Saturday, October 24, 2009

E-P-S စနစ်ဖြင့် အလုပ်လုပ်ကိုင်သူများအနက် အလုပ်လုပ်ကိုင်ချိန် ၃နှစ်ပြည့်ပြီးသူများ မိခင်နိုင်ငံသို့ ပြန်စရာမလိုပဲ သက်တမ်းတိုးနိုင်တော့မည်


ကိုရီးယားနိုင်ငံတွင် အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)ဖြင့် အလုပ်လုပ်ကိုင်နေသူများအနက် အလုပ်လုပ်ကိုင်ချိန် ၃နှစ်ပြည့်ပြီး အလုပ်ရှင်နှင့် သဘောတူညီချက် ရယူကာ သက်တမ်းတိုးမည့် သူများသည် လာမည့်နှစ် ဇန်န၀ါရီလမှ စတင်၍ မိခင်နိုင်ငံသို့ ပြန်စရာမလိုပဲ သက်တမ်းတိုး နေထိုင် အလုပ် လုပ်ကိုင်ခွင့်ရမည်ဟု ကိုရီးယားနိုင်ငံ အလုပ်သမားဝန်ကြီးဋ္ဌာနမှ အောက်တိုဘာလ ၂၁ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။ ထိုထုတ်ပြန်စာတွင် အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)၏ အလုပ်သမားပြန်လည် အသုံးပြုခွင့်နှင့် ပတ်သက်သည့် ပြင်ဆင် အတည်ပြုချက်အရ အလုပ်ရှင်မှ မိမိအသုံးပြုနေသော အလုပ်သမား(သက်တမ်း၃နှစ်ပြည့်သူ)အား ပြန်လည်အသုံးပြုခွင့် လျှောက်ထားသည့်နေ့ရက်သည် ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့ နောက်ပိုင်း လျှောက်ထားခြင်းမှစ၍ အကျုံးဝင်သည်။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)အရ အလုပ်သမားပြန်လည် အသုံးပြုခွင့်လျှောက်ထားချက်သည် မိမိအသုံးပြုနေသည့် အလုပ်သမား နေထိုင်ခွင့်(ဗီဇာ) သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း၃၀ အလိုတွင် လျှောက်ထားရမည်ဖြစ်သည်။

သို့ဖြစ်၍ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)ဖြင့် အလုပ်လုပ်ကိုင်နေသူများအနက် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း(၃နှစ်) ပြည့်သူများသည် မိခင်နိုင်ငံသို့ ပြန်ထွက်ပေးစရာမလိုပဲ သက်တမ်းတိုး အလုပ် လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့ နောက်ပိုင်း သက်တမ်းကုန်ဆုံးသူများမှ စတင်၍ အကျုံးဝင်မည်ဖြစ်သည်။

1 comment:

ဇေဇော် said...

ဆရာကိုလူချစ်ခင်ဗျာ… သတင်းထူးလေးတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်…။ ဆရာ့ရဲ့ သမိုင်းဆောင်းပါးတွေလည်း စောင့်မျှော်နေပါတယ်…။ ဖြစ်နိုင်ရင် ခေတ်ပြိုင်ကိုရီးယားသမိုင်းဆောင်းပါးလေးတွေ ပြန်တင်ပေးစေချင်ပါတယ်…။