Tuesday, October 27, 2009

မြန်မာအလုပ်သမားများအတွက် အလုပ်သမားရေးရာဟောပြောပွဲနှင့် ရုပ်ရှင်ပြသပွဲ။

မြန်မာအလုပ်သမားများအတွက် အလုပ်သမားရေးရာဟောပြောပွဲနှင့် ရုပ်ရှင်ပြသပွဲ။

ကိုရီးယားရောက် မြန်မာနိုင်ငံသားအလုပ်သမားများအားလုံးအား လေးစားစွာ
ဖိတ်ကြားအပ်ပါတယ်။

ကိုရီးယားရောက် မြန်မာအလုပ်သမားများအနေဖြင့်
ကိုရီးယားနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားတို့ ဖြတ်သန်းလာခဲ့ရသည့် နောက်ခံသမိုင်းနှင့် ဘ၀ အခြေအနေကို ပြည့်စုံစွာ သိရှိစေပြီး အလုပ်သမားအခွင့်အရေးရပိုင်ခွင့်များနှင့် ရပိုင်ခွင့်များအား ရယူရန် နည်းလမ်းများကို သိရှိစေရန် ရည်ရွယ်ပြီး မြန်မာအလုပ်သမားများအတွက် အလုပ်သမားရေးရာ ဟောပြောပွဲနှင့် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပြပွဲအား စီစဉ်ထားပါတယ်။

အချိန်။ ။ နိုဝင်ဘာလ ၁ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ် ၂နာရီမှ ၅နာရီ အထိ
နေရာ။ ။ ဓမ္မဒူတသိမ်တော် ခမ်းမ
စီစဉ်သည့်အဖွဲ့ ။ ။ ဘားမားအက်ရှင်ကိုရီးယား နှင့် ရွှေ့ပြောင်းအလုပ်သမား ရုပ်မြင်သံကြားဌာန MWTV

ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ ။ ။
ဓမ္မဒူတဗုဒ္ဓဘာသာအသင်း (ကိုရီးယား)၊ မြန်မာအသင်း၊ အန်ဆန်းရှီဟွာမြန်မာအသင်း၊ မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီကိုရီးယား
။ ။

အစီအစဉ်
။။။။။။။။။။။။။။
၁) ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ရုပ်ရှင်ပြသခြင်း

၂) ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သိသင့်သိထိုက်သည်များ ဟောပြောခြင်း
ဟောပြောမည့်သူ။ ။
Joint Committee with Migrants in Korea ရုံးအဖွဲ့မှူး မစ္စတာ လီယောင်

မြန်မာဘာသာပြန်။ ။ကိုဝင်းလှိုင်(ကလောင်-ကိုလူချစ်)

၃) တက်ရောက်လာသူများမှ အလုပ်သမားဥပဒေဆိုင်ရာများနှင့် အခြားမိမိတို့ သိလိုသည်များ၊ တွေ့ကြုံနေကြရသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အခက်အခဲများ မေးမြန်းသည်ကို ဖြေကြားပေးခြင်း။

ဟောပြောပွဲသို့ မတက်ရောက်နိုင်သည့် ညီအကိုမောင်နှမများသည် မိမိတို့ သိလိုသော အလုပ်သမားဥပဒေဆိုင်ရာ မေးခွန်းများအား
၁၀လ ၃၁ရက် နောက်ဆုံးထားပြီး smthu2006@gmail.com သို့ပေးပို့ပေးခြင်း၊ သို့မဟုတ် ၀၁၀-၂၃၃၁-၂၄၅၇(ကိုဝိုင်း) သို့ ဆက်သွယ်ပါက ဟောပြောပွဲတွင် ကိုယ်စားမေးမြန်းပေးမည်ဖြစ်ပါသည်။

No comments: