Sunday, September 12, 2010

ချူးဆောက်ပိတ်ရက် Lazy Club အထူးဂီတပွဲ ပျက်ပြီ ဟူသော ကောလာဟလ သတင်း

လာမည့် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း ဘူချောန်းမြို့တေ် ပြည့်သူ့ခမ်းမ (Bucheon Citizen Hall) တွင်ကျင်းပမည့် အထူးဂီတပွဲတော်အတွက် ပျက်ပြီ ၊ လက်မှတ်ခများ ပြန်အမ်းနေပြီ ဟူသော ကောလာဟလသတင်းများဖြစ်ပေါ်လျက်ရှိရာ ၊ အဆိုပါ သတင်းနှင့် ပတ်သက်၍ ပွဲတော်ကျင်းပရေးကော်မတီက မဟုတ်မှန်ကြောင်း ငြ်းဆိုလိုက်ပြီး ၊ မူလကြေငြာထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း ၊ အပြောင်းအလဲဘာတစ်ခုမျှမရှိကြောင်း ၊ လက်ကျန်ရုံဝင်လက်မှတ်များကို တစ်စောင်လျင် ဝမ် ၅ သောင်းနှုန်းဖြင့် အောက်ပါ တစ်နေရာတည်းတွင်သာ ရောင်းချပေးနေကြောင်း သိရသည် -
- မြန်မာသူကြီး (ဘူဖြောင်း) 010-8330-1792
အဆိုတော်များနှင့် Lazy Club Band မှ ဂီတဆရာများ စက်တင်္ဘလာ ၁၉ ရက်နေ့တွင် ကိုရီးယားသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ၊ အဆိုတော်များရောက်ရှိမည့် စက်တင်္ဘာလ ၁၉ ရက်နေ့မှ ပွဲတော် ကျင်းပချိန်ထိ လက်မှတ်တစ်စောင်လျင် ဝမ် ၆ သောင်းနှုန်းဖြင့် တိုးမြှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၊ နှင့် ဂီတပွဲတော်မှ ရရှိမည့် အကျိုးအမြတ်များကို တောင်ကိုရီးယားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွါးရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများသို့ ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ထပ်မံ အတည်ပြုပြောဆိုသည် ။
ကောလဟလသတင်းများကို မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် ထုတ်လွင့်နေသည်ကို မိမိတို့ မသိကြောင်းနှင့် နောင်တွင် အဆိုပါ ဂီတပွဲတော်နှင့် ပတ်သက်၍ သတင်းမှန်များ စဉ်ဆက်မပြတ်သိရှိလိုပါက 010-4626-7571, 011-9360-1792, 010-9086-2290, 010-2331-2457 နှင့် 010-8330-1792 တို့ထံ မေးမြန်းနိုင်ကြောင်း ပွဲတော်ကျင်းရေးကော်မတီကပြောသည် ။

No comments: