ကိုရီးယား ဆေးလိပ်သောက်သုံးမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ယခုလ ၁ ရက်နေ့မှ စတင်၍ ၄ ရက်တာ ကာလအတွင်း လွှတ်တော်အမတ် ၁၀၉ ဦးကို အဓိကထားပြီးတော့ ဆေးလိပ်ဆန့်ကျင်ရေးမူဝါဒနှင့် ပါတ်သက်တဲ့ စုံစမ်းလေ့လာမှုအချက်အလက်များအရ စစ်တမ်းမှာ ဖြေဆိုသူ ၆၇.၆%ဟာ ဆေးလိပ်ဈေးနှုန်း တိုးမြှင့်ဖို့ သဘောတူညီကြတယ်လို့ သိရှိရပါတယ်။
စစ်တမ်းမှာ ဖြေဆိုသူများရဲ့ ၆၈.၈%အနေနဲ့ ဆေးလိပ်ဈေးနှုန်း တိုးမြှင့်ခြင်းဟာ ဆေးလိပ်သောက်သုံးမှုနှုန်းကို လျှော့ချရာမှာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ဖြေဆိုထားကြပြီး၊ ကိုရီးယားနိုင်ငံရှိ ဆေးလိပ်ဈေးနှုန်းအနေအထားဟာ ကုန်ဈေးနှုန်းကြီးမြင့်လာမှုနဲ့ အကျိုးအမြတ်ရရှိမှုအခြေအနေကို နှိုင်းယှဉ်လိုက်ရင် တသမတ်တည်း ရှိနေတယ်လို့ ၆၆%က လက်ခံသဘောတူကြပါတယ်။
သဘောတူညီမှု ရရှိထားသူများအနက် ဆေးလိပ်ဈေးနှုန်းကို တစ်ဗူးလျှင် အနည်းဆုံး ၀မ် ၄၅၀၀ မှ အများဆုံး ၀မ် ၅၅၀၀ အောက် သတ်မှတ်ရန် အဆိုပြုသူက ၂၉.၇% ဖြင့် အများဆုံးဖြစ်ပြီး၊ ၀မ် ၃၅၀၀မှ ၄၅၀၀ သတ်မှတ်ရန် အဆိုပြုသူက ၁၉%ဖြစ်ကာ ဆေးလိပ်တစ်ဗူးလျှင် ၀မ် ၈၅၀၀ နှုန်း သတ်မှတ်သင့်တယ်လို့ အဆိုပြုသူက ၁၇.၆% ဖြစ်ပါတယ်။
ဒီစစ်တမ်းမှာ ပူးပေါင်းပါဝင်သူများရဲ့ ၂၈.၄% ဟာ ဆေးလိပ်သောက်သုံးသူများဖြစ်ပြီး ၈၁.၇%ဟာ အမျိုးသားများ ဖြစ်ကြပါတယ်… လို့ YTN သတင်းမှာ ဖတ်လိုက်ရပါတယ်။ လာမယ့် ၂၀၁၁ ခုနှစ်မှာတော့ ဆေးလိပ်ဈေးနှုန်းတွေ တက်လိမ့်မယ် ထင်ပါရဲ့။ ကွမ်းယာရောင်းတဲ့သူတွေတော့ စီးပွားဖြစ်ကြဦးမှာ မြင်ယောင်မိပါသေး…။ ဘာပဲဖြစ်ဖြစ်ဗျာ… ကျန်းမာရေးကို မျိုးစုံဒုက္ခပေးနေတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို ခုကတည်းက နည်းနည်းချင်း လျှော့ပြီး လုံးဝ ဖြတ်ကြဖို့ တိုက်တွန်းလိုက်ပါရဲ့ဗျာ။ ။
No comments:
Post a Comment