၂ဝ၁၂ခုနှစ် ဇန်နဝါရီလ ၁၅ရက် မနက် ၈နာရီ ၅မိနစ်ခန့်က ကိုရီးယား နိုင်ငံ ဒူလာ(DOOLA) ကုန်စည် ပို့ဆောင်ရေး ကုမ္ပဏီပိုင် တန်ချိန် ၄၁၉၁တန်ရှိ ရေနံတင် သင်္ဘောတစီး ကိုရီးယား အနောက်ပင်လယ်ပြင်အတွင်း ပေါက်ကွဲ နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ဓါတ်ဆီ တန်ချိန် ၆၅ဝဝအား အင်ချွှန်းဆိပ်ကမ်းသို့ ပို့ဆောင်ကာ ကိုရီးယား အနောက်ပင်လယ် အတွင်းရှိ ဒေဆန်း ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာစဉ် ဂျာဝေါ်လ်ကျွှန်းနှင့် အကွာအဝေး ၄.၈ကီလိုမီတာခန့် ရှိသော ပင်လယ်ပြင်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
ထို သင်္ဘောတွင် ကိုရီးယားနိုင်ငံသား ၁၁ဦးနှင့် မြန်မာနိုင်ငံသား ၅ဦး၊ စုစုပေါင်း သင်္ဘောသား ၁၆ဦး စီးနင်းလိုက်ပါခဲ့ကြသည့်အနက် ကိုရီးယားနိုင်ငံသား ၅ဦးအား ကိုရီးယား ရေတပ်ရဲ သင်္ဘောများမှ ကယ်ဆယ်နိုင်ခဲ့ပြီး ကိုရီးယားနိုင်ငံသား ၁ဦးနှင့် မြန်မာနိုင်ငံသား အသက်(၃၇)နှစ် အရွယ်ရှိ ကိုသက်နိုင်ဝင်း၊ အသက်(၃၁)နှစ် အရွယ်ရှိ ကိုမျိုးမင်းဇော်တို့ သေဆုံးခဲ့သည်။ ကျန်သည့် ကိုရီးယား နိုင်ငံသား (၅)ဦးနှင့် ကိုဆန်းထွန်းလင်း(၃၂)နှစ်၊ ကိုအောင်ကျော်ဆန်း(၂၆)နှစ်နှင့် ကိုဇော်မျိုးအောင်(၂၉)နှစ်တို့မှာမှု ပျောက်ဆုံး နေဆဲဖြစ်သည်။ ပျောက်ဆုံးနေသော သူများအား ကိုရီးယား ရေတပ်သင်္ဘော အစီး (၃ဝ) အသုံးပြုကာ အပူတပြင်း ရှာဖွေလျှက်ရှိသော်လည်း ယခု သတင်းရေးသားသည့် အချိန်အထိ မတွေ့ရှိသေးပေ။
ဒူလာ(DOOLA) ကုမ္ပဏီ၏ တာဝန်ရှိသူမှ ပေါက်ကွဲနစ်မြုပ်သွားသော သင်္ဘောမှာ DOOLA NO.3ဟု အမည်ပေးထားသည့် တန်ချိန်၄၁၉၁တန်ရှိ ရေနံတင်သင်္ဘောဖြစ်ပြီး အင်ချွှန်းဆိပ်ကမ်းတွင် ဓါတ်ဆီများ ပို့ဆောင်ပြီး သန့်ရှင်းရေး လုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်မိကြောင်း ပြောပါသည်။ ထို့ပြင် DOOLA NO.3သည် ဒီဇယ်ဆီကိုသာ အဓိကထား သယ်ယူသည့် သင်္ဘောဖြစ်ပြီး ယခုအကြိမ်တွင် ဓါတ်ဆီများ တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းကိုပါ ဖြည့်စွက် ပြောကြားသွားသည်။ ပေါက်ကွဲမှုကြောင့် သင်္ဘောမှာ ခါးလည်မှ ၂ပိုင်းပြတ်သွားကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။
Sunday, January 15, 2012
တောင်ကိုရီးယား ရေနံတင်သင်္ဘော ပေါက်ကွဲနစ်မြုပ်၊ မြန်မာသင်္ဘောသား ၂ဦး သေဆုံးပြီး ၃ဦး ပျောက်ဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment