Friday, November 6, 2009

နာရေးသတင်း

ကိုမျိုးမြင့်ဦး
အသက် ၄၀ နှစ်

ကိုမျိုးမြင့်ဦးသည် ဂျောင်ဂီဒိုဒေသ၊ ဖာဂျူးမြို့ အမှိုက်သိမ်းစက်ရုံ တခုတွင် အလုပ်လုပ်ကိုင်နေစဉ်၊ နိုဝင်ဘာ ၆ ရက်နေ့၊ နံနက် ၈း၃၀ အချိန်၌၊ မတော်တဆ စက်ညပ်ရာမှ၊ ရရှိသော ထိခိုက်မှုဖြင့် ကွယ်လွန်သွားပါသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူ ကိုမျိုးမြင့်ဦးသည် အောက်တိုဘာ ၂၉ ရက်နေ့က ကိုရီးယားနိုင်ငံသို့ အလုပ်ပါမစ်ဗီဇာဖြင့် ရောက်ရှိလာခဲ့ပြီး၊ အဆိုပါ စက်ရုံတွင် အောက်တိုဘာ ၃၁ ရက်နေ့မှစ၍ အလုပ်ဝင်ခဲ့သည်။ အလုပ်ဝင်ပြီး ၇ ရက်အကြာတွင် ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ကျန်ရစ်သော ရုပ်ကလာပ်ကို နိုဝင်ဘာ ၈ ရက်နေ့တွင် သင်္ဂြိုဟ်နိုင်ရန် စီစဉ်နေကြောင်း သိရပါသည်။

3 comments:

win latt said...

နာရေးသတင်း မျှဝေရန် ယူသွားပါသည်။

win latt said...

“အကြွေစောလို့ နှမျော မိသည်”
လေအဝှေ့မှာ ကြွေလေ့ရှိတဲ့ ရွက်ဝါလေးတွေမှမဟုတ်တာ။
တောင်ရေအဆင်းမှာ လိမ့်ရင်းမျောပါ ဒိုက်အမှိုက်တွေမှ မဟုတ်တာ။
မီးအဟုန်လောင်မြိုက် ဇွတ်တိုးပြီး ဝင်လိုက်တဲ့ ပိုးဖလံ အမိုက်တွေမှမဟုတ်တာ။
ခေတ်စနစ်ကိုပဲ အပြစ်တင်လိုလဲ ဒီအဖြစ်က ဘယ်တော့မှ လွတ်မှာမှ မဟုတ်တာ။
ငွေအသပြာ ဖွေရှာဖို့ ဘယ်နည်းဘယ်ပုံ ရုန်းရုန်း လွတ်လမ်းတွေက ဆုံးမှာမှ မဟုတ်တာ။
ကလိမ်ဆင်တွေ ခေတ်စား မသမာ ဒုစရိုက်သမားတွေလို ရမ်းကားချင်သူတွေမှ မဟုတ်တာ။
အလောင်းအစားတွေဖက်တွယ် ဒါတွေက အသက်ကယ်တယ်အထင်နဲ့
ရှိသမျှအကုန်ဆုံး လူလုံးမလှတဲ့ဘဝမျိုး ရောက်ချင်သူမှမဟုတ်တာ။
ရှိစုမဲ့စုလေးတွေနဲ့ အားအင်တွေဖွဲ့
ကံမကောင်းချင်တော့ ပွဲစားက ဖဲ့တာ ခံလိုက်ရသေးတယ်။
နှစ်ချီစောင့်ဆိုင်း ဒီအတိုင်းမနေသာတဲ့ဘဝ ဘုရားတရတာလဲ အမောပါပဲ။
ကံကောင်းလို့ စိုင်ကော် အိမ်မက်မှာ ပျော်ခဲ့တဲ့ ခရီး
“ကိုရီးယား”ဆိုတဲ့ နိုင်ငံကြီး ကိုရောက်လာခဲ့ပြီပေါ့....။
မတောက်တခေါက်စကားလေးနဲ့ ရယ့် ရယ့် ဆို ခေါင်းကိုငြိမ့်
ခိုင်းသမျှ အကုန်လုပ်ပေးရတဲ့ ဘဝမှာ
ဖြေစရာဆိုလို့ ရွှေမြန်မာက ငွေအသပြာနဲ့ ကွာတာလေးတွေကြောင့်မို့
သည်းခံစိတ်ကိုမွေး ယောနိသောလေး ရင်ဝယ်ပိုက် ကြောအပူခံလိုက်ရတဲ့အဖြစ်
သေမဲ့နှစ် စစ်ထဲလိုက်သလိုအဖြစ်မျိုး
အဖြစ်ဆိုး တို့မြန်မာဘဝ
တွေးလိုက်တိုင်း ရင်နာရပါတယ်....။
လေအဝှေ့မှာ ကြွေလေ့ရှိတဲ့ ရွက်ဝါလေးတွေမှမဟုတ်တာ။
တောင်ရေအဆင်းမှာ လိမ့်ရင်းမျောပါ ဒိုက်အမှိုက်တွေမှ မဟုတ်တာ။
မီးအဟုန်လောင်မြိုက် ဇွတ်တိုးပြီး ဝင်လိုက်တဲ့ ပိုးဖလံ အမိုက်တွေမှမဟုတ်တာ။
ခေတ်စနစ်ကိုပဲ အပြစ်တင်လိုလဲ ဒီအဖြစ်က ဘယ်တော့မှ လွတ်မှာမှ မဟုတ်တာ။
(ကိုမျိုးညီညီထွေး နှင့် ကိုမျိုးမြင့်ဦး တို့အတွက် ကြေကွဲဝမ်းနည်းစွာ ရေးလိုက်ရပါတယ်)

win latt said...

ှ(လွင့်ချင်ရာလွင့် မျောလိုရာမျော ဘဝအမောကို လွတ်ရင်ပြီးရော ဇွတ်တိုးပြီး ထွက်ပေါက်ရှာခဲ့တာမဟုတ်ဘူး၊
မိသားစုအရေး ဘဝနောင်ရေး စိတ်ကူးတွေ ပုံဖေါ်ဖို့ ခရီးရှည် လှမ်းကြရင်း လမ်းခုလတ်မှာ အရုပ်ကြိုးပြတ် စက်သံပတ်ရပ်သွားကြရ ရှာတဲ့ မြန်မာညီအကိုတွေအတွက် အထူးဝမ်းနည်းကြေကွဲမိပါတယ်။ ။)