Sunday, November 29, 2009

Stop Crackdown Band ၆နှစ်ပြည့် အထိမ်းအမှတ်ဂီတဖျော်ဖြေပွဲ အောင်မြင်စွာပြီးစီး

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ နိုယဘ်ာ ၂၉ ။

ယမန်နေ့ နိုဝင်္ဘာလ ၂၈ ရက်နေ့က ၊ ဆောအူးလ်မြို့တော် ဟပ်ဂျောင်းရပ်ကွက်(Hab Jeong Dong) ရှိ ယိုးဂီဂါ ဂလာရီ (Yogiga Gallery) မှာ Stop Crackdown Band ရဲ့ ၆နှစ်မြောက် အထိမ်းအမှတ် ဂီတပွဲတော် ကို ညနေ ၆နာရီမှ ည၁၁ နာရီထိ ကျင်းပခဲ့ကြောင်း သိရသည် ။
ယခုအခါ အဆိုပါ Stop Crackdown Band ကို ဖွဲ့စည်းခဲ့သည်မှာ ၆ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း ၊၂၀၀၃ ခုနှစ် က ကိုရီးယားအစိုးရက ရက်လွန် နိုင်ငံခြားသားအလုပ်သမားများအား စီမံချက်ဖြင့် အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခဲ့ရာမှာ ၊ ကိုရီးယားအစိုးရ၏ လုပ်ရပ်ကို ဆန့်ကျင်သည့် သပိတ်စခန်းများ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့ကြောင်း ၊ သပိတ်စခန်းအတွင်း တွေ့ဆုံခဲ့ကြသည့် မြန်မာ၊ နီပေါ အလုပ်သမား ဂီတသမားများက ၄င်းနှစ် နိုဝင်ဘာ၁၅ရက်နေ့တွင် မြောင်ဒုံး သပိတ်စခန်းအတွင်း အဆိုပါ တီးဝိုင်းကို ဖွှဲစည်းခဲ့ခြင်းဖြစ်ကြောင်း ၊ အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခြင်းကို ရပ်တန့်ပါ (Stop Crackdown) ဟူသော ဟစ်ကြွေးသံကို အခြေခံလျက် တီးဝိုင်းအမည်ကိုလည်း Stop Crackdown (အဖမ်းအဆီးရပ်ပါ) ဟု မှည့်ခေါ်ခဲ့ကြောင်း သိရသည် ။

ထိုပွဲသည် ၊ လွန်ခဲ့သော အောက်တိုဘာလက တီးဝိုင်းမှ Lead အဆိုတော် နီပေါလ်နိုင်ငံသား မီနူး အဓမ္မပြည်နှင်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသော ပွဲ ဖြစ်ကြောင်း ၊ မီနူးကို ရည်ရွယ်ပြီး ပွဲတော်အမည်ကိုလည်း မီနူးရေ တွေ့ချင်လိုက်တာ (미누야! 보고싶다) ဟု အမည်ပေးခဲ့ကြောင်းသိရသည် ။

အခမ်းအနားတွင် ၊ ဆောအူးလ်နိုင်ငံခြားသား အလုပ်သမားဆင်တာ ၊ ကယောင်းနမ် နိုင်ငံခြားအလုပ်သမား အတိုင်ပင်ခံဆင်တာ နှင့် ရွှေ့ပြောင်းအလုပ်သမားသမ၈္ဂတို့ မှ တာဝန်ရှိပု၈္ဂိုလ်များက ဂုဏ်ပြုစကား အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း ၊ ဖျော်ဖြေပွဲတွင် စတော့ခရက်ဒေါင်းတီးဝိုင်းနှင့်အတူ အကကောင်းတဲ့ ခရုရှည် (춤추는소라) ယိုးဂီဂါ ကပြောတဲ့ ဂလာရီ(요기가표현갤러리) ၊ ဘာဖြစ်ဖြစ်လုပ်ကြစို့(뭐라도해) ၊ ဂါယားကွမ့်ဂီတ(가야금) ၊ အရိုင်းပန်းတီးဝိုင်း(꽃다지) ၊ တိဗက်အဆိုတော် ခါရက်ပင်ပါ ၊ မြန်မာတီးဝိုင်း ရိန်းဘိုး (Rainbow Band) ၊ ဂီတာအဆိုတော် ယောန်ယောင်ဆောက် (연영석) ၊ အာနာယား(아나야) ၊ ဦးဏှောက်မုန်တိုင်း (뇌태풍) တို့လည်း အတူတကွပါဝင်ဖြေဖျော်ခဲ့ကြကြောင်း သိရသည် ။
ထို့ပြင် နီပေါလ်မှ မီနူးရိုက်ကူးပေးပို့လာသော မီနူးရဲ့ အမှာစကားဗီဒီယိုကိုလည်း ပြသသွားကြောင်း ၊ ပွဲတော်တွင် မြန်မာအစားအစာကိုလည်း ရောင်းချခဲ့ပြီး၊ ရောင်းရငွေများကို အဖမ်းအဆီးကာလအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ထောက်ပံ့မည်ဖြစ်ကြောင်း လည်းသိရသည် ။

အခမ်းအနားသို့ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်အတူ ၊ ရွှေ့ပြောင်းလုပ်သမားအရေး စိတ်ဝင်စားသည့် ကိုရီးယားနိုင်ငံသား တစ်ရာကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း ၊ အခမ်းအနားတွင် ပရိတ်သတ်များအတွက် ရိန်းဘိုးတီးဝိုင်းက မြန်မာသီချင်း ၂ ပုဒ်ဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာမှာ ကိုပန်းမွှေး၏ သနပ်ခါး ကို (ဤနေရာ) တွင်လည်းကောင်း ၊ ကိုစိုင်း၏ မင်းအတွက် ကို(ဤနေရာ) တွင်လည်းကောင်း ချိတ်ဆက် နားဆင်နိုင်ကြကြောင်း သိရသည် ။

No comments: