ငါဟာ
ပြတင်းပေါက်ကလေးပါ။
သူ့ကို
ဖွင့်ကြည့်လိုက်ရင် အထဲမှာ
တုန်ယင်နေတဲ့ အလွမ်းတွေကို တွေ့ရမယ်…
အလွမ်းဆိုတာ
မိုးစိုနေတဲ့ ငှက်ကလေးတစ်ကောင်ရဲ့
မပျံသန်းနိုင်တဲ့ ကောင်းကင်ပေါ့…
ကောင်းကင်ကတော့
မျှော်လင့်ချက်တွေကို နေရောင်ခြည်အဖြစ်
ကမ္ဘာမြေပေါ်က ချစ်သူတွေဆီကို ပေးပို့လို့…
မင်းသိရဲ့လား…
နေရောင်ခြည်တွေ အပြည့်နဲ့
ပြတင်းပေါက်ကလေးဟာ… ငါပေါ့…။ ။
4 comments:
ကောင်းတယ်ဗျာ။ ထိထိမိမိ ပိပိရိရိ ရှိတယ်။
ပြတင်းပေါက်လေးမှာ
မေးလေးထောက်
သူတစ်ယောက်ပြန်အလာ
မျှော်နေရှာပေါ့....။
မပျံသန်းနိုင်တဲ့ငှက်
ဘယ်အတွက်ဆိုတာ
အဖြေရှာမရဘူး
ဒယ်ဟန်မင်းဂူမှာ မြက်နုရှာရင်း
သက္ကရာဇ်တွေကို ခြေနဲ့နင်းသည်
ပြတင်းပေါက်လေးသိပါစေ....။
ကဗျာနဲ့ ပတ်သက်လို့ ဆရာတင်ပါရစေလားဆရာညီဇေ
ရေ.မတွန့် တိုတတ်ဘူးထင်ပါ့နော်
ကိုမင်းကျော်ဇေခင်ဗျား... ကဗျာနဲ့ ပါတ်သက်လာရင် ကျနော် အရမ်းရှက်တတ်တယ်ဗျ...။ အဲဒါကြောင့် ကဗျာတွေကို လေ့ကျင့်ခန်းဆန်ဆန်ပဲ ရေးဖြစ်ပါတယ်...။ ရေးပြီးရင်လည်း တစ်နည်းနည်းနဲ့ ဖျောက်ပစ်လိုက်တာ များပါတယ်...။ ကိုယ့်ကဗျာကိုယ် ပြန်ဖတ်လိုက်တိုင်း ပေါ့ရွှတ်ရွှတ်လိုမျိုး ခံစားရတယ်...။ အနုပညာဝမ်းစာ ချို့တဲ့သူတွေ ရေးသလိုမျိုးပါပဲ...။ ဘ၀အတွေ့အကြုံတွေလည်း ပြည့်စုံမယ်၊ အနုပညာဝမ်းစာလည်း ပြည့်စုံမယ်၊ စာပေအရေးအသားအနေနဲ့လည်း ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိလာပြီလို့ ယူဆတဲ့ တစ်နေ့ကျရင်တော့ ကဗျာတွေ ရေးဖြစ်ပါလိမ့်မယ်...။ အခုကတော့ ရေးအားလေးတစ်ခုရအောင်ပဲ ကြိုးစားနေပါတယ်...။ ဟန်းဂုရွာမှာ ရသတစ်ခုရောက်အောင် ရေးနိုင်တာ ကိုဝင်းပေါ်မောင်ပဲ ရှိတယ်လို့ ထင်ပါတယ်...။ ကျနော် သူ့အက်ဆေးတွေကို အရမ်းကြိုက်တယ်ဗျ...။ ပြီးတော့ ဘလော့ဂ်ပေါင်း မြောက်များစွာမှာ ကျနော်တို့ လေးစားအတုယူရမယ့် ကဗျာဆရာတွေ အများကြီးရှိပါတယ်...။ ကိုရီးယားမှာ လက်ရှောင်နေတဲ့ ကဗျာဆရာတွေလည်း ရှိပါတယ်...။ ဟန်းဂုရွာကို အလည်လာနေကြတဲ့ ကျနော်တို့ မမြင်ရတဲ့ ပညာရှင်တွေလည်း အများကြီးရှိပါတယ်...။ ကဗျာကတော့ အတူတူ လေ့လာသင်ယူကြတာပေါ့ဗျာ...။ ပုံမှန်လေးရေးသွားကြရင်း ပုံနှိပ်စာမျက်နှာတွေပေါ် တက်ကြတာပေါ့ဗျာ...။ လောလောဆယ်တော့ ကျနော်တို့တွေ ရေးအားလေးတစ်ခုရဖို့ သူ့ ကိုယ်အားပေး..၊ ကိုယ့် သူအားပေး လုပ်နေတာလောက်ပါပဲဗျာ...။ ဒါနဲ့ အဲဒီပို့စ်ရဲ့ labels မှာ ကဗျာ၊ ဖတ်စရာ၊ ဟာသ လို့တပ်ထားတယ်ခင်ဗျာ့...။
Post a Comment