Thursday, June 4, 2009

အဘိဓမ္မာသင်တန်းဖွင့်လှစ်မည်

ကိုဝိုင်း(မိုးညှင်း)
ဇွန် ၄ ၊ ဆောအူးလ်မြို့။

ဓမ္မဒူ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ စီစဉ်မှုအရ ၊ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ ဗုဒ္ဓဘာသာ၏ အခြေခံအယူအဆများကို အခြေခံကျကျ ခိုင်ခိုင်မာရှင်းရှင်းလင်း သိရှိနိုင်ကြစေရန် ရည်ရွယ်လျက် ၊ ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အသိအမြင်များ ဖြစ်တော်မူသည့် အဘိဓမ္မာသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်-
သင်တန်းကာလ ။ အပါတ်စဉ် စနေ ၊ တနင်္ဂနွေ ။ ၃ လတိတိ ။
သင်တန်းအချိန် ။ မွန်းလွဲ ၁နာရီ ခွဲမှ ၄ နာရီခွဲထိ ။
သင်တန်းနေရာ ။ ဓမ္မဒူတစင်တာ (ကိုရီးယား) ။
သင်တန်းကြေး ။ အခမဲ့ ။

သင်တန်းကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာအရှင် နန္ဒက ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့်ပို့ချမည် ဖြစ်ကြောင်း ၊ နိုင်ငံခြားသားများအတွက် ရည်ရွယ်ဖွင့်လှစ်သောသင်တန်းဖြစ်ကြောင်း ၊ မြန်မာများအနေဖြင့်မူ အင်္ဂလိပ်စာ ၊ အင်္ဂလိပ် စကားပြော လေ့ကျင့်ရင်း မြတ်ဗုဒ္ဒ၏ အဘိဓမ္မာတရားတော်ကို နာယူမှတ်သားနိုင်မည့် တစ်ချက်ခုတ်နှစ်ချက်ပြတ် အကျိုးရရှိစေနိုင်သော အခွင့်ထူး အစီအစဉ်ကောင်း တစ်ခု ဖြစ်ကြောင်းသိရသည် ။
အသေးစိတ်သိလိုသူများ - လက်ကိုင်ဖုန်း ၀၁၀-၂၃၃၁-၂၄၅၇ ထံမေးမြန်းနိုင်ကြကြောင်း နှင့် ၊ သင်တန်းဖွင့်မည့်ရက်ကို မကြာမှီ သတင်း ထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရသည် ။


No comments: