Wednesday, December 17, 2008

သာသနာပြု ဆရာတော်ကြီး နှစ်ပါးကြွရောက်တော်မှုလာခြင်း

ပြည်ပ သာသနာပြု ဆရာတော်များကြီးများ ဖြစ်ကြသော သဒ္ဒမ္မ မဏ္ဍိုင် ကျောင်းတိုက် ပဓာန နယက ဆရာတော် ဘဒ္ဒန္တ နာဂသေန နှင့် တောစခန်းသာ မဟာစည်ရိပ်သာ ကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ တေဇဝန္တ တို့သည် ပြည်ပသာသနာ ပြု ခရီးစဉ် အဖြစ် ကိုရီးယား နိုင်ငံ သို့ ၁၆.၁၂.၂၀၀၈ ( အင်္ဂါ နေ့ ) တွင် ရောက်ရှိပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား ) တွင် သီတင်းသုံးနေ ထိုင်မည်ဖြစ်ပါသည်။

ဆရာတော်ကြီးများသည် ပြည်ပသို့ သာသနာပြုခရီးအဖြစ် ဂျပန် ၊ ကိုရီးယား ၊ အိန္ဒိယ ၊ နီပေါ ၊ သီရီလင်္ကာ ၊ ထိုင်း ၊ မလေးရှား ၊ စင်္ကာပူ ၊ ကမ္ဘောဒီးယား နိုင်ငံ များသို့ ယ္ခင်က ကြွရောက်ဖူးသော ပြည်ပသာသနာပြု အတွေ့ အကြုံ များ ရှိခဲ့ဘူးပါသည်။ ယခုအခါ ကိုရီးယား ၊ ဂျပန် နိုင်ငံ များသို့ သာသနာပြုခရီ့းစဉ် အဖြစ်ကြွရောက်လာခိုက် ကိုရီးယားနိုင်ငံရှိ ဓမ္မမိတ်ဆွေ သူတော်စင်များ ကြည်ညို ၊ သဒ္ဒါ ပွား ဖူးမျှော်နိုင်ရန် ၁၀ ရက်ခန့် သီတင်းသုံးနေထိုင်မည်ဖြစ်ပြီး တရား ဓမ္မ များချီးမြှင့် ပေးမည်ဖြစ်ပါသည်။
ဆရာတော်များ သီတင်းသုံး နေထိုင်စဉ် အတွင်း ဆွမ်း ၊ ကွမ်း ၊ ဝေယျာဝစ္စ များ ကပ်လှူပူဇော် နိုင်ရန် ကျောင်းတော်၏ ဝေယျာဝစ္စ အဖွဲ့ဝင်များ က စီစဉ်ဆောင်ရွက်ပေး လျှက်ရှိပါသည်။ သိုပါ၍ ကျောင်းတော်တွင် အလှူရှင်များ အဆင်ပြေစွာ လှူဒါန်း နိုင်ရန်အတွက်
အာရုံဆွမ်း တနပ်လျှင် ဝမ် ၂၀,၀၀၀ နှုန်း
နေ့ဆွမ်း တနပ်လျှင် ဝမ် ၄၀,၀၀၀ နှုန်း
အာရုံ နှင့် နေ့ဆွမ်း တရက်စာ ဝမ် ၅၀,၀၀၀ နှုန်း ဖြင့်

ကျောင်းတော်၏ ဝေယျာဝစ္စ အဖွဲ့ ဝင်များ နှင့် ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော် ၍ နှိုးဆော်တိုက်တွန်း လိုက်ပါသည်။
၁၇.၁၂.၂၀၀၈ ( ဗုဒ္ဓဟူးနေ့) အလှူရှင် ဦးသန်းမောင် ( ဂွမ်းဂျူး ) ကွယ်လွန်သူ ဦးဘသိန်း အားရည်စူး၍
အာရုံ ၊ နေ့ဆွမ်း
၂၀.၁၂.၂၀၀၈ ( စနေ နေ့ ) အလှူရှင် ဗောဓိရိပ်သာ ( ဆိုးလ် ) နေ့ဆွမ်း

ဝေယျဝစ္စ အဖွဲ့ ဖုံး ။ ၀၃၂ - ၅၁၁ ၂၈၄၁ ၊ ၀၁၀ ၂၃၂၇ ၂၄၅၇ ၊ ၀၁၀ ၈၆၉၃ ၉၂၇၄ ၊
၀၁၀ ၅၇၈၀ ၀၈၆၂ ၊ ၀၁၀ ၆၄၇၄ ၉၃၈၁ ၊ ၀၁၀ ၃၁၄၈ ၄၇၇၁ ၊
၀၁၀ ၂၉၀၅ ၅၇၉၉ ၊ ၀၁၀ ၅၅၆၄ ၄၅၄၄


တရားပွဲ ကျင်ပမည် အစီအစဉ် ကို ထပ်မံကြေညာပါမည်။

No comments: