ယမန်နေ့(ဇွန်-၆)က ၊ ဓမ္မဒူတ(ကိုရီးယား)ကျောင်းတွင် မြန်မာအလုပ်သမားစစ်စစ် ကိုဝင်းနိုင်နှင့် မိတ်ဆွေများ က ပဒေသာပင်စိုက်ထူလှူဒါန်းပွဲကျင်းပခဲ့ရာ ၊ အခမ်းအနားသို့ ကိုရီးယားနိုင်ငံရှိ မြန်မာ ညီအစ်ကိုမောင်နှမ မိသားစု ၇၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရသည် ။
သံဃာတော်အရှင်သူမြတ်တို့အား နံနက်အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ၊ ဧည့်သည်တော်များအား နံနက်စာမြန်မာမုန့်ဟင်းခါးစစ်စစ်ဖြင့် ဧည့်ခံကျွေးမွေးခြင်း ၊ သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း ၊ ဧည့်သည်တော်များအား မြန်မာအစားအစာဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း ၊ အလှူတော်ငွေများဆက်ကပ်လှူဒါန်းခြင်း ၊ အနုမောဒနာတရား နာကြားခြင်း နှင့် အလှူတော် အဖို့ဘာဂကို ရေစက်သွန်ချ အမျှပေးဝေခြင်း အစူအစဉ်အတိုင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း ဓမ္မဒူတ (ကိုရီးယား) သတင်းရပ်ကွက်က ဆိုပါသည် ။
အခမ်းအနားသို့ ကြွရောက်တော်မူကြသည့် မြန်မာမိတ်ဆွေသင်္ဂဟ ၇၀ ကျော်ရှိသည် ဆိုသော်လည်း ၊ အလှူတော် ရေစက်ချ နှင့် အနုမောဒနာ တရားနာယူချိန်တွင်မူ ဧည့်ပရိတ်သတ် ၂၀ ခန့်သာကျန်ရှိသည်ကို တွေ့ရကြောင်း ၊ ထိုကဲ့သို့ဖြစ်နေသည်မှာ ယခု အကြိမ်တွင် မှမဟုတ်မူဘဲ ကိုရီးယားနိုင်ငံရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများ အားလုံးလိုလိုတို့တွင် ကြုံတွေ့နေရသည့် ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာလူငယ်အများစု၏ ခေတ်သစ် ရိုးရာ အစဉ်အလာတစ်ခု လိုဖြစ်နေပြီဖြစ်ကြောင်း ၊ အသစ်သည် ကောင်းသည်ဟု ထင်ကြရသော်လည်း ထိုအစဉ်အလာသစ်ကိုမူ ကောင်းသော အသစ်ဟုမယူဆနိုင်သဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များပြုပြင်သင့်ကြောင်း လူကြီးများသတင်းရပ်ကွက်က ဆိုပါသည် ။
အလှူတော်အခမ်းအနားသို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းတော်မှ ဆရာတော် အရှင်ဥတ္တရ နှင့် အရှင်သုဝဏ္ဏတို့လည်း ကြွရောက်ချီးမြှင့်တော်မူကြပြီး ၊ အလှူတော်အနုမောဒနာတရားကိုမူ ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒက ကချီးမြှင့်တော်မူကြောင်း ၊ အခမ်းအနားတွင် ပဒေသာပင် အလှူငွေ ၁၁ သိန်း ၅ သောင်းရရှိခဲ့ကြောင်း ၊ အလှူရှင်များ စာရင်းအသေးစိတ်ကို (ဤနေရာတွင်) ကြည့်ရှုနိုင်ကြောင်း သိရသည် ။
အယ်ဒီတာ့မှတ်ချက် ။ သံဃာတော်အရှင်သူမြတ်တို့ ဟု သုံးနှုန်းထားခြင်း အားဖြင့် ကျန်သူများ သူယုတ်ဖြစ်သည် (ကျန်သူများ မမြတ်) ဟု အဓိပ္ပါယ်ကောက်ယူရန်မဟုတ်ကြောင်းသိရသည် ။ (……….) ။
Monday, June 7, 2010
မြန်မာအလုပ်သမား ကိုဝင်းနိုင်နှင့် မိတ်ဆွေများ အလှူအောင်မြင်စွာကျင်းပပြီးစီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment