Sunday, June 7, 2009

တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးဒုံးပျံ ဇူလိုင်လကုန်ပိုင်းလွတ်တင်မည်

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ ဇွန် ၆
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး အာကာသအတွင်းသို့ ဒုံးပျံပစ်လွှတ်မှုကို လာမည့်ဇူလိုင်လကုန် လောက်တွင် စတင်လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုံးပျံလွှတ်တင်ခြင်းကို မြို့တော်ဆိုးလ်နှင့်၄၇၅ ကီလိုမီတာ ကွာဝေးသည့် ဂျော်လာ တောင်ပိုင်း ပြည်နယ် (South Jeolla Province) ၊ ဂိုဟွန့်(Goheung) အရပ်ရှိ နာရိုအာကာသစင်တာ(Naro Space Center) မှ ဇူလိုင်လ ၃ဝ ရက်နေ့တွင် လွှတ်တင်ဖွယ်ရှိကြောင်း ၊ တောင်ကိုရီးယား အာကာသ သုတေသနအဖွဲ့ (The Korea Aerospace Research Institute: KARI)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

KSLV-1 (Korea Space Launch Vehicle-1)ဟုအည်ပေးထားသည့် အဆိုပါဒုံးကျည် အစိတ်အပိုင်းအချို့ကို ရုရှားနိုင်ငံတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုံးကျည်၏ဒုတိယအဆင့်နှင့် ကမ္ဘာပတ်လမ်းကြောင်းသို့ပို့ဆောင်မည့် ဆက်သွယ်ရေးဂြိုဟ်တုကို ကိုရီးယားအင်ဂျင်နီယာပညာရှင်များက တည်ဆောက်ခဲ့သည်ဟုဆိုသည် ။
ယင်းဒုံးပျံကို ၂ဝဝ၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၈၈ ဒသမ ၇ သန်း (ဝမ် ၅ဝဝ ဘီလီယံ) ကုန်ကျခဲ့ကြောင်း ၊ ဒုံးပျံသည် တန် ၁၄ဝအလေးချိန်ရှိပြီး ၃၃ဒဿမ၅ မီတာရှည်ကာ ၊ အချင်း ၂ ဒဿမ ၉ မီတာရှိသည် ဟုဆိုသည် ။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးလွှတ်တင်မည့် ယင်းဒုံးကျည်သည် ၂ဝဝ၈ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီချွမ်ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းထားခဲ့ရခြင်းအပါအဝင် နှစ်ကြိမ်တိုင် တိုင် ရွှေ့ဆိုင်းခဲ့ရပြီးပြီဟုဆိုပါသည်။
တောင်ကိုရီးယားနှင့်အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ဧပြီလက တာဝေးပစ်ဒုံးပျံစမ်းသပ်ပစ် လွှတ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ဆိုသည်။
Ref:
1. http://www.straitstimes.com/Breaking%2BNews/Asia/Story/STIStory_384844.html
2. http://rokdrop.com/2009/04/15/south-korea-announces-first-rocket-launch-into-space/
3. http://www.space-travel.com/reports/SKorea_to_launch_first_space_rocket_in_July_official_999.html
4. http://www.iol.co.za/index.php?set_id=1&click_id=118&art_id=nw20090602125417536C926503
5. http://www.parabolicarc.com/2009/03/14/south-korean-rocket-launch-set-late-july/

No comments: