Sunday, May 9, 2010

ကိုရီးယားမှ အဖြူရောင် မေတ္တာလူငယ်များ လှူကြမည်

ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များစုပေါင်း၍ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များ ဖွဲ့စည်းထားကြောင်း သိရသည် -
- မိဘမဲ့ ကလေးသူငယ်များ၊သက်ကြီးရွယ်အို ဘိုဘွားများအားနွေးထွေးစွာ ပြုစုစောင့်ရှောက်ရန်နှင့် ကူညီထောက်ပံ့သွားရန်။
- အခြား လူမှုရေး နှင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်သွားရန်။
- လူငယ်လူရွယ်များချစ်ခင်ရင်းနှီးစွာ၊ အစုအသင်းစိတ်ဓါတ်ဖြင့် လူမှုဖွံ့ဖြိုး ရေးနိမ့်ကျနေသော ပတ်ဝန်းကျင်အား ထိရောက်စွာအကျိုးပြုရန်။
အဖွဲ့အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အားလုံးကို ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ် လက်ကမ်းကြိုဆိုလျက်ရှိပြီး ၊ အဖွဲ့၏ ပထမဆုံး အလှူကို ရန်ကုန်မြို့ ဒဂုန်အရှေ့မြောက်မြို့နယ်ရှိ ၁၂ ရပ်ကွက်ရှိ ပင်လယ်ဘူး ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ လှူဒါန်းသွားမည်ဟု ဆိုသည် ။
အသေးစိတ် သိလိုသူများနှင့် စိတ်ပါဝင်စားသူများ ၊ အင်တာနက်စာမျက်နှာ http://whiteloveforpeople.ning.com တွင် လေ့လာနိုင်ကြောင်းလည်း သိရသည် ။

No comments: