ကိုရီးယားရောက်မြန်မာအလုပ်သမားတို့
လာမည့် နိုဝင်ဘာ ၂၈ရက် စနေနေ့တွင် ကျင်းပမည့် ရွှေ့ပြောင်းအလုပ်သမားတီးဝိုင်း Stop Crackdown Band ၆နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်သို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
လွန်ခဲ့သော ၂၀၀၃ခုနှစ် နိုဝင်ဘာ၁၅ရက်နေ့တွင် ကိုရီးယားအစိုးရ၏ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားများအား
အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခြင်းကို ဆန့်ကျင်သည့် သပိတ်စခန်းများ နိုင်ငံအနှံ့ပေါ်ထွန်းခဲ့ပါတယ်။
သပိတ်စခန်းအတွင်း တွေ့ဆုံခဲ့ကြတဲ့ မြန်မာ၊ နီပေါ အလုပ်သမား ဂီတသမားများမှ Stop Crackdown Band(အတင်းအကြပ်ဖမ်းဆီးပြန်ပို့ခြင်းကို ရပ်တန့်ပါ)အမည်ရတဲ့ တီးဝိုင်းကို ဖွဲ့စည်းခဲ့ပါတယ်။
Stop Crackdown Bandဟာ ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားများရဲ့ ဘ၀အခက်အခဲအခြေအနေများကို တေးသီချင်းများ ရေးစပ်ကာ ကိုရီးယားနိုင်ငံအနှံ လှည့်လည်ပြီး ကိုရီးယားလူထုအသိုင်းအ၀န်းအတွင်းသို့ရွှေ့ပြောင်းအလုပ်သမားတို့ရဲ့အဖိနှိပ်ခံဘ၀အခြေအနေများကို တေးသီချင်းများဖြင့် သီဆိုပြီး အသိပေးသည့် လှုပ်ရှားမှုကို လုပ်ဆောင်လာခဲ့သည်မှာ ၆နှစ်ပြည့်ပြီဖြစ်ပါတယ်။
၆နှစ်တာ ကာလအတွင်း မြန်မာ၊နီပေါ၊အင်ဒိုနီးရှား၊ကိုရီးယားစသည့် နိုင်ငံ၎နိုင်ငံမှ အလုပ်သမား၅ယောက်ဖြင့် ဖွဲ့စည်းကာ နိုင်ငံခြားသား
အလုပ်သမားများဘ၀အခြေအနေများကို ဂီတဖြင့် တင်ပြလာခဲ့တဲ့ Stop Crackdown Bandရဲ့ အဖွဲ့ဝင် ၂ဦးဟာ လွန်ခဲ့တဲ့ လတွေတုန်းက ကိုရီးယားအစိုးရရဲ့ ပစ်မှတ်ထား ဖမ်းဆီးပြန်ပို့ခြင်းကို ခံခဲ့ရပါတယ်။
Stop Crackdown Bandဟာ အရင်အစိုးရတွေတုန်းက အစိုးရမှ ကျင်းပသည့်ပွဲများ၊ အခမ်းအနားများအထိ တက်ရောက်ဖျော်ဖြေခွင့် ရရှိခဲ့ပေမယ့် လက်ရှိ အာဏာရအီမြောင်ဘာ့ဂ်အစိုးရကတော့ စီးပွားရေးသမားပီပီ ရွှေ့ပြောင်းအလုပ်သမားများကို ခေါင်းပုံဖြတ်ဖို့ကိုပဲ အားသန်တာကို တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အနေအထားမှာပဲရောက်နေ Stop Crackdown Bandတီးဝိုင်းကတော့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အဖိနှိပ်ခံဘ၀တွေမှ လွတ်မြောက်ဖို့ မိမိတို့တတ်စွမ်းတဲ့ အနုပညာဖြင့် ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ရဲ့ အခြေခံ ရပိုင်ခွင့်အခွင့်အရေးများကို အပြည့်အ၀ရရှိဖို့၊ ခေါင်းပုံဖြတ်ခံ
ဘ၀များမှ လွတ်မြောက်ဖို့ အတူတကွ ၀ိုင်းဝန်းပူးပေါင်းကြပါရန် အလေးအနက်တိုက်တွန်းပါတယ်။
စိုးမိုးသူ
Stop Crackdown Band
၆နှစ်ပြည့်ပွဲတော်အစီအစဉ်
နေရာ။ အစိမ်းလိုင်းအမှတ် ၂ 합정(Hap Jeong)ဘူတာ ထွက်ပေါက် အမှတ်၅ တွင် ရှိသည့် စက်ဘီးအရောင်းဆိုင်ဘေးလမ်းမှ
၅မိနစ်ခန့် တည့်တည့်လျှောက်ပါက ပွဲကျင်းပမယ့် YO Gi GA ကလပ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အချိန်။ ညနေ ၆နာရီမှ ည ၁၁နာရီအထိ
အစားအသောက်။ မြန်မာအစားအစာ၊ကိုရီးယားအစားအစာနှင့် ဘီယာ
ဝင်ကြေးမရှိ ။
#အစားအသောက်ရောင်းချခြင်းမှ ရရှိမည့် အမြတ်ငွေကြေးအား လွန်ခဲ့သည့်လများက လ၀က၀န်ထမ်းများရဲ့ လူမဆန်တဲ့ အတင်းအကြပ်
ဖမ်းဆီးမှုကြောင့် တိုက်ပေါ်မှ ခုန်ချထွက်ပြေးရင်း အပြင်းအထန်ဒဏ်ရာရရှိသွားပြီး လက်ရှိ မိမိစရိတ်နဲ့ ဆေးဝါးကုသနေရတဲ့ ရွှေ့ပြောင်း
အလုပ်သမားအား လှူဒါန်းသွားမည်ဖြစ်ပါတယ်။အဲဒီအလုပ်သမားဟာ မိဘများမှ ချေးပို့ပေးတဲ့ ငွေနဲ့ ဆေးကုနေတာ လက်ရှိဆေးကုခ ၀မ်သိန်း၂၀၀ကျော်ပြီးဖြစ်ပါတယ်။အစိုးရကို လျော်ကြေးပေးဖို့တရားစွဲဆိုထားပေမယ့် အနိုင်ရချေနည်းနေပါတယ်။
အစီအစဉ်။
@ ရွှေ့ပြောင်းအလုပ်သမားတို့ ဘ၀အား စာနာပြီး ရွှေ့ပြောင်းအလုပ်သမားများရဲ့ ရပိုင်ခွင့်တိုက်ပွဲများအား ထောက်ခံသည့် ကိုရီးယားအနုပညာရှင်များ၊ နိုင်ငံခြားသားဂီတပညာရှင်များနှင့် ရိန်းဘိုးတီးဝိုင်းမှ ညီအကိုများ စသည်တို့ရဲ့ ဂီတအနုပညာဖျော်ဖြေမှုများ၊
@@ Stop Crackdown Bandရဲ့ ဖျော်ဖြေမှု။
လမ်းညွှန်
Thursday, November 26, 2009
Stop Crackdown Band "6"နှစ်ပြည့်ပွဲသို့ ဖိတ်ကြားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment