Sunday, November 29, 2009

ဓမ္မဒူတဆရာတော်များ ဂွါန်မြောင်းဘာသာရေး ဆိုင်ရာ ငြိမ်းချမ်းရေး အစည်းအရုံး ဖွဲ့စည်းခြင်းအခမ်းအနားတက်ရောက်

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ နိုဝင်္ဘာ၂၉ ။
ယမန်နေ့ နေ့လည် ၁နာရခွဲမှ ၃နာရီခွဲ အချိန်အထိ ဂွါန်မြောင်းမြို့ (광명시) စဉ်ဆက်မပြတ် ပညာရေးလေ့ကျင့်ရေးကျောင်း(평생학습원) တွင် ဂွါန်မြောင်းဘာသာရေးဂိုဏ်းများ ငြိမ်းချမ်းရေးအစည်းအရုံး (광명종교평화연대) ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း ၊ အခမ်းအနားသို့ ဓမ္မဒူတစင်တာ(ကိုရီးယား)မှ ကျောင်းထိုင်ဆရာတော်ဒေါက်တာ အရှင်နန္ဒက ၊ တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရ တို့နှင့်အတူ ဓမ္မဒူတအသင်း(ကိုရီးယား)မှ အကျိုးတော်ဆောင်များလည်း တက်ရောက်ခဲ့ကြောင်းသိရသည် ။
အဆိုပါ ငြိမ်းချမ်းရေးအစည်းအရုံးကို ဂွါန်မြောင်းမြို့မှ ပရိုတက်စတင့်ဂိုဏ်း (개신교) ၊ ရိုမင်ကက်သလစ်ဂိုဏ်း(천주교) ၊ အင်္ဂလီကန်ဂိုဏ်း(성공회) နှင့် ဂျိုဂဲဂိုဏ်းဗုဒ္ဓဘာသာ(조계종)တို့ စုပေါင်းပြီး ဖွှဲစည်းခဲ့ခြင်းဖြစ်ကြောင်း ၊ အစည်းအရုံး၏ အမြဲတမ်းဥက္ကဋ္ဌအဖြစ် မစ္စတာဂိုဝေါန်ချောလ်(고완철목사님) ကိုတင်မြှောက်လိုက်ကြပြီး ၊ ပူးတွဲဥက္ကဋ္ဌများအဖြစ် မစ္စတာ ကင်ဂျင်ထေး(김진태신부) ၊ မစ္စတာ ဘတ်(ဂ်)ဆောင်းမွန်(박성순신부) နှင့် ဂွမ်ဂန်ဂျောင်ဆာကျောင်းထိုင်ဆရာတော် ဆရာတော်ဝေါန်မြောင်း(원명스님) တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်းသိရသည် ။


အခမ်းအနားမှူးအဖြစ် ဆရာတော် ဆွန့်မွတ်(ခ်)( 승묵스님)က ဆောင်ရွက်ခဲ့ပြီး ၊ အခမ်းအနားကို အပိုင်း ၂ ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၊ ပထမပိုင်းတွင် ချစ်ကြည်နားလည်မှုရှိရေးအစီအစဉ်အဖြစ် ၊ အဆို အတီး အက များဖြင့်တင်ဆက်ဖြေဖျော်ခဲ့ကြကြောင်း ၊ ဒုတိယပိုင်းတွင် ဖွဲ့စည်းတင်မြောက်ခြင်း ၊ အဖွဲ့၏ ကြေညာချက်ကို ဖတ်ကြားကြေညာခြင်း ၊ အမြဲတမ်းဥက္ကနှင့် ပူးတွဲဥက္ကဋ္ဌများ အမှာစကားပြောကြားခြင်း ၊ ဂုဏ်ပြုအမှာစကားပြောကြားခြင်း နှင့် အခမ်းအနားရုတ်သိမ်းခြင်း အစီအစဉ်တို့ပါရှိကြောင်းနှင့် အခမ်းအနားသို့ ဂိုဏ်းပေါင်းစုံမှ ဧည့်သည်တော် ၁၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည် ။

No comments: