Sunday, November 29, 2009

၂ဝဝ၉ တောင်ကိုရီးယား အီးပီလုပ်သား စာရင်းပိတ်

ဆောအူးလ် ၊ နိုဝင်္ဘာ ၂၉ ။
တောင်ကိုရီးယားနိုင်ငံလုပ်ငန်းရှင်များက ၂ဝဝ၉ ခုနှစ်အတွက် ပြည်ပလုပ်သားခေါ်ယူမှု အရေ အတွက် ပြည့်သွားသဖြင့် ၊ အောက်တိုဘာလတွင် စာရင်းပိတ်လိုက်ကြောင်း ၊ မြန်မာနိုင်ငံ အခြေစိုက် ကိုရီးယား လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (Korean Human Resources Development Center: HRD)ကိုယ်စားလှယ်ရုံးထံမှ သိရသည်။
လက်ရှိကိုရီးယားနိုင်ငံသို့ (Employement Permitment System:EPS) ဖြင့် ပို့ဆောင်နေသော မြန်မာလုပ်သားများမှာ စာရင်းမပိတ်ခင်က ခေါ်ဆိုထားသော လုပ်သားများဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံအနေဖြင့် ၂ဝဝ၉ ခုနှစ်၏ စာရင်းနှစ်အတွင်း ပြည်ပလုပ်သား ၁၅,ဝဝဝ ခေါ်ယူခဲ့ရာ မြန်မာလုပ်သား ၁,၂၅၉ ဦးပါဝင်ခဲ့ကြောင်း ၊ မြန်မာလုပ်သားလောင်း ၃,၀၀၀ကျော် တို့က KLT (Korea Language Test)စာမေးပွဲကို အောင်မြင်ထားရာ ၊ ကျန်ရှိနေသော မြန်မာလုပ်သားလောင်းများ သည် ၂ဝ၁ဝ ပြည့်နှစ် လုပ်သားလောင်းခွဲတမ်းအတွက် ၊ အလုပ်လျှောက်လွှာများ ပြန်လည်ဖြည့်စွက် ရမည်ဖြစ်ကြောင်း အဆိုပါ ကိုယ်စား လှယ်ရုံးထံမှသိရသည် ။
ရွှေအင်းဝအကျိုးဆောင်ကုမ္ပဏီအနေဖြင့်မူ ၂ဝဝ၉ခုနှစ် နိုဝင်ဘာလပထမပတ်အထိ ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁,၂ဝဝ ခန့် ပို့ဆောင်ပေးပြီးဖြစ်သည် ဟုဆိုပါသည် ။

ရည်ညွှန်းချက်-
- Voice Weekly (Vol6 No4)

No comments: