Wednesday, August 5, 2009

အီးအူအထက်တန်းကျောင်းသား၊ကျောင်းသူများရဲ့ ၈လေးလုံးလှုပ်ရှားမှုအစီအစဉ်

ရေးသားသူ — မောင်ဇော်
တာဝန်ရှိသူများ ခင်ဗျာ - -
အီးအူထက်တန်းကျောင်းမှ ကိုရီးယား ကျောင်းသူ၊ ကျောင်းသားများသည် ထိုင်း-မြန်မာနယ်စပ်သို့ နှစ်စဉ်
သွားရောက်ပြီး တော်လှန်ရေးဆင်နွှဲနေကြသူများ၊ မြန်မာပြည်သူပြည်သားများ၊ ကျောင်းသူကျောင်းသားများနှင့်
တွေ့ဆုံလေ့ရှိကြသည်။
အီးအူအထက်တန်းကျောင်းသည် မြန်မာ့အရေးကို စိတ်ဝင်စားသည့် ကိုရီးယားနိုင်ငံမှ အထက်တန်းကျောင်း
တစ်ခု ဖြစ်သည်။ ကိုရီးယားနိုင်ငံအတွင်း မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်နေသူများ၏ ဒေ၀ူးရှေ့ ဆန္ဒြပပွဲ၊ စစ်သံရုံးရှေ့ဆန္ဒပြပွဲ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဆုတောင်းပွဲအချို့တို့တွင် ပူပေါင်း ဆောင်ရွက် လာခဲ့ ကြသည်။
အီးအူကျောင်းသူ၊ ကျောင်းသားများသည် လာမည့်သြဂုတ်လ(၈)ရက်နေ့ (၈လေးလုံးနှစ်ပတ်လည်)တွင်
ကန်ပိန်းတစ်ခုလုပ်ရန် စီစဉ်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ မြန်မာ့အရေးကို ကိုရီးယားပြည်သူများ ပိုမိုသိရှိရန်၊
မြန်မာပြည်သူများနှင့် ၎င်းတို့တသားထဲရှိကြောင်း ပြသရန်၊ မြန်မာ့အရေးကို စိတ်ပါဝင်စားသူများထံမှ ထောက်ခံ လက်မှတ်များ၊ အလှူငွေများကို ကောက်ခံရန်နှင့် ရရှိသောအလှူငွေများကို ထိုင်း-မြန်မာနယ်စပ် စာသင်ကျောင်း အချို့သို့ ပေးလှူသွားမည်ဟု ဆိုသည်။

သြဂုတ်လ(၈)ရက်နေ့ (၈လေးလုံးနှစ်ပတ်လည်နေ့) နံနက်(၁၁)နာရီတွင် NLDကိုရီးယားဌာနခွဲမှ ဦးဆောင်
ကျင်းပမည့် နအဖ စစ်သံရုံးရှေ့ သတင်းစာရှင်းလင်းပွဲ (စစ်အာဏာရှင်ဆန့်ကျင်ရေး အခမ်းအနား)ကို ပါဝင်ဆင်နွှဲ ပြီးနောက် နေ့လည်(၂)နာရီမှ စတင်ပြီး ဆိုးလ်မြို့လူစည်ကားရာနေရာတွင် ၎င်းတို့စီစဉ်ထားသော ကန်ပိန်းကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါကန်ပိန်းကိုစီစဉ်သူ ကိုရီးယားကျောင်းသူ၊ ကျောင်းသားလေးများမှ ၎င်းတို့နှင့် ပူးပေါင်းပါဝင်
ဆောင်ရွက်ရန် မေတ္တာရပ်ခံထားပါသည်။
တာဝန်ရှိသူများ ခင်ဗျာ - -
ကိုရီးယားကျောင်းသူ၊ ကျောင်းသားလေးများ၏ မြန်မာ့အရေး ဆောင်ရွက်ချက်ကို တတ်အားသရွေ့
(စိတ်အား၊ လူအား၊ ငွေအား) အားဖြည့်ပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံအပ်ပါသည်။
လေးစားစွာဖြင့်
မောင်ဇော်

No comments: