မွေးနေ့ အခမ်းအနားသို့ တက်ရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် .................. ၂၂-၆-၂၀၁၄ (တနင်္ဂနွေနေ့)
အချိန် .................. ညနေ(၄း၀၀) နာရီ
နေရာ .................. ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက်
경남 김해시 서상동 115_1 번지
( ko zaw min- 010-5946-6694 )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

“ ဒုက္ခဆိုတာ သေချာပြီလား ”

ရေးသားသူ — ခန့်နေသူတိုး



တကယ်သင်ယူချင်တဲ့စိတ်သာ ရှိမယ်ဆိုရင် အာရုံစုစည်းမှုလေးကို နဲနဲ အားစိုက်လိုက်တာနဲ့ ကျနော်တို့ရဲ့ လက်တစ်ကမ်း အနီးအနား ပါတ်ဝန်းကျင်မှာကိုပဲ သင်ယူစရာတွေက တစ်ပုံတစ်ပင်ကြီး ရှိနေတာကို မြင်တွေ့နိုင်ကြရမှာပါ။ ဟိုး တစ်နေ့က အကြောင်းလေး တစ်ခုကို ပြန်လည်မျှဝေပါရစေ ။

မြန်မာညီငယ် နှစ်ယောက် ကျနော်နဲ့ တွေ့ချင်တယ်လို့ ခွင့်တောင်းလာပါတယ်။ သူတို့က ဆိုးလ် အစ်ဆန်ဖက်က ပြောင်းလာတာ။ အလုပ်ထွက်ခွင့်ရလို့ အလုပ်ရှာနေချိန် ၃လအတွင်းမှာ သူတို့ရဲ့ ကိုက်နေတဲ့ သွားတွေကို ပြုပြင်ဖာထေးမှု လုပ်ချင်တယ် .. အဲဒီအတွက် ဘယ်လိုဆေးခန်းမျိုးသွားရင် အဆင်ပြေမလဲ .. ဘယ်လောက် ကုန်ကျနိုင်သလဲ .. ဒါလေးတွေ သိချင်လို့ ။ ပြီးတော့ ဘူဆန်ဖက်ရောက်လာတော့ ကျနော့်ကိုလည်း တွေ့ဆုံ ဂါရဝပြုရင်း ညနေခင်းစာလေးလည်း ဧည့်ခံချင်လို့ပါတဲ့။ ကျနော်ကလည်း ဒီလို ရှားရှားပါးပါး ဂါရဝပြုချင်တယ်လို့ တောင်းဆိုလာတော့ ပြုံဖြီးဖြီးကြီးနဲ့ သဘောတွေခွေ့ကျေနပ်ပြီး ချက်ခြင်းကိုပဲ “ဒီညနေ တွေ့ကြမယ်လေ” ဆို လက်ခံလိုက်ပါတယ်။ ညနေကျတော့ တွေ့ကြတယ်ပေါ့။

တစ်ယောက်က ညာဖက် အောက်အံသွား နာနေတယ်။ နောက်တစ်ယောက်ကတော့ ဘယ်ဖက် အပေါ်အံသွား အခေါင်းဖြစ်ပြီး ပေါက်နေတယ်။ “ရေတောင်သောက်လို့ မရဘူးအကို .. နဲနဲလေး အေးတာနဲ သွားတွေက ကျင်ပြီး နာလာတယ်” ။ နှစ်ယောက်ထဲက တစ်ယောက်က ပြောတဲ့စကား ။ ဒီစကားကို ကျန်တဲ့ တစ်ယောက်က လက်ထဲက မော့လက်စ ဘီယာခွက်ကို စာပွဲပေါ် ပြန်ချလိုက်ရင်းက “ဟုတ်တယ် အကို ကျနော်လည်း အဲလိုပဲ” လို့ ထောက်ခံလိုက်ပါတယ်။ သူတို့စကားကို နားထောင်ရင်း ကျနော်လည်း တော်တော်လေး အံသြသွားတယ် ။ ဒါနဲ့ “ နေပါအုံး .. ရေသောက်တော့ ကျင်တယ်နာတယ် .. အခု ဒီလောက်အေးတဲ့ ဘီယာကျတော့ ဘယ်လိုသောက်လို့ ရသတုန်း .. မကျင်ဘူးလား မနာဘူးလား” လို့ မေးလိုက်တော့ ပထမတစ်ယောက်က “အာ .. အကိုကလည်း ဒီလိုမျိုးလေး နာနေတဲ့ သွားကို လျှာလေးနဲ့ ကာဗာလုပ် ပိတ်ထားရင်း သောက်ရတာပေါ့ .. ဟဲဟဲ ” ဆို သောက်ပြပါတော့တယ်။ ဒါကို နောက်တစ်ယောက်ကလည်း “ဟုတ်တယ် .. ဟုတ်တယ် .. ကျနော်ရောပဲ” လို့ ထောက်ခံရင်း လိုက်သောက်ပါတယ်။ ကျနော်လည်း အူကြောင်ကြောင်နဲ့ ကျနော့်အရှေ့က ဘီယာခွက်ကို ကောက်မော့ရင်း ကောင်းနေတဲ့ ကျနော့်သွားတွေရဲ့ အပေါ်အောက် ဘယ်ညာတွေကို လျှာနဲ့ တစ်လှည့်စီ ပြောင်းပြောင်းပြီး လိုက်ပိတ်ရင်း သူတို့ပြောတာ ဟုတ်မဟုတ် စမ်းကြည့်မိပါတယ်။ အင်း ဖြစ်တော့ ဖြစ်နိုင်တယ် ။ ဒါနဲ့ ဘီယာဆိုင်က စားပွဲထိုးတဲ့ မိန်းခလေးကို ရေတစ်ခွက်ပေးပါဆို တောင်းပြီး သူတို့နှစ်ယောက်ကို သောက်ခိုင်းကြည့်ပါတယ် ။ “အကိုရယ် ရေက အရသာမှ မရှိတာ .. မဖြစ်လို့သာ သောက်နေရတာ .. သောက်တိုင်းလည်း လျှာနဲ့တော့ ဘယ်ပိတ်ထားနိုင်မှာလဲ .. ကျင်တာပေါ့ အကိုရယ် .. အား ကျွတ်ကျွတ်ကျွတ်” ဆိုပြီး ငြီးတွားကြပါတယ်။

အဲဒီမှာပဲ ကျနော့်ခေါင်းထဲမှာ လင်းကနဲ တစ်ချက်ဖြစ်သွားပါတယ်။ ဟုတ်တယ် .. ငါတိုတစ်တွေ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လိုချင်တောင့်တမှုတွေသာ ပြင်းပြမယ်ဆိုရင် ဘယ်လိုအဆင်မပြေမှု ဘယ်လိုဒုက္ခနဲ့ ကြုံတွေ့နေရပါစေ ကျော်လွန်ဖြတ်သန်းဖို့ နည်းလမ်းကောင်းတွေ သုံးပြီး ကျော်လွှားနိုင်ကြတယ် ဆိုတာပါပဲ ။ တစ်ကယ်လို့ ဒုက္ခတစ်ခုကို ငါတို့ မကျော်လွှားနိုင်ဘူးဆိုရင် .. ဒါဟာ အဲဒီ ဒုက္ခရဲ့ အခြားတစ်ဖက်က ပန်းတိုင်အပေါ် လိုချင်တောင့်တမှု ဆန္ဒ နဲပါးလို့ပဲဖြစ်တယ် .. ဆိုတဲ့ အတွေးတစ်ခု ရရှိလိုက်ပါတော့တယ် ။ ဒါပေမယ့် ဒီအတွေးဟာ အားလုံးမှန်တဲ့ အမှန်တရားတော့ မဟုတ်ပါဘူး ။ ရှိသမျှ သွားတွေ အားလုံးနာကျင်ကိုက်ခဲနေသူ မြောက်များလှစွာသော ဒုက္ခပေါင်းစုံနဲ့ ကြုံနေရသူတွေ အတွက်တော့ အကျုံးမဝင်နိုင်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ကိုရီးယားနိုင်ငံကို များစွာသော လူတွေထဲကမှ လာရောက်ခွင့် ရရှိပြီးနောက် အခက်အခဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ကိုယ်ညီအကိုတွေအတွက် ကျနော်ရရှိခဲ့တဲ့ ဒီ အတွေးလေးကို ပြန်မျှပါတယ်ဗျာ ။ ကိုယ့်ဒုက္ခဟာ အကြီးကြီးလား သေးသေးလေးလား .. ဆန်းစစ်ပါ ။ ကြုံလာတဲ့ ဒုက္ခထက် ရလဒ်ပန်းတိုင်အပေါ်ကို ပြင်းပြတဲ့တောင့်တမှု ထားကြပါလို့ .. တိုက်တွန်းရင်း .. ဘူဆန်ဖက်ရောက်ရင်လည်း ဘီယာလေးဘာလေး ဝယ်တိုက်ကြပေါ့ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာစင်တာ (၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ

ရေးသားသူ — အမည် မြန်မာစင်တာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းဖြင့် ပြိုင်ပွဲဖွင့်ပွဲအား စတင်ဖွင့်လှစ်ခဲ့သော

မြန်မာစင်တာ(၂)နှစ်ပြည့် အထိမ်းအမှတ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲ ရုပ်သံ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 15, 2014

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ June 14, 2014

(၁)


နိုင်ငံရေးကို ဆွေးနွေးရေးသားတယ် ဆိုသော်လည်း မိမိအနေနဲ့ကတော့ ဗုဒ္ဓဓမ္မရှုထောင့်မှလည်းပဲ အခြေအနေအရပ်ရပ်ကို စဉ်းစားသုံးသပ်ပါတယ်။ ဗုဒ္ဓဓမ္မဆိုတာ ဗုဒ္ဓက ရော်ရမ်းမှန်းဆပြီး အထင်အမြင်ကို ဟောကြားထားခြင်းမဟုတ်သလို ဗုဒ္ဓရဲ့ တီထွင်ဖန်တီး ဟောကြားထားမှုလည်း မဟုတ်ပါ။ ဗုဒ္ဓဓမ္မဆိုတာ သဘာဝအရှိတရားကို ဥာဏ်တော်နဲ့ ထိုးထွင်းသိမြင်ပြီး ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓဟောကြားထားတော်မူခဲ့တဲ့ အရှိတရား သဘာဝဓမ္မဆိုတာ ဗုဒ္ဓပွင့်သည်ဖြစ်စေ၊ ဗုဒ္ဓမပွင့်သည်ဖြစ်စေ လောကမှာ ရှိနှင့်ပြီးသား အမှန်တရားပါ။ ဗုဒ္ဓဓမ္မဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သူနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဓမ္မဟာ လူမျိုးတစ်မျိုး ဘာသာတစ်ခုဆိုတဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာ တည်နေတာလည်း မဟုတ်ပါဘူး။

ဓမ္မကို နားလည်သူဖြစ်စေ၊ ဓမ္မကို နားမလည်သူဖြစ်စေ၊ မည်သူအတွက်မဆို ဓမ္မဟာ ဓမ္မလမ်းကြောင်းအတိုင်းသာ သွားပါတယ်။ တရားဓမ္မဆိုတာ မျက်နှာမလိုက်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေ၊ ဓမ္မလမ်းကြောင်းကို လိုက်နာမှုကြောင့် ပေါ်ပေါက်လာမယ့် ကောင်းကျိုးတွေကို ဗုဒ္ဓကိုယ်တော်တိုင်လည်း တွန်းလှန်ဖယ်ရှား ဟန့်တား၍ မရနိုင်ပါ။

ဓမ္မလမ်းကြောင်းကို ဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ဘယ်တန်ခိုးရှင်မှလည်း မကာကွယ်နိုင်သလို ဘယ်ယတြာနဲ့မျှလည်း မန်းမှုတ်တားဆီးမပေးနိုင်ပါ။

ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကမ္မဝါဒဆိုတာ အကြောင်းကြောင့် အကျိုးရလဒ် ဖြစ်ပေါ်ပုံကို ထုတ်ဖေါ်ဟောကြားထားတော်မူခဲ့တဲ့ သဘာဝနိယာမတရား ဖြစ်ပါတယ်။

ကမ္ဘာ့သာသနာပြုဖြစ်တော်မူသော ဘဒ္ဒန္တသေဋ္ဌိလ ဆရာတော်ဘုရားကြီး၏ ကမ္မဝါဒဖွင့်ဆိုချက်ထဲမှ တချို့ကို ထုတ်နှုတ်ပြပါရစေ။
Kamma is neither fatalism nor a doctrine of predetermination. The past influences the present but does not dominate it, for Kamma is past as well as present. The past and the present influence the future. The past is a background against which life goes on from moment to moment. The future is yet to be. Only present moment exists and the responsibility of using the present moment for good or for ill lies with each individual.

ပြုလုပ်မှု ကံ ဆိုတဲ့ ကမ္မဝါဒဟာ တရားသေဝါဒ (ဧကန်မုချ) မဟုတ်သလို ကြိုတင်ဆုံးဖြတ်စီမံထားမှုဝါဒလည်း မဟုတ်ပါဘူး။ အတိတ်က ပြုလုပ်ခဲ့မှုဟာ ပစ္စုပ္ဗန်ကို လွှမ်းမိုးမှုရှိသော်လည်း စိုးမိုးချယ်လှယ်နေတာတော့ မဟုတ်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ကံဆိုတာ အတိတ်ကံရော ပစ္စပ္ဗန်ကံပါ ပါဝင်နေလို့ပါ။ အတိတ်နဲ့ ပစ္စုပ္ဗန်မှာ ပြုလုပ်မှုတွေဟာ အနာဂတ်ကို လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ ယခု ရရှိထားတဲ့ ဘဝရဲ့ ခဏတိုင်း ခဏတိုင်းဟာ အတိတ်နောက်ခံ အကြောင်းတရားအပေါ်မှာ အခြေခံထားပါတယ်။ ကံရဲ့ အနာဂတ်အကျိုးတရားက ရောက်မလာသေးပေမယ့် ယခု ပစ္စုပ္ဗန်ကံကတော့ ကိုယ့်လက်ထဲမှာ ရှိနေပါတယ်။ ပစ္စုပ္ဗန်ကံကို ကောင်းစွာ အသုံးချမလား လွဲမှားဆိုးရွားစွာ အသုံးချမလားဆိုတာ ကိုယ့်ရဲ့ တာဝန်သာ ဖြစ်ပြီး လူတစ်ဦးစီချင်းရဲ့ ရွေးချယ်ဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။

(၂)


လူနှစ်သိန်းနီးပါး အသက်ဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံ ထောင်ပေါင်များစွာသော ပြည်သူလူထုကြီးကို အကူအညီပေးဖို့ ပြည်တွင်းပြည်ပမှ ရောက်လာကြသူတွေမှာ လူမျိုးပေါင်းစုံနဲ့ ဘာသာပေါင်းစုံမှ စေတနာရှင်များ ပါဝင်ကြပါတယ်။

ဒုက္ခသည်များကို အကူအညီပေးဖို့ ရောက်လာကြတဲ့ အလှူရှင်တွေကို ဟန့်တားပိတ်ပင်သူတွေ၊ ဒုက္ခသည်များအတွက် လှူဒါန်းပေးပို့လာကြတဲ့ အထောက်အပံ့ပစ္စည်းတွေကို ကြားမှ ခိုးယူရောင်းစား အလွဲသုံးစားလုပ်ကြသူတွေဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးစစ်စစ်တွေ ဖြစ်ကြပါတယ်။

ဒီပဲယင်း၊ လက်ပံတောင်းတောင်၊ ရွှေဝါရောင်၊ ၈၈ အရေးတော်ပုံကြီးနဲ့ ယခု လောလောလတ်လတ် မဟာသန္တိသုခကျောင်းကိစ္စ စသည် စသည် အရေးအခင်းအားလုံးမှာ အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြက်မှုတွေကို ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ အမိန့်ပေးစေခိုင်းသူတွေအားလုံးဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်စစ်စစ်တွေ ဖြစ်ကြပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့ကြသူ အာဇာနည် (၉) ယောက်ထဲမှ ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ဟာ မူစလင်တွေပါ။

ဓမ္မပဒ၊ မိလိန္ဒပဥှာ၊ ဝိသုဒ္ဓိမဂ္ဂ စသည့် ဗုဒ္ဓဓမ္မ ကျမ်းစာပေါင်းများစွာကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သူ စာပေပညာရှင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်ဟာ ခရစ်ယာန်ဘာသာဝင်ပါ။

ဗုဒ္ဓဖြစ်လာခဲ့တဲ့ သိဒ္ဓတ္ထဂေါတမသည်ပင် မြန်မာလူမျိုး မဟုတ်ပါ။ လူအများ အခေါ်အဝေါ်နဲ့သာ ခေါ်ဝေါ်သုံးနှုန်း ရမယ်ဆိုရင်တော့ သိဒ္ဓတ္ထဂေါတမဟာ ကုလားလူမျိုး ဖြစ်ပါတယ်။

(၃)


လူတစ်ယောက်ကို လေ့လာအကဲဖြတ်ရာမှာ သူ့ရဲ့ မျိုးရိုးနဲ့ သူယုံကြည်ကိုးကွယ်တဲ့ ဘာသာတစ်ခုတည်းကို ကြည့်လို့ မရပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ သူ့ရဲ့ စိတ်နေစိတ်ထားသာ ပဓာန ဖြစ်ပါတယ်။

မိမိအနေနဲ့ ၂၀၁၅ ခုနှစ်အလွန်မှာ အဖက်ဖက်မှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံကို ဦးဆောင်ထိုက်သူ သမ္မတကို သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့ စိတ်ကောင်းစေတနာ၊ သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ သူ့ရဲ့ ကိုယ်ကျိုးစွန့်လွှတ် အနစ်အနာခံမှုနဲ့ လူထုလေးစာယုံကြည်မှု စံတွေနဲ့သာ တိုင်းတာပါတယ်။ ထိုစံတွေနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပြရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ထက် သာလွန်သူ တခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ပါ။

မိမိဟာ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တစ်ခါမျှ မမြင်ဖူးသလို NLD မှ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့မျှလည်း မခင်မင်ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန့်ရှင်းဖြူစင်မြင့်မြတ်တဲ့ စိတ်ဓါတ်ကို ဓမ္မအသိနဲ့ ယှဉ်ပြီး နားလည်သိမြင်ထားပါတယ်။

၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေး ရလာခဲ့သော်လည်း နစ်နာဆုံးရှုံးမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ယခုတစ်ကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်ခွင့် မရခဲ့ပါက ပြည်သူလူထုအတွက် နောက်ထပ်တစ်ကြိမ် အတိုင်းအတာကြီးမားသော နစ်နာဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လိုက်ရပြန်ပြီလို့ပဲ ဆိုချင်ပါတယ်။


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, June 12, 2014

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အုပ်စု နှစ်ခု

June 11, 2014 အုပ်စု နှစ်ခု

အရှင်စန္ဒိမာ (မွန်စိန်တောရ) ၊ ဇွန် ၁၁၊ ၂၀၁၄


(၁)

ဗုဒ္ဓဓမ္မကို ဂဃနဏ နားလည်သဘောပေါက်သူ မှန်ပါက လူမျိုးစွဲ ဘာသာစွဲ ရှိမည် မဟုတ်ပါ။ ရွှေကျင်စွဲ သုဓမ္မာစွဲ ရှိမည် မဟုတ်ပါ။ လူစွဲသော်မှ ရှိမည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အစမထင် ဘဝသံသရာမှာ အမြဲတမ်း လူ့ဘဝချည်း ရခဲ့တာ မဟုတ်လို့ပါ။

ဗမာလူမျိုးချည်း ဖြစ်ခဲ့တာ မဟုတ်သလို မွန်လူမျိုးချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ အရှေ့တိုင်းသားချည်း ဖြစ်ခဲ့တာ မဟုတ်သလို အနောက်တိုင်းသားချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ ဘဝတိုင်း ဗုဒ္ဓဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ ခရစ်ယာန်ဘာသာဝင်ချည်း ဖြစ်ခဲ့တာ မဟုတ်သလို အစ္စလမ်ဘာသာဝင်ချည်းလည်း ဖြစ်ခဲ့တာ မဟုတ်ပါ။ မြတ်စွာဘုရား အလောင်းတော်ပင်လျှင် ဘဝပေါင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့စဉ်ကာလမှာ ဘုရားသာသနာတော်နှင့် ကြုံတွေ့ခဲ့တာ (၉) ဘဝမျှသာ ရှိခဲ့ပါတယ်။ မြတ်စွာဘုရား အလောင်းတော်အနေဖြင့် ပါရမီဖြည့်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ များစွာသော ဘဝတွေဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့ပါဘူး။

ဒီအချက်ကို ဓမ္မဓိဌာန်ကျကျ မျှမျှတတ ပြန်လည်စဉ်းစားပါက အင်မတန် စိတ်ထားမြင့်မြတ် ဖြူစင်ကြတဲ့ လူမျိုးခြား ဘာသာခြား ပုဂ္ဂိုလ်များဟာ တစ်နေ့နေ့ တစ်ချိန်ချိန် ဘဝတစ်ခုခုမှာ ပကတိသာဝက မဟာသာဝက စသည် အဖြစ်ဖြင့် ကျွတ်တန်းဝင်မယ့် အလောင်းလျာတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူ ငြင်းနိုင်ပါ့မလဲ???

ဝိပဿနာဥာဏ်ဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မကို အမှန်တကယ် မြင်ပါက ထိုထိုအစွဲများ ရှိတော့မည်မဟုတ်ပါ။ ထိုထိုအစွဲသည်ပင် လူမျိုးရေးအစွန်းရောက် ဘာသာရေးအစွန်းရောက် ဝါဒစွဲအစွန်းရောက် အာဏာစွဲအစွန်းရောက်အဖြစ်သို့ တွန်းပို့နေတာပါ။ ထိုထို အစွဲများ ရှိနေခြင်းသည်ပင် ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရကို မမြင်သေးဘူးဆိုတာကို ဖေါ်ပြနေတာပါ။ ရုပ်နာမ်ဓမ္မကို အသာထား။ သတ္တဝါအားလုံးအပေါ် မေတ္တာမထားနိုင်သေးသမျှ ဘုရားအဆုံးအမကို အမှန်တကယ် လိုက်နာသူလို့ မဆိုနိုင်သေးပါ။

(၂)

သို့သော် လူမျိုးဘာသာမရွေး နေရာဒေသမရွေး လူရှိနေသရွေ့ အစွန်းရောက်တဲ့ လူတွေလည်း ရှိနေအုံးမှာပါ။ သူတစ်ပါး အစွန်းရောက်မှုကြောင့် မိမိတို့ ပြန်လှန်အစွန်းရောက်ရန် မလိုအပ်ပါ။ အစွန်းရောက်မှုကို အစွန်းရောက်မှုဖြင့် တုံ့ပြန်နေသရွေ့ ပြဿနာ ကြီးသထက် ကြီးထွားလာရန်သာ ရှိပါတယ်။ အစွန်းရောက်စိတ်ဓါတ်ဟာ မွေးမြူရန်မဟုတ်။ ပယ်ရှားရန်သာ ဖြစ်ပါတယ်။ အစွန်းရောက်သူများဟာ လူများစုကို ကိုယ်စားမပြုပါ။ အစွန်းရောက်သူ ၀.၀၁ ရာခိုင်နှုန်းရဲ့ စကားတွေကို အေးအေးချမ်းချမ်း နေလိုကြတဲ့ သာမာန်ပြည်သူ ၉၉.၉၉ ရာခိုင်နှုန်းအနေနဲ့ နားမယောင်သင့်ပါ။

လူမျိုးရေးအစွန်းရောက်စိတ်၊ ဘာသာရေးအစွန်းရောက်စိတ်၊ ဝါဒစွဲအစွန်းရောက်စိတ်၊ အာဏာစွဲအစွန်းရောက်စိတ်တွေကြောင့် လူသားများ သေကြေပျက်စီးခဲ့ကြရတဲ့ သမိုင်းသင်ခန်းစာများကို မမေ့အပ်ပါ။ သို့သော် လူဆိုသည်မှာ တစ်ဦးနဲ့ တစ်ဦး ရုပ်ရည်ချင်းမျှသာ ကွာခြားနေတာ မဟုတ်ဘဲ အသိဥာဏ် အနိမ့်အမြင့်၊ အကျင့်သီလ ရင့်ကျက်တည်ငြိမ်မှု ရေချိန်တွေလည်း ကွာဟနေတာ လက်တွေ့မျက်မြင်ပါ။ ဒီလို ကွာဟချက်တွေဟာ ယေဘုယျအားဖြင့် အသက်အရွယ် အတွေ့အကြုံအရ ပြောင်းလဲလာတတ်ပေမယ့် ဒါကလည်း လုံးဝဥဿုံ မမှန်ပြန်ပါဘူး။ တသတ်လုံး လူသတ်ဖို့ အမိန့်ပေးလာခဲ့တဲ့ လူဟာ တတိယအရွယ် ရောက်လာတာတောင် ဒုံဟောင်းဟာ ဒုံဟောင်းပါပဲဆိုတာ အာဏာရှင် ဦးနေဝင်းရဲ့ နောက်ဆုံးမိန့်ခွန်းက သက်သေခံနေပါတယ်။

(၃)

ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တွေကို ကြည့်လိုက်ရင် တူညီတဲ့ အချက်များစွာကို တွေ့ရပါလိမ့်မယ်။ အဲဒီအထဲမှာ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်တာ၊ သူတို့ရဲ့ မိသားစု ဆွေမျိုးအဝန်းအဝိုင်းနဲ့ အာဏာရှင်စနစ် တည်မြဲရေးနဲ့ ကိုယ်ကျိုစီးပွါးအတွက် အပြန်အလှန် ကျေးဇူးရှိကြတဲ့ ရေပေါ်ဆီ အခွင့်ထူးခံ ခရိုနီ လူတန်းစားဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမှုအသိုက်အဝန်းထဲမှာ စည်းစိမ်ခံစားကာ ကျေနပ်နှစ်သိမ့် ပျော်မွေ့ နေကြတာတွေကတော့ တထပ်တည်း တူကြတယ်။

သူတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တူချင်မှ တူမယ်။ ဥပမာ မြောက်ကိုးရီးယားဆိုရင် ကွန်မြူနစ်စနစ်ကို လက်ခံကျင့်သုံးတာ ဆိုတော့ ဘာသာမဲ့ပဲ ဆိုပါတော့။ ဆီးရီးယားကေတာ့ အစၥလမ္ဘာသာပါ။ မြန်မာနိုင်ငံကတော့ သိကြတဲ့အတိုင်း ဗုဒ္ဓဘာသာပါ။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံသားများကို ဖိနှိပ်အုပ်ချုပ်တာ၊ အာဏာမြဲဖို့ ဘယ်သူသေသေ ငတေမာပြီးရော မူကို လက်ကိုင်ထားတာချင်းကတော့ တူကြတယ်။

တကယ်တော့ သူတို့ အမည်ခံထားတဲ့ ဘာသာတရား ယုံကြည်ကိုးကွယ်မှုဆိုတာ သူတို့ အာဏာမြဲရေးအတွက် လိုအပ်ရင် ခုတုံးလုပ် အသုံးချဖို့ထက် မပိုပါဘူး။ ဘယ်အမျိုးဘာသာကိုမှ သူတို့စောင့်မှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိတယ်။ အာဏာ အသက်ဆက်ရေးအတွက် အထောက်အပံ့ဖြစ်မယ် ဆိုရင်တော့ ဘာမဆို ယူသုံးမှာပါ။ မျိုးစောင့်ဥပဒေမှ မဟုတ်ပါဘူး။ အရင်းစစ်လိုက်ရင် အာဏာရှင်တို့ရဲ့ ကိုးကွယ်တဲ့ ဘာသာဟာ ဗုဒ္ဓဘာသာ မဟုတ်သလို အစ္စလမ်ဘာသာလည်း မဟုတ်ပါဘူး။ အာဏာသာလျှင် ကမ္ဘာပေါ်မှာ ရှိကြတဲ့ အာဏာရှင်တို့ရဲ့ ကိုးကွယ်ရာ ဘာသာ ဖြစ်တယ် ဆိုတာ သာဓက ထုတ်စရာ မလိုလောက်အောင် ထင်ရှားပြီးသားပါ။

(၄)

အာဏာရှင်စနစ်ကို အသက်ဆက်ချင်နေကြသူတွေကို အုပ်စု နှစ်ခု ခွဲလို့ ရနိုင်ပါတယ်။ ပထမအုပ်စုက အာဏာရှင်စနစ်ကြောင့် အကျိုးခံစားခွင့် ရနေကြသူများ ဖြစ်ပါတယ်။ ဒုတိယအုပ်စုက အာဏာရှင်များနဲ့ အာဏာရှင်လက်ဝေခံတွေရဲ့ မှိုင်းတိုက်မှုကို ခံရပြီး ကိုယ်ပိုင်ခေါင်း (ဦးနှောက်) မရှိသူများ ဖြစ်ပါတယ်။

ပထမအုပ်စုက လူလည်လူညစ်များဆိုတော့ သူတို့ရဲ့ အတ္တအတွက်ဆိုရင် ဘနဖူး သိုက်တူးမယ့် လူတွေမို့ ပြောစရာ ကုန်နေပါပြီ။ ဒုတိယအုပ်စုအတွက်ကတော့ စိတ်မကောင်းစရာပါ။ အာဏာရှင်ခေတ် တလျှောက်လုံးမှာ လူမျှိုးရေး ဘာသာရေး မှိုင်းတိုက်မှုတွေကို အာဏာရှင်တွေ မရိုးနိုင်အောင် ကျင့်သုံးခဲ့တယ်။ အာဏာရှင်တွေအတွက် ဒီကျင့်စဉ်ဟောင်းက ယနေ့အထိလည်း အသုံးတဲ့နေဆဲပါ။ မှိုင်းတိုက်သူတွေ ရှိနေလို့လည်း မှိုင်းတိုက်ခံရသူတွေ ရှိနေရတာပါ။ မှိုင်းတိုက်နည်း များစွာထဲမှာ ဘာသာရေးမှိုင်းတိုက်နည်းက လူဗိန်းကြိုက်မို့ အရင်းစိုက်ရ အနည်းဆုံးနဲ့ အသုံးအတဲ့ဆုံးပဲ ဖြစ်ပါတယ်။

ယနေ့ အပြောများနေတဲ့ ၅၉(စ) ကလည်း တကယ်တော့ စစ်အာဏာရှင်တွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားတဲ့ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ဣဿာ မစ္ဆရိယ ပြယုဂ်တစ်ခုမျှသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအာဃာတနဲ့ ပြဌာန်းထားခဲ့တဲ့ ၅၉(စ)ကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် တည်ရှိနေသင့်တဲ့ ဥပဒေအဖြစ် အမြင်မှားနေကြသူတချို့လည်း ရှိနေပြန်တယ်။ အာဏာရှင်တို့ အလိုကျ ၂၀၀၈ အခြေခံဥပဒေကို ရေးခဲ့ကြတဲ့ လူတွေဟာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စေတနာနဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဟန့်တားပိတ်ပင်ဖို့ ညစ်ပတ်တဲ့ ရည်ရွယ်ချက်နဲ့ ၅၉(စ)ကို ထည့်သွင်းခဲ့တာလား ဆိုတာ စဉ်းစားဥာဏ်ရှိသူတိုင်း သိထားပြီး ဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ နှင့် ၅၉(စ) မပြင်ဆင်ရေး တန်ပြန် ဆန္ဒပြနေကြသူတွေဟာ အထက်မှာ ဖေါ်ပြခဲ့တဲ့ အုပ်စု နှစ်ခုစလုံးမှ လူတွေ ပါဝင်နေမှာ သေချာပါတယ်။ စစ်အာဏာရှင်တွေက သူတို့ဟာသူတို့ ညစ်ပတ်တဲ့အကြံနဲ့ ၅၉(စ)ကို ပြဌာန်းခဲ့တာကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအတွက် ရှိသင့်တဲ့ ဥပဒေအဖြစ် မှိုင်းတိုက်သူတွေ ရှိနေသလို မှိုင်းတိုက်ခံရသူတွေ ရှိနေတာလည်း အမှန်ပါပဲ။

(၅)

ဗုဒ္ဓမြတ်စွာ ပွင့်ပေါ်တော်မူလာခြင်းဟာ ဗုဒ္ဓကို ယုံကြည်ကြသူများအတွက်မျှသာ မဟုတ်ပါ။ ၃၁ ဘုံမှာ တည်ရှိကြတဲ့ သတ္တဝါဝေနေယျများအားလုံးအတွက် ပွင့်ပေါ်တော်မူလာခြင်း ဖြစ်ပါတယ်။ ဘုရားလောင်း အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများဟာ လူမျိုးမရွေး ဘာသာမရွေး အသားအရောင်မရွေး လူသားများအားလုံး အတုယူသင့်တဲ့ ဆုတောင်းများဖြစ်ပါတယ်။ အကိတ္တိရှင်ရသေ့ရဲ့ ဆုတောင်းများကို နမူနာယူပြီး ဤသို့ ဆုတောင်းစကား ဆိုချင်ပါတယ်……………


ဘဝဆက်တိုင်း အစွန်းမရောက်သူ ဖြစ်ရပါလို၏။ အစွန်းရောက်သူကို ဘဝဆက်တိုင်း မတွေ့မမြင်ရပါလို၏။ အစွန်းရောက်သူအကြောင်း ဘဝဆက်တိုင်း မကြားရပါလို၏။ အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း မိတ်ဆွေမဖြစ်ရပါလို၏။ အစွန်းရောက်သူနှင့် ဘဝဆက်တိုင်း စကားမပြောရပါလို၏။ အစွန်းရောက်သူကို ဘဝဆက်တိုင်း မနှစ်သက်ရပါလို၏။


(မိုးမခမှ ကူးယူဖေါ်ပြပါသည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, June 11, 2014

တတိယအကြိမ်မြောက် မြန်မာအသင်း ကွင်းဖွင့်ဖလား ဂွမ်ဂျုးအသင်းမှ အနိုင်ရ ဗိုလ်စွဲ

သတင်းဓါတ်ပုံပေးပို့သူ - ဦးခင်မောင်ရင်၊ ဦးသောင်းထွန်း

မြန်မာအသင်းမှ ကြီးမှုးကျင်းပသော တတိယအကြိမ်မြောက် ကွင်းဖွင့်ဖလားဘော်လုံးပြိုင်ကို ၂၀၁၄ ခုနှစ် ဇွန်လ (၈) ရက် တနင်္ဂနွေနေ့ က ပူချွန်းမြို့ရှိ ရှင်းဝေါ်အလယ်တန်းကျောင်း (심원중학교 ) ဘော်လုံးကွင်းတွင် မနက် (၈) နာရီမှ ညနေ (၆)နာရီထိ ယှဉ်ပြိုင်ကစားရာ အသင်း (၁၃) သင်းပါဝင်ကစားခဲ့ရာတွင် ဂွမ်ဂျုး ဘော်လုံးအသင်းမှ (ပထမ) ၊ အင်ချွန်းယူနိုက်တက်မှ (ဒုတိယ) နှင့် တယ်လီတော်ကီ အသင်းမှ (တတိယ) ဆုအသီးသီးရရှိခဲ့သည်ဟုသတင်းရရှိပါသည်။


                                  ပထမဆု ရရှိသော ဂွမ်ဂျုးအသင်းမှ ဆုလက်ခံရယူစဉ်

                                ပထမဆု ရရှိသော ဂွမ်ဂျုးအသင်းမှ ဆုငွေလက်ခံရယူစဉ်


နောက်ဆုံးဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံ အင်ချွန်းယူနိုက်တက် ဘော်လုံးအသင်း နှင့် ဂွမ်ဂျုး ဘော်လုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ပွဲပြီးချိန်အထိ ဂိုးမရှိ သရေကျနေသဖြင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကန်သွင်းကြရာတွင် ဂွမ်းဂျုးအသင်းမှ အနိုင်ရ ဗိုလ်စွဲသွားသည်ဟု သတင်းရရှိပါသည်။

                      ဒုတိယဆု ရရှိသော အင်ချွန်းယူနိုက်တက်အသင်းမှ ဆုလက်ခံရယူစဉ်


ကွင်းပိတ်ဖလားဘော်လုံးပြိုင်ပွဲကိုလည်း (၉)လပိုင်း ချုဆော့ပိတ်ရက် တိလောကမုနိဘုရားပွဲတော်အပြီး တွင် ကျင်းပမည်ဟုသိရပါသည်။ ရက်အတိအကျ ကိုထပ်မံထုတ်ပြန်ပေးမည်ဖြစ်ပြီး ကွင်းပိတ်ဖလားဘော်လုံးပြိုင်ပွဲကိုတော့ ဘော်လုံးကွင်း ကောင်းကောင်းတွင် ကျင်းပပြုလုပ်ပေးမည်ဟု မြန်မာအသင်းဥက္ကဌ ဦးခင်မောင်ရင်မှ ကတိပေး ပြောကြားပါသည်။

                        တတိယဆု ရရှိသော တယ်လီတော်ကီ အသင်းမှ ဆုလက်ခံရယူစဉ်







ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာအသင်း မဟာသင်္ကြန်ပွဲတော် ပြန်လည်ကျင်းပပါမည်။

ရေးသားသူ —  မြန်မာအသင်း (ကိုရီးယား)

ကိုရီးယားနိုင်ငံရောက် ညီအကိုမောင်နှမများခင်ဗျာ...
လာမယ့် ဇွန်လ ၂၂ ရက် (တနင်္ဂနွေ)နေ့တွင်
မြန်မာအသင်း(ကိုရီးယား) က နှစ်စဉ် ကြီးမှူးကျင်းပသည့်  မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်သို့ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း ပါဝင်ဆင်နွှဲကြပါရန် မြန်မာနိုင်ငံသား ညီအကိုအပေါင်းနှင့် အဖွဲ့အစည်းအသီးသီးတို့အား လေးစားစွာဖြင့် ပြန်လည်ဖိတ်ကြားအပ်ပါတယ်။

နေ့ရက် = ၂၀၁၄ ဇွန်လ ၂၂ရက် ( တနင်္ဂနွေနေ့)
 နေရာ = ပြည်သူ့အားကစားကွင်း၊ ပူချွန်းမြို့
အချိန် = မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီ

 
ဆက်သွယ်ရန်။
ဦးခင်မောင်ရင်- ၀၁၁ ၉၃၈၆ ၇၁၅၃
ဦးသန့်ဇင်အောင်- ၀၁၀ ၉၀၅၄ ၄၇၂၇


မဟာသင်္ကြန်ပွဲတွင် ပူးပေါင်း ပါဝင်ကြမည့် ကိုရီးယား အခြေစိုက် မြန်မာအသင်းအဖွဲ့ မဏ္ဍပ်များနှင့် ဧည့်ခံကျွေးမွေးကြမည့် စတုဒီသာများကို ဆက်သွယ်အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် နှိုးဆော်အပ်ပါတယ်...

ဆိုဆာဘူတာ(소사역) ထွက်ပေါက် ၁ အနီးမှ အမှတ် ၉၅၊ ၆၀၊ ၉ ဘတ်စ်ကားများ ဘူချောန်းဂျံဟပ်အွန်ဒုံဂျန်ဘူတာ(부천 종합운동장) ထွက်ပေါက်အမှတ် (၂)
ဘူချောန်းဘူတာမှ ဘတ်စ်ကား အမှတ် ၃ စီး၍ 부천 종합운동장 (ဘုချောန်းဂျုံဟပ်အွန်ဒုံဂျန်) တွင် ဆင်းပါ။

 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>