Thursday, May 31, 2012

ကာတွန်းဆရာ ဇော်မောင် နှင့် မိတ်ဆုံပွဲ

ကိုရီးယားနိုင်ငံ၊ ဂန်ဝမ်ဒိုတွင် ပြုလုပ်မည့်
နိုင်ငံတကာ ကာတွန်းဖိုရမ် (제3회 국제시사만화포럼) သို့ တက်ရောက်သူ
မြန်မာ ကာတွန်းဆရာ ဇော်မောင် နှင့် မိတ်ဆုံပွဲကို
၂၀၁၂ ဇွန်လ ၄ ရက် (တနင်္လာနေ့) ည ၇း၀၀ နာရီတွင်
ဘူဖျောင်းမြို့ နမ့်ယင်း စားသောက်ဆိုင်၌ ပြုလုပ်မည် ဖြစ်ပါ၍
စိတ်ပါဝင်စားသူများ ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဆရာဇော်မောင်သည် ဇွန်လ ၁ ရက်နေ့တွင် ကိုရီးယားသို့ ရောက်ရှိပြီး၊ ဂန်ဝမ်ဒိုတွင် ဇွန် ၂ မှ ၄ အထိ ဖိုရမ် တက်ရောက်ကာ၊ ဇွန်လ ၅ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။ ဂန်ဝမ်ဒိုခရီးစဉ်သို့ လိုက်ပါလိုသူများ ကိုဇော်မိုးအောင် (010 8894 4770) သို့ ဆက်သွယ်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဝန်ချီစက်မောင်း သင်တန်းနှင့် မြေတူးစက်မောင်းသင်တန်းများ အခမဲ့ ပို့ချသင်ကြား ပေးမည်

အင်ချောန်း ကိုရီးယား ဆိပ်ကမ်းသင်တန်းကျောင်း (The Korea Port Training Institute-Incheon) သည် ၊ KPTII 2012 Foreign Workers Free Forklift and Backhoe Training အမည်ဖြင့် ၊ ကိုရီးယားနိုင်ငံရောက် အီးပီလုပ်သားများအတွက် ၊ ဝန်ချီစက်မောင်း သင်တန်းနှင့် မြေတူးစက်မောင်းသင်တန်းတို့ကို အခမဲ့ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ ၂၀၁၂ခုနှစ် ဇွန်လ ၂ ရက် စနေနေ့ ညနေ ၇ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်ကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံသို့ အီးပီ လုပ်သားများအဖြစ်ရောက်ရှိလာကြပြီးနောက် ပြည်တော်ပြန်ရောက်ချိန်တွင် ဤ အခမဲ့ သက်မွေးပညာသင်တန်း (free Development of Vocational Skill Training Programs)မှ ပို့ချလိုက်သော ပညာများ အသုံးပြုကာ မိမိတို့ဘဝလုံခြုံစွာ အသက်မွေးဝမ်းကျောင်းနိုင်ကြစေရန် နှင့် ကိုရီးယားနိုင်ငံ၏ ဂုဏ်သိက္ခာ (Korean National Brand) ထွန်းတောက်လာစေရန်ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ၊ သင်တန်း အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်းသိရသည် -
သင်တန်းချိန်(Classes): 9:00AM - 5:30PM (နေ့လည်စာ အခမဲ့)
သင်တန်းရက် : Every Sunday (6 Sundays) (တနင်္ဂနွေနေ့တိုင်း) (၆-ပတ်)
မှတ်ချက် ။ အီးပီသက်တန်း ၃ နှစ်ကုန်ဆုံးပြီးနောက် ၊ ပြန်လည် ငှားရန်းခွင့်အစီအစဉ် (re-employment Programs) ဖြင့် အီးပီအလုပ် ဆက်လက် မလုပ်လိုသူများကိုသာ ရည်ရွယ်သည်ဟု ဆိုပါသည် ။
ဆက်သွယ်ရန်လိပ်စာ (Address) :
#1-31, 7-Ga Hang-dong, Jung-gu
Incheon, South Korea
Telephone: +82-32-885-8011
လမ်းညွှန် -
- လျပ်စစ်ရထား ၊ လိုင်း(၁) ဆောအူးလ် - အင်ချောန်းလိုင်း (အပြာလိုင်း) စီးပြီး ၊ ဒုံအင်ချောန်းဘူတာ (Dongincheon Station - Line 1, Exit 6) ဆင်းပါ ။
- မြေအောက်ဘူတာ ၊ ထွက်ပေါက် ၆ - မက်ဒေါ်နယ်ဆိုင် (McDonalds) ရှေ့တွင် ၊ ဘတ်(စ်)ကား လိုင်း ၁၂ သို့မဟုတ် ၂၄ ကိုစီးပါ ။
- အင်ချောန်းလူဝင်မှုကြီးကြပ်ရေးရုံးမှတ်တိုင်(Incheon Immigration Office)တွင်ဆင်းပါ ။ လဝကရုံး မျက်နှာမူအနေအထားဖြင့် သင်၏ဘယ်ဖက်ခြမ်းတွင် ကေပီပီအိုင် (KPTII Building) (သင်တန်းတည်ရှိရာ) အဆောက်အဦးကို လှမ်းမြင်ရပါမည် ။
အခက်အခဲရှိပါက၊ အောက်ပါပုဂ္ဂိုလ်များထံဆက်သွယ်ပါရန်-
ကိုဇေမင်း
HP: 010-2782-0940
Mr. Jason Seril
HP: +82-10-7913-7788
သင်တန်းသားလောင်းများ ၊ အောက်ပါအချက်အလက်များဖြည့်စွက် တင်ပြဖို့လိုအပ်ပါမည် -
Type of Course (တက်ရောက်လိုသော သင်တန်း)
Forklift (ဖော့ကလစ်) လား ၊ Backhoe (မြေတူးစက်) လား ။
Full Name: *(နာမည်အပြည့်အစုံ)
Sex/Gender: *(ကျား/ မ)
ARC (Alien Registration Certification) No.*(နိုင်ငံခြားသားကပ်ပြားအမှတ်)
Visa Sojourn *(ဗီဇာသက်တမ်း)
Nationality: *(မည်သည့်နိုင်ငံသား)
Contact Number (Mobile No.): *(ဆက်သွယ်ရန်)
Company Name: *(ကုမ္ပဏီအမည်)
Company Address: *(ကုမ္ပဏီလိပ်စာ)
Company Contact Number: *(ကုမ္ပဏီဖုန်း)
(can be your boss' contact number.)
Educational Background *(ပညာရေးအခြေအနေ)
Korean Proficiency *(ကိုရီးယားစကားပြော အခြေအနေ)
( ဤနေရာ CLICK လျင် ၊ ပေါ်လာမည့် စာမျက်နှာ တွင် ၊ လိုအပ်ချက်များ ဖြည့်စွက်ကာ ၊ အောက်ဆုံးရှိ Submit ဟူသော စာသားကိုနှိပ်ခြင်းအားဖြင့် တင်ပြ လျှောက်ထားကြရန် ဖြစ်ပါသည် ။)
အားလုံး အဆင်ပြေကြပါစေ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 30, 2012

ရက်လည်ဆွမ်းကျွေး အလှူတော်

(၂၈၊ ၅၊ ၂၀၁၂) တနင်္ဂနွေနေ့ တွင် ကွယ်လွန်သွားသော မြင်းခြံမြို့ အမှတ်(၆)ရပ်ကွက်နေ ကိုဝင်းကျော်ကျော်(ခ)ကိုထင်အောင်ကျော်၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ခင်စီ အသက်(၆၃)နှစ်အရွယ်အား ရည်စူးပြီး 3/6/2012 တနင်္ဂနွေနေ့တွင် အန်ဆန်းမြို့ သန္တိကရဝိဟာရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်း နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းကာ အမျှပေးဝေမှုကို ပြုလုပ်မည်ဖြစ်ပါ၍ ကိုးရီးယားနိုင်ငံရောက် မိတ်ဆွေသူငယ်ချင်းအပေါင်းတို့အား ကြွရောက်၍ ကိုဝင်းကျော်ကျော်နှင့်အတူ ကုသိုလ်ပြု အမျှပေးဝေနိုင်ပါ၇န် ညှိုးငယ်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

နေရာ။ ။သန္တိကရဝိဟာရ ကျောင်းတော်၊အန်ဆန်းမြို့ 

နေ့ရက်။  ။၂၀၁၂ခုနှစ် ဇွန်လ ၃ရက် တနင်္ဂနွေနေ့

အချိန်။  ။နံနက်(၇)နာရီမှ မွန်းလွဲ(၁)ထိ

ဧည့်ခံအကျွေးအမွေး။  ။မြန်မာထမင်ဟင်းလျာ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဒီပဲယင်း နှစ်ပတ်လည် ကြေညာချက်

Burmese Statement for Depayin Massacre

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 29, 2012

မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များ အခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်း

မြန်မာ အီးပီလုပ်သားလောင်းများအတွက် ဖုန်း(2-G Handset)များအခမဲ့ဖြန့်ဝေပေးနေကြောင်း အသိပေးခြင်း

အင်ချောန်း ၊ မေ ၁၄
တယ်လီတော်ကီသည် ၊ မြန်မာအီးပီလုပ်သားလောင်းများ ကိုရီးယားနိုင်ငံသို့ ရောက်လျင်ရောက်ချင်း ကိုယ်ပိုင် လက်ကိုင်ဖုန်းများ အသုံးပြုပြီး မိဘဆွေမျိုးမိတ်သင်္ဂဟများထံ အဆက်အသွယ်ပြုနိုင်ကြစေရေး နှင့် မိမိတို့အခက်အခဲများကို သက်ဆိုင်ရာများသို့ အမြန်ဆုံး ဆက်သွယ် တင်ပြ ညှိနှိုင်း ဖြေရှင်းနိုင်ကြစေရေးအတွက် ၊ 2-G Handset လက်ကိုင်ဖုန်းများကို အခမဲ့ ပေးဝေလျက်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါသည် -
အစီအစဉ်နှင့်စည်းကမ်းချက်များမှာ -
- မြန်မာပြည်မှ လာမည့်မိတ်ဆွေ(လုပ်သားလောင်း)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် (မလာမှီ၂ရက်) ကျြိတင်ပေးပို့ထားရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို အင်ချောန်းလေဆိပ်သို့ ရောက်လျင်ရောက်ချင်း ၊ လွဲပြောင်းပေးပါမည်။ (ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ လက်ငင်းပေးချေရပါမည် ။)
- နိုင်ငံကူးလက်မှတ်မိတ္တူပေးပို့ချိန်တွင် ၊ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြား မှာထားနိုင်ပါသည် ။
- ကိုရီးယားရောက်ရှိပြီး မိတ်ဆွေ(လူသစ်)များ

- မိတ်ဆွေတို့၏ နိုင်ငံကူးလက်မှတ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) သို့မဟုတ် နိုင်ငံခြားသားစီစစ်ရေးကတ်မိတ္တူ (ရှေ့နောက်) ကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် ပေးပို့ရပါမည် ။
- မိတ်ဆွေတို့ မှာကြားထားသော လက်ကိုင်ဖုန်းကို စက်ရုံ သို့မဟုတ် အလုပ်ရုံ သို့ ပို့ခ ပေးရွေးစနစ်ဖြင့် စာတိုက်မှ ပို့ပေးပါမည်။
- ဖုန်း၁သောင်းဖိုး ပြောနိုင်သော ၊ ဖုန်းကတ်(Refill Card)ဖိုး ဝမ် ၁ သောင်း ကိုမူ ၊ ကြိုတင် ပေးချေရပါမည် ။
- လိုအပ်သောစာရွက်စာတမ်းမိတ္တူနှင့် အတူ နှစ်သက်ရာ နံပါတ်(နောက်ဆုံး၎လုံး)ရှိပါက ကြိုတင်ပြောကြားမှာထားနိုင်ပါသည် ။

- မှတ်ချက်များမှာ-
- လက်ကိုင်ဖုန်း အခမဲ့ပေးဝေခြင်းအတွက် မည်သည့် အဖိုးစားနားကိုမျှ တောင်းဆိုခြင်းပြုမည်မဟုတ်ပါ ။
- မည်သည့်စာချုပ် မျှလည်း ချုပ်ဆိုရန် မလိုအပ်ပါ ။
- အခမဲ့ဖုန်းကို ၃ လ အတွင်း ဖျက်သိမ်းခြင်းမပြုလျင် လုံလောက်ပါသည် ။
စိတ်ပါဝင်စား အလိုရှိသူများ ၊ အောက်ပါအတိုင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါသည် -
*ဖုန်း -032-425-2457
*ဖုန်း -010-6629-1508,Lady Jein
*ဖုန်း -010-6772,0234,Kyaw San Linn
*ဖုန်း -010-2782-6911,Madam Myint Kyaw
*ဖက်စ် -0505-988-4483
*အီးမေးလ်- teletalki2011@gmail.com

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တိပိဋကဆရာတော်နှင့်မဟာသမယအခါတော်နေ့ အကြိုတရားပွဲ ဖိတ်ကြားလွှာ

             ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ညီအကိုအပေါင်းတို့ ခင်ဗျား.....
တိပိဋကဓရ၊တိပိဋကကောဝိဒ ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရ ဆရာတော်ဘုရားသည် မြန်မာ
ဗုဒ္ဓသာသနာပြုကျောင်းတော် (ဘူဖျောင်း)၂၀၁၂၊၀၆၊၀၁ ရက် သောကြာနေ့ ညတွင် ကျိန်းစက် သီတင်းသုံး
တော်မူပြီး ၂၀၁၂၊၀၆၊၀၂ ရက်နေ့ နံနက်ပိုင်းတွင် ဆွမ်းဘုန်းပေးတော်မူကာ တရားတော်များ ဟောကြားချီးမြှင့်
တော်မူမည် ဖြစ်ပါသည်။ယခုလာမည့် ၂၀၁၂၊၀၆၊၀၄ ရက် တနင်္လာနေ့ သည် နယုန်လပြည့် မဟာသမယ အခါ
တော်နေ့ ဖြစ်ပါသည်။တိပိဋက ဆရာတော်ကြွလာသည့်အ ခိုက်နှင့် ကြုံကြိုက်နေပါသဖြင့် မဟာသမယ အခါ
တော်နေ့  အ ကြိုတရားတော်များ ချီးမြှင့်ပြီး မဟာသမယ သုတ်တော်ကို စုပေါင်းရွတ်ဆို ပူဇော်ကြမည် ဖြစ်ပါ၍ ကြွရေက်ကြည်ညို ကုသိုလ်တော်ယူနိုင် ကြပါရန် မေတ္တာထား ဖိတ်ကြားအသိပေးပါသည် ခင်ဗျား.....။
                                                                          သံဃာတော်များနှင့်ကျောင်းအကျိုးဆောင်များ
               အစီအစဉ်
၂၀၁၂၊၀၆၊၀၁ ရက်စနေနေ့ ည ၁၁း၀၀နာရီ ခန့် ဗုဒ္ဓသာသနာပြုကျောင်းတော်သို့ ရောက်ရှိခြင်း။
၂၀၁၂၊၀၆၊၀၂ ရက်စနေနေ့ နံနက် ၆း၀၀နာရီ ဆွမ်းကပ်ခြင်း။

၂၀၁၂၊၀၆၊၀၂ ရက်စနေနေ့ နံနက် ၈း၀၀နာရီ တရားချီးမြှင့် ခြင်း။
၂၀၁၂၊၀၆၊၀၂ ရက်စနေနေ့ နံနက် ၉း၀၀ နာရီ ဓမ္မဓူတကျောင်းတော်သို့ ကြွရောက်ခြင်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 28, 2012

ဆေးကုသမှု အစီအစဉ် စတင်ပြီ



အခမဲ့ ဆေးကုသမှု အစီအစဉ်ကို ဇွန်လမှ စတင်ကာ လစဉ် နှစ်ကြိမ် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျန်းမာရေး လိုအပ်ချက်အရ ဆေးစစ်ဆေးကုလိုသူ ကျန်းမာရေး အကြံညဏ် ရယူလိုသူများ မည်သူမဆို လာရောက် ကုသခံယူနိုင်ပါသည်။

အချိန်
လစဉ် - ပထမပတ် တနင်္ဂနွေ
- ညနေ ၄း၀၀ မှ ၆း၀၀ နာရီ ။

လစဉ် - တတိယပတ် တနင်္ဂနွေ
- မွန်းလွဲ ၂း၀၀ မှ ၄း၀၀ နာရီ
နေရာ
-မြန်မာစင်တာ၊ ဘူဖျောင်းမြို့

(ကျန်းမာရေး ဆေးကုသမှု အတွက် ကိုရီးယား-မြန်မာ ဘာသာပြန်များ လိုအပ်လျက်ရှိပါသဖြင့် အကူအညီ ပေးနိုင်သူ မည်သူမဆို မြန်မာစင်တာ ဖုန်း 070 4154 8824, 010 4187 5218, 010 7999 2208 သို့ ဆက်သွယ်ပါရန်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 24, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ ကာတွန်းဆရာများအား ဖိတ်ခေါ်ထား

THURSDAY, 17 MAY 2012 13:27
ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။

“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။ ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize ကို ဒေါ်လာ၁၀၀၀၊ Silver prize ကို ဒေါ်လာ ၅၀၀၊ Bronze prize ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။


Ref:
http://news-eleven.com/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

I-phone4 (Grade-1) ဈေးနှုန်းပြင်ဆင်သတ်မှတ်ခြင်း

I-phone4 (Grade-1) ဈေးနှုန်းပြင်ဆင်သတ်မှတ်ခြင်း

May 24, Seoul
တယ်လီတော်ကီက လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည့် I-phone4 (Good-second Hand) ဈေးနှုန်း များကို ၊ ယနေ့မှစ၍ အောက်ပါအတိုင်းပြင်ဆင်သတ်မှတ် ထားပါကြောင်း အသိပေးအပ်ပါသည်-

I-phone4 (Good-second Hand, Grade-1) များ (နီးစပ်ရာ Apple A/S Center များတွင် ၊ လဲလှယ်ခွင့်ရှိသည်။)
Black , White (16G):400,000 ဝမ်
မှတ်ချက်များ-
- ဖုန်း အာမခံကြေး ဝမ် 20,000 နှင့် USIM တန်ဖိုး 9,900 ကို ကုမ္ပဏီမှ ကျခံမည်ဖြစ်ပါသည် ။
- အနည်းဆုံး ၃ လသုံးစွဲမည်ဖြစ်ကြောင်း သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူပါမည် ။
- အခြားလိုင်း(KT, LG) ဖုန်းသုံးစွဲနေသူများ လိုင်းပြောင်းသုံးစွဲနိုင်ပါသည် ။
- လိုင်းပြောင်းလျှောက်သူများ ၊ လိုင်းဟောင်းမှ ဖုန်းကြွေးကျန်များ ရှင်းလင်းပြီးဖြစ်ရပါမည်။ လိုင်းဟောင်းဖုန်း Model Number နှင့် Serial Number တို့ကို တင်ပြရပါမည် ။
- ဘဏ်စာအုပ်မှာ မိမိ နိုင်ငံခြားသားကပ်ဖြင့် ပြုလုပ်ထားသော ဘဏ်စာအုပ်ဖြစ်ရပါမည် ။
- လိုင်းကြေး 3သောင်း9ထောင် 6 ရာကို 3 လ ခွဲပြီး ဖြတ်ယူပါမည် ။


လေးစားမှုဖြင့်-
တယ်လီတော်ကီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တိပိဋကဆရာတော် မြန်မာကျောင်းများ ခရီးစဉ်

ကိုရီးယားနိုင်ငံသို့ သာသနာပြု ကြွရောက်တော်မူနေသည့် တိပိဋကဓရဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရအား မြန်မာအများ ဖူးမြော်နိုင်စေရန်အတွက် မြန်မာကျောင်းများသို့ ကြွရောက်တော်မူမည့် အစီအစဉ်ကို အသိပေးတင်ပြလိုက်ပါသည်။ မြန်မာဒကာဒကာမများ အနေဖြင့် အောက်ပါအစီအစဉ်အတိုင်း နီးစပ်ရာ မြန်မာကျောင်းများတွင် သွားရောက်ဖူးမြော် ကြည်ညိုနိုင်ပါကြပါသည်။

၁။ သန္တိကရ ဝိဟာရကျောင်း (အန်ဆန်း) = ၂၇-၅-၂၀၁၂၊ တနင်္ဂနေ့
- နံနက် (၁၀)နာရီတွင် ကြွရောက်၍ (၁၁)နာရီတွင် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
- နေ့လည် (၁၂)နာရီ (၃၀)မှ (၁)နာရီ (၃၀)အထိ ဆရာတော်ထံမှ သြဝါဒတရား နာယူခြင်း
- (၁)နာရီ (၄၀) ဗောဓိရိပ်သာ(ဆိုးလ်)သို့ ပြန်လည်ကြွရောက်တော်မူခြင်း

၂။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ဘူဖျောင်း) = ၁-၆-၂၀၁၂~ ၂-၆-၂၀၁၂၊ သောကြာ၊ စနေနေ့
- ၁-၆-၂၀၁၂ရက်နေ့ ည (၁၀)နာရီ ဗောဓိရိပ်သာ တရားပွဲအပြီး မြန်မာဗုဒ္ဓသာသနာပြုကျောင်းသို့ ကြွရောက်ကျိန်းစက်တော်မူခြင်း
- ၂-၆-၂၀၁၂ ဆရာတော်နှင့် သံဃာတော်များအား နံနက် အရုဏ်ဆွမ်းကပ်၍ ဆရာတော်ထံမှ သြဝါဒတရား နာယူခြင်း
- နံနက် (၉)နာရီတွင် ဓမ္မဒူတကျောင်းတော်သို့ ကြွရောက်တော်မူခြင်း

၃။ ဓမ္မဒူတကျောင်း (ဘူဖျောင်း) = ၂-၆-၂၀၁၂၊ စနေနေ့
- နံနက် (၉)နာရီမှ (၁၁)နာရီအထိ ဓမ္မဒူတသို့ ကြွရောက်၍ အဖူးမြော်ခံခြင်း၊ ဆရာတော်ထံမှ သြဝါဒစကား နာယူခြင်း
- နံနက် (၁၁)နာရီ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
- နေ့လည် (၁၂)နာရီခွဲတွင် ဗောဓိရိပ်သာသို့ ပြန်လည်ကြွရောက်တော်မူခြင်း

၎။ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂူး) = ၃-၆-၂၀၁၂၊ တနင်္ဂနွေနေ့
- နံနက် (၁၀)နာရီ ဒယ်ဂူးကျောင်းသို့ ကြွရောက်တော်မူခြင်း
- နံနက် (၁၁)နာရီ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
- နေ့လည် (၁၂)နာရီခွဲမှ (၁)နာရီခွဲအထိ ဆရာတော်ထံမှ တရားတော်နာယူခြင်း
- နေ့လည် (၁)နာရီ (၄၅) ဗောဓိရိပ်သာသို့ ပြန်လည်ကြွရောက်တော်မူခြင်း

ဆရာတော်ထံ ဆက်သွယ်လိုပါက ဖုန်း ၀၁၀-၃၇၈၇-၉၆၉၃ သို့ ဆက်သွယ်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 23, 2012

တိပိဋကဆရာတော်၏ သြဝါဒ တရားပွဲ

ရေးသားသူ — သန္တိကရဝိဟာရ


ဆိုးလ်မြို့ ဗောဓိရိပ်သာကျောင်းဆ၇ာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ နဝမမြှောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာအရှင်ဂန္ဓမာလာလင်္ကာရသည် မေလ (၂၃) ၇က်နေ့တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မခ၇ီးစဉ်အဖြစ်
ကြွရောက်ချီးမြှောက်ပါမည်။
(၂၁) ၇က်ကြာဓမ္မခရီးစဉ်အတွင်း (၂၇) ၇က် တနင်္ဂနွေနေ့ အားလပ်ရက်တွင် တိပိဋက မြင်းခြံဆရာတော်အား ဒကာ၊ ဒကာမသူတော်ကောင်းအပေါင်းတို့  ဖူးမြော်ကြည်ညိုနိုင်ရန်၊ သြဝါဒတရားနာယူနိုင်ရန်၊ နေ့ ဆွမ်းဆက်ကပ်
လှူဒါန်း၇န် အန်ဆန်းမြို့ရှိ သန္တိကရဝိဟာရ ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ပါမည်။
ဆရာတော်သည် မနက် ၁၁း၀၀ နာရီ မထိုးမီ ရောက်ရှိပြီး နေ့လည် ၁း၄၀ နာရီတွင် ဆိုးလ်မြို့ ဗောဓိဆုရိပ်သာ၌ တရားဟောရန်ပြန်လည်ကြွရောက်မည် ဖြစ်ပါ၍ ရခေါင့်ရခဲ အခွင့်အရေးကြီးကို လက်မလွှတ်ကြစေ၇န် တိုက်တွှန်းနိုးဆော်လိုက်ရပါသည် သူတော်ကောင်းအပေါင်းတို့ …။
အစီအစဉ်
နေ၇ာ - သန္တိကရဝိဟာရကျောင်းတော်၊ အန်ဆန်းမြို့
နေ့ ရက် - မေလ ၂၇ ၇က် (တနင်္ဂနွေနေ့ )
မနက် ၁၁း၀၀ နာရီ - နေ့ ဆွမ်းဆက်ကပ်
နေ့ လည် ၁၂း၃၀ - ၁း၃၀ သြဝါဒတရားနာ
ဧည့်ပရိတ်သတ်အပေါင်းအားလည်း အာဟာရဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ပြုပါမည်။
စုံစမ်းလိုပါက - ဆ၇ာတော်ဖုန်း (၀၁၀-၅၁၈၄-၃၅၇၈) ကိုကျော်မိုး (၀၁၀၅၁၀၂-၉၉၂၆)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာအီးပီလုပ်သားများအား အရစ်ကျပေး အကြွေးစနစ် ဖြင့် စမတ်ဖုန်းများ ဆက်လက် ရောင်းချပေးလျက်ရှိ

မေလ ၁၅ ၊ ဆောအူးလ်မြို့တော်
TeleTalki သည် အထူးအစီအစဉ်အဖြစ် မြန်မာအီးပီလုပ်သားများအား Sky Vega Racer, LG Prada, Sky Vega LTE, Samsung Galaxy S2 HD, Samsung Galaxy Note , စမတ်ဖုန်းများကို အရစ်ကျပေး အကြွေးစနစ် (Installment) ဖြင့် ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း ကြေညာအပ်ပါသည် ။
ရောင်းချပေးမည့် ကာလ -
2012 May 16 (Wednesday) မှ 2012 June 15 (Friday) ထိ
ရောင်းချပေးမည့် ဖုန်းအမျိုးအစားများ -
1. Sky Vega Racer (Click Here)
2. Samsung Galaxy Note (Click Here)
3. Samsung Galaxy HD LTE: (Click Here)
4. L.G Prada (Click Here)
5. Sky Vega LTE (Click Here)

မှတ်ချက် ။
- အာမခံနိုင်မှု အကန့်အသတ်ရှိပါသဖြင့် ၊ ရောင်းချပေးမည့် အရေအတွက် ကန့်သတ်ထားပါသည် ။
အထူးပြုသတ်မှတ်ချက်များ -
- 3လ6လ,12လ,24လ,လ30,ဆိုင်းစသည်ဖြင့် ဝယ်သူအကြိုက် ညှိနှိုင်း ရောင်းချပေးနေပါသည်
ဝယ်ယူနိုင်မည့် ပုဂ္ဂိုလ်များ -
- ကိုရီးယားမှ အပြီးအပိုင်ထွက်ခွါခြင်း မပြုမှီ ဖုန်းတန်ဖိုးကို အပြီးအပိုင်ပေးချေရန် တာဝန်ခံသူ ဖြစ်ရမည် ။
- ဓမ္မဒူတ နိဗဒ္ဓအလှူရှင် သို့မဟုတ် ၊ ကိုရီးယားနိုင်ငံရှိ မြန်မာ အသင်းအဖွဲ့များ (ဘာသာရေး၊ လူမှုရေး ၊နိုင်ငံရေး စသည်)များမှ အမှုဆောင်တစ်ဦးဦး သို့မဟုတ် ကိုရီးယားနိုင်ငံရှိ မြန်မာ လုပ်ငန်းရှင်တစ်ဦးဦး က ထောက်ခံချက်ပေးနိုင်သူဖြစ်ရမည် ။
လိုအပ်သည့်စာရွက်စာတမ်းများ -
- ID ကတ် (နိုင်ငံခြားသား မှတ်ပုံတင်ကတ်) မိတ္တူ (ရှေ့၊ နောက်)
- ဘဏ်စာအုပ်မိတ္တူ (ရှေ့ဆုံးစာမျက်နှာသာ ၊ သင်တန်းကျောင်းကပြုလုပ်ပေးသည့် ဘဏ်စာအုပ်မဖြစ်ရ )
- ငွေပေးချေမှုအဆင်ပြေစေရေးအတွက် လုံခြုံရေးစနစ် သာလွန်အဆင်ပြေသည့် Nonghyup, K.E.B, K.B, Shinhan, သို့မဟုတ် Post Office ဘဏ်များအသုံးပြုလျင် ပိုမိုကောင်းမွန်ပါသည် ။
ဆက်သွယ်ရန် -
*ဖုန်း -032-425-2457
*ဖုန်း -010-6629-1508,Lady Jein
*ဖုန်း -010-6772,0234,Kyaw San Linn
*အီးမေးလ်- teletalki2011@gmail.com
*Fax-032-438-3016

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 21, 2012

အခမဲ့ 2-G ဖုန်း မှာကြားထားကြသည့် ညီအစ်ကိုများ သို့ မေတ္တာရပ်ခံချက်

May 21, Seoul

ကိုရီးယားရောက်ရှိပြီး (လုပ်သားသစ်)မိတ်ဆွေများခင်ဗျား
- 2-G လက်ကိုင်ဖုန်းများ ပေးပို့ရန်လိပ်စာ အပြည့်အစုံနှင့် ၊ လိပ်စာရှာဖွေရန်အခက်အခဲရှိက ဆက်သွယ်ရန် ဖုန်းနံပတ်တို့ကို သင့်ရာနည်းဖြင့် အမြန်ဆုံး ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည် ။
- ဖုန်းကတ်ဖိုးကို အောက်ပါ ဘဏ်စာရင်းသို့ ပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -
- ဘဏ်အမည် -NONGHYUP
- ဘဏ်စာရင်းအမှတ်-171007-56-019106
- ဘဏ်စာရင်းအမည်-SOETINTBO
ဖုန်းကတ်ဖိုး ငွေပေးသွင်းပြီးပါက ၊ ပေးသွင်းပြီးကြောင်း သင့်ရာနည်းဖြင့် အတည်ပြုချက်ပေးပို့ကြပါရန်လည်း ထပ်ဆင့် မေတ္တာရပ်ခံအပ်ပါသည် ။

မြန်မာပြည်မှ လာမည့် (လုပ်သားလောင်း)မိတ်ဆွေများခင်ဗျား
- မိတ်ဆွေတို့ရောက်ရှိမည့် နေ့ရက် ၊ အချိန်နှင့် လေယာဉ်အမှတ်တို့ကို မပျက်မကွက်ဖော်ပြပေးပါရန် ။
- အကြောင်းအမျိုးအမျိုးကြောင့် လေဆိပ်တွင် လွဲချော်(မတွေ့ဆုံနိုင်)ပါက ၊ ပေးပို့နိုင်ရန် လိပ်စာ အပြည့်အစုံနှင့် ဖုန်းနံပတ်တို့ကို ဖော်ပြပေးပါရန် ။
- ဖုန်းကတ်ဖိုး ကျသင့်ငွေကို၊ လေဆိပ်တွင် လက်ငင်းပေးချေပါရန် ။
- ဘက်ထရီအားသွင်းစက် အလိုရှိပါက ကြိုတင်မှာကြားထားကြပါရန်။(Won-5000).

လေးစားမှုဖြင့်-
တယ်လီတော်ကီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မင်္ဂလာဦးဆွမ်းကျွေး ဖိတ်ကြားလွှာ

ရန်ကုန်တိုင်း၊တာမွေမြို့ နယ်၊မေတ္တာညွှန့် ရပ်ကွက်နေ
ဦးမြသိန်း+ဒေါ်အေးရွှေတို့ ၏ သားကြီး
မောင်မင်းမင်းဦး
နှင့်
ရန်ကုန်တိုင်း၊သမိုင်းမြို့ နယ်၊(၁)ရပ်ကွက်နေ
ဦးဝင်းငြိမ်း+ဒေါ်လှရီတို့ ၏ သမီးကြီး
မလှလှငြိမ်း တို့ ၏
"မင်္ဂလာဦးဆွမ်းကျွေး"သို့ ကြွရောက် ချီးမြှင့်ပေးပါရန် လေးစားစွာဖြင့်
ဖိတ်ကြားအပ်ပါသည်။
အချိန်။ ။၂၇၊၅၊၂၀၁၂ခုနှစ်(တနင်္ဂနွေ)နေ့ ၊နေ့ လည် (၁၂)နာရီမှ (၃)နာရီထိ
နေရာ။ ။မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်
ဧည့်ခံအစီအစဉ်။ ။ဒံပေါက် ထမင်းဟင်း
မဂ်လာတရားနာချိန်။ ။နံနက်(၉)နာရီ
ဆက်သွယ်ရန်...၀၁၀ ၆၄၁၄ ၇၉၁၆၊ ၀၁၀ ၈၇၉၉ ၁၂၈၃၊ ၀၁၀ ၂၂၇၁ ၈၃၃၃၊
မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း ဆင်နွဲ ကျင်းပမည် ဖြစ်ပါသဖြင့် ဖိတ်စာရသည်ဖြစ်စေ
မရသည်ဖြစ်စေ ကြွရောက်ချီးမြှောက်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။
မင်္ဂလာဆုတောင်း
ပါရမီဖြည့်ဖက်၊ကုသိုလ်ဆက်၊ရွှေလက်မြဲပါစေ
ရွှေလက်မြဲခိုင်၊နိဗ္ဗာန်တိုင်၊၀မ်းသာနိုင်ပါစေ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 18, 2012

မြန်မာစင်တာ ဖွင့်ပွဲ ဖိတ်ကြားစာ

ရေးသားသူ — မြန်မာစင်တာ


မြန်မာစင်တာ ဖွင့်ပွဲကို ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါ၍ ကြွရောက် အားပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် - ၂ဝ၁၂ မေလ ၂ဝ တနင်္ဂနွေနေ့
အချိန် - ညနေ ၃ နာရီမှ ၅ နာရီ
နေရာ - မြန်မာစင်တာ၊ ဘူဖျောင်းမြို့
인천광역시 부평구 부평6동 606-16 3F


လမ်းညွှန်

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ အားလုံးနဲ့ သက်ဆိုင်သော၊
ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးများ လုပ်ဆောင်ရန် ရည်ရွယ်သော၊
မိတ်ဆွေတိုင်း ကွန်းခိုရာ ဘုံရိပ်သာနေရာတခု အဖြစ်
မြန်မာစင်တာကို စတင် တည်ထောင်ကြခြင်း ဖြစ်ပါတယ်။
အဓိကအားဖြင့် -
အလုပ်ခွင်ရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီလမ်းညွှန်ပေးဖို့
ကိုရီးယားဘာသာ၊ ကွန်ပျူတာနဲ့ အခြား ဘာသာရပ်များကို လေ့ကျင့်မြှင့်တင်ပေးဖို့
လူမှုစည်းရုံးရေးနဲ့ လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဖွင့်ပွဲမှာ
မိတ်ဟောင်းမိတ်သစ်တို့ ရင်းရင်းနှီးနှီး တွေ့ဆုံကြရင်း
မြန်မာအစားအစာများကို ဘူဖေးသုံးဆောင်ကြပါမယ်။
ပျော်ရွှင်စရာ နဲ့ ဂီတ အက
အမှတ်တရ အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ဖွင့်ပွဲသို့ ကြွရောက်၍ အတူတကွ ပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါတယ်။

အမှုဆောင်အဖွဲ့
မြန်မာစင်တာ


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 16, 2012

ပထမအကြိမ် မြန်မာအသင်း(ကိုရီးယား) ကွင်းဖွင့်ဖလား ဘော်လုံးပြိုင်ပွဲ ကျင်းပပြီးစီး


ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)



 မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူး ကျင်းပသည့် ပထမအကြိမ် ကွင်းဖွင့်ဖလား ဘော်လုံးပြိုင်ပွဲကို မေလ ၁၃ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ကွင်းဖွင့်ဖလား ဘော်လုံးပြိုင်ပွဲကို မြန်မာအသင်း(ကိုရီးယား) ရုံးခန်း တည်ရှိရာ အဆောက်အအုံ အနီးရှိ ရှီမ်ဝေါ်န် အလယ်တန်းကျောင်း(심원중학교) ဘော်လုံးကွင်း၌ နံနက် ၁၁နာရီတွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် မြန်မာအသင်း(ကိုရီးယား) ဥက္ကဋ္ဌဦးခင်မောင်ရင်မှ နှုတ်ခွန်းဆက်စကား ပြောကြားပြီးအားကစားရေးရာမှူးကိုခင်မောင်ဝင်းမှ ဘော်လုံးပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်း ပြောပြပြီး ဖွင့်လှစ်ခဲ့ပါသည်။

ဘော်လုံးအသင်းပေါင်း ၁၁သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဘော်လုံးပြိုင်ပွဲတွင် ပထမအဆင့် အုပ်စုပတ်လည် ၊ ဒုတိယအဆင့်မှ စတင်၍ ရှုံးထွက် ပုံစံဖြင့် ကျင်းပခဲ့ပါသည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် ချင်းလူမှုရေးအသင်း ဘော်လုံးအဖွဲ့နှင့် အန်ဆန်းရှီဟွာ ဘော်လုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ချင်းလူမှုရေးအသင်း ဘော်လုံးအဖွဲ့မှ ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲကာ ကွင့်ဖွင့်ဖလားအား ဆွတ်ခူး ရရှိသွားပါသည်။ ထိုပြိုင်ပွဲမှ လာမည့် ဇွန်လ ၃ရက်နေ့တွင် ကျင်းပမည့် နိုင်ငံတကာ ဘော်လုံးပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် မြန်မာ့လက်ရွေးစဉ် ဘော်လုံးသမားများကိုလည်း ရွေးချယ်ခဲ့ပါသည်။ 

                        ပထမဆု ဆွတ်ခူး သွားသော ချင်းလူမှုရေးအသင်း ဘော်လုံးအဖွဲ့
                                (ဓါတ်ပုံအား Richard Van ၏ Facebook မှ ကူးယူ ဖော်ပြပါသည်။)

ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အသင်းများနှင့် အားပေးကြသည့် ပရိတ်သတ်များ စနစ်တကျ စည်ကမ်းရှိစွာ ယှဉ်ပြိုင်ခဲ့ကြသည့် အတွက် မြန်မာအသင်း(ကိုရီးယား)မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ယခုနှစ်တွင် ယှဉ်ပြိုင်ခဲ့ကြသည့် ဘော်လုံးအသင်းများ၏ ကစားပုံ နည်းလမ်းနှင့် အရည်အသွေးများ ပိုမို မြင့်မားလာသည်ကို မြင်တွေ့ရသည့် အတွက်လည်း မြန်မာအသင်း(ကိုရီးယား)မှ ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။

 မြန်မာအသင်း(ကိုရီးယား)မှ နှစ်စဉ် ဥက္ကဋ္ဌ ဖလား ဘော်လုံးပြိုင်ပွဲ ကိုသာ ကျင်းပခဲ့ရာ ယခုနှစ်မှ စတင်ကာ ၂ကြိမ် ကျင်းပမည် ဖြစ်ပါသည်။ ဥက္ကဋ္ဌ ဖလား ဘော်လုံးပြိုင်ပွဲကို လာမည့် သြဂုတ်လတွင်ကျင်းပမည် ဖြစ်ပါသည်။ကိုရီးယားနိုင်ငံရောက် ဘော်လုံးဝါသနာရှင်များနှင့် ဘော်လုံးအသင်းများ အနေဖြင့် ဆက်လက်၍ အားပေး ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်း ဖိတ်ခေါ်အပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 15, 2012

တိပိဋကဓရ ဆရာတော် ကိုရီးယား သာသနာပြုခရီး ကြွရောက်တော်မူမည်

ကိုရီးယားနိုင်ငံသား ထေရဝါဒ ရဟန်းတော် တစ်ပါးဖြစ်သည့် ဆိုးလ်မြို့ ဗိုရိဆု (보리수-ဗောဓိ) ဝိပဿနာ တရားရိပ်သာ ပဓာန နာယကဆရာတော် ဦးဗုဒ္ဓရက္ခိတ၏ ပင့်လျှောက်ချက်အရ ရန်ုကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်း တိပိဋကကျောင်းတော်နှင့် စစ်ကိုင်း၊ မင်းကွန်းတောင်ရိုး တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်ကြီးများ၏ ပဓာန နာယက၊ နဝမမြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာဂါရိက မြင်းခြံဆရာတော် ဒေါက်တာ အရှင်ဂန္ဓမာလာလင်္ကာရသည် မကြာမီ ရက်များအတွင်း ကိုရီးယားနိုင်ငံသို့ သာသနာပြုခရီး ကြွရောက်တော်မူလာမည် ဖြစ်ပါသည်။ ဗိုရိဆုဆရာတော်၏ စီစဉ်ဆောင်ရွက်ချက်အရ ဆရာတော်၏ ကိုရီးယား သာသနာပြု အစီအစဉ် အကြမ်းဖျင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ၂၃-၅-၂၀၁၂ ~ ၈-၆-၂၀၁၂ = ဗိုရိဆုရိပ်သာ ကိုရီးယား ယောဂီများအား ဓမ္မစကြာ ဒေသနာတော်နှင့် အနတ္တလက္ခဏသုတ် ဒေသနာတော် ဟောပြောပို့ချပေးခြင်း (၂ပတ်သင်တန်း)
(အချိန် = တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် ညနေ (၇) နာရီ (၃၀) မှ (၉)နာရီ (၃၀)အထိ၊ စနေ၊ တနင်္ဂနွေနေ့များတွင် နေ့လည် (၂)နာရီမှ (၄)နာရီအထိ)
- ၃၀-၅-၂၀၁၂ = ဗုဒ္ဓဘာသာ အသံလွင့်ဌာန (불교방송) အထူးတရားပွဲ
- ၁-၆-၂၀၁၂ = ဂွန်ဂျူးကိုရီးယား တရားပွဲ
- ၃-၆-၂၀၁၂ = ဒယ်ဂူးမြို့၊ စိတ္တသုခကျောင်း မြန်မာများအတွက် အထူးတရားပွဲ
(မြန်မာများအတွက် တရားပွဲအစီအစဉ်ကို အသေးစိပ်ထပ်မံကြေငြာပါမည်)
- သင့်လျော်သည့် ကြားရက်တစ်ရက်ရက် = ဘူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်း၌ နေ့ဆွမ်းကပ်လှူခြင်း၊ ဆရာတော်ထံမှ သြဝဒါခံယူခြင်း (ရက်အတိအကျကို အသိပေးကြေငြာပါမည်)
- ၉-၆-၂၀၁၂ ~ ၁၁-၆-၂၀၁၂ = ဂျယ်ဂျူဒို တက္ကသိုလ် ကိုရီးယား တရားပွဲနှင့် ဂျယ်ဂျူကျွန်း လေ့လာရေး
- ၁၁-၆-၂၀၁၂ = ညနေ (၇)နာရီ ဘူဆန် ကိုရီးယားတရားပွဲ
- ၁၂-၆-၂၀၁၂ = ဆိုးလ်မြို့တော်တစ်ခွင် အစီအစဉ်
- ၁၃-၆-၂၀၁၂ = မြန်မာပြည် ပြန်လည်ကြွရောက်တော်မူခြင်း

မှတ်ချက်။ ။ ဆရာတော် ကိုရီးယားတွင် သီးတင်းသုံး နေထိုင်စဉ်ကာလအတွင်း ဆရာတော်ထံ ဆက်သွယ်လိုသူများ အနေဖြင့် အောက်ပါ ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။
၀၁၀-၃၇၈၇-၉၆၉၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, May 14, 2012

လိုင်းပြောင်း (Number Transfer) လျှောက်ထားကြသည့် မိတ်ဆွေများသို့ အသိပေးချက်

လိုင်းပြောင်း (Number Transfer) လျှောက်ထားကြသည့် မိတ်ဆွေများသို့ အသိပေးချက်
ကိုရီးယားတွင် ဆက်သွယ်ရေးလိုင်းကြီး ၃ခုရှိရာမှာ ၊ မူလအသုံးပြုနေသည့်နံပါတ်အတိုင်း ၊ မူလ ဆက်သွယ်ရေးလိုင်း တစ်ခုမှအခြားလိုင်းတစ်ခုသို့ ပြောင်းရွှေ့လျှောက်ထားခွင့်ရှိပါသည် ။ ထို့သို့လိုင်းပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်အလက်များ မပျက်မကွက် (မပျက်မကွက်) ဆောင်ရွက် /တင်ပြရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်-
- မူလလိုင်းမှ ဖုန်းဘီလ်လက်ကျန်များ ရှင်းလင်းပြီးဖြစ်ရပါမည် ။
- မူလဖုန်း(လိုင်းမပြောင်းမှီဖုန်းဟောင်း)၏ မော်ဒယ်အမည်(Model Name)နှင့် စီရီယယ်နံပါတ်(Serial Number) တင်ပြနိုင်ရမည် ။
မှတ်ချက် -
- ၄င်း မော်ဒယ် အမည် နှင့် စီရီယယ် နံပါတ် မသိသူများ ဖုန်းပျောက်တိုင်ကြားချက်ဖြင့် ၊ ယခင်ဖုန်းနံပါတ်အတိုင်း ပြန်လည်ရယူနိုင်ပါသည် ။
- ဖုန်းပျောက်တိုင်ကြားလျင် သက်ဆိုင်ရာရဲစခန်းမှ ဖုန်းပျောက်တိုင်ကြားချက် လက်ခံထားကြောင်း ထောက်ခံချက်တင်ပြရပါမည် ။
လေးစားမှုဖြင့်-
တယ်လီတော်ကီ
၂၀၁၂ ခုနှစ် မေလ ၁၄ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 13, 2012

ကားဝယ်ရန် ငွေစာရင်းဖွင့်ရေး လတ်တလောအဆင်မပြေ

မြန်မာနိုင်ငံသားတိုင်း ကားတင်သွင်းနိုင်ရန် နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့် ဘဏ်များတွင် နိုင်ငံခြားငွေသွင်းကာ စာရင်းဖွင့်နိုင်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းက မေလ ၇ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသော်လည်း အဆိုပါဘဏ်များတွင် နိုင်ငံသားတိုင်းကို ဘဏ်စာရင်းဖွင့်လှစ်ပေးရန် ညွှန်ကြားချက်မရသေး၍ လတ်တလော၌ အဆင်မပြေသေးကြောင်း အဆိုပါဘဏ်များထံမှ စုံစမ်း သိရှိရသည်။
လတ်တလောတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်နိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင် နိုင်ငံခြားဝင်ငွေရရှိသည့် သင်္ဘောသားများ၊ပြည်ပအလုပ်သမား (Shore Job) များကိုသာ ဘဏ်စာရင်းများဖွင့်လှစ်ပေးနေကြောင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်ငွေစာရင်းဖွင့်သည့်ကောင်တာမှ စုံစမ်းသိရှိရသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်ရသည့် ပုဂ္ဂလိကဘဏ်များတွင် ဘဏ်စာရင်းဖွင့်နိုင်သည်ဟုဆိုသဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ဘဏ်များသို့ ဆက်သွယ်မေးမြန်းရာတွင် ၄င်းတို့၌ နိုင်ငံခြားနှင့် ချိတ်ဆက်သည့ှ်Swift (ကမ္ဘာလုံးဆိုင်ရာဘဏ်အချင်းချင်း ငွေကြေးဆိုင်ရာဆက်သွယ်သည့်စနစ်) မရှိသေးသဖြင့် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားကြသည် ။
''ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားစာရင်းဖွင့်နိုင်ဖို့က ဘဏ္ဍာရေးဝန်ကြီးနဲ့ ညှိနှိုင်းရဦးမှာပါ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးဒေါက်တာမောင်အောင်က ပြောကြားသည်။
နိုင်ငံသားတိုင်းကို နိုင်ငံခြားဘဏ် စာရင်းဖွင့်လှစ်ခွင့်ပေးမည်ဆိုလျှင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ရှိ ဝန်ထမ်းအရေအတွက်နှင့် ဝန်ဆောင်မှုအင်အားလုံလောက်မှုမရှိနိုင်ကြောင်း၊ လတ်တလောတွင်ပင် ဘဏ်စာအုပ်အသစ်များ ကုန်သွားသဖြင့် အချို့ကို စာရင်းသာဖွင့်ပေးထားရကြောင်း ဘဏ်များနှင့် ဘဏ်စာရင်း ဖွင့်ရန် စုံစမ်းနေသူများထံမှသိရသည်။
''ကျွန်တော်က Shore Job အနေနဲ့ ဘဏ်စာရင်းဖွင့်ဖို့သွားတာ၊ မနေ့က (မေ ၉) မရသေးဘူးပြောလို့ ပြန်လာရတယ် ။ ဒီနေ့တော့ မသိသေးဘူး'' ဟု ဘဏ်စာရင်းဖွင့်ရန် ကြိုးပမ်းသူတစ်ဦး The Voice Weekly သို့ ပြောကြားသည်။
ဘဏ်စာရင်းဖွင့်လှစ်ထားပြီးသူများမှာလည်း ကားတင်သွင်းရန်လိုအပ်သည့် ငွေပမာဏမပြည့်လျှင် အခြားသူများ၏နိုင်ငံခြားငွေစာရင်းမှ လွှဲပြောင်းဝယ်ယူနိုင်ပြီး တရားဝင်ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာမှငွေကိုဝယ်ယူကာ အဆိုပါဘဏ်များရှိ စာရင်းတွင် ထည့်သွင်းလျှင်လည်းရပြီး ဝန်ဆောင်ခ ဝ ဒသမ ၃ ရာခိုင်နှုန်းပေးရမည်ဟု ဗဟိုဘဏ်ကဘဏ်များသို့ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရသည်။ 
Ref: The Voice Weekly (8/21)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 11, 2012

Lotus Fouandation. နှစ်ပတ်လည် နှင့် ဂုဏ်ပြုပွဲ ဖိတ်စာ

ရေးသားသူ — Lotus Foundation

ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများခင်ဗျာ

ဗုဒ္ဓဘာသာ သာသနာနှင့် လောကအကျိုးတို့ကို သည်ပိုးရန် ရည်စိတ်သန်လျှက် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ လောကအသင်းကြီးကို ကဆုန်လပြည့်အခါသမယ (8th May 2009) တွင် Myanmar, Singapore, Malaysia, UK, USA, Japan, Australia နှင့် ကမ္ဘာတဝှမ်း နိုင်ငံပေါင်းစုံတို့မှ အသင်းသားများဖြင့် တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။

အသင်းကြီး၏ရည်ရွယ်ချက်များကိုပိုမိုကျယ်ပြန့်စွာလုပ်ဆောင်နိုင်စေရန်ရည်သန်၍ ကိုရီးယားနိုင်ငံ Lotus Foundation အသင်းခွဲကို မေလ ၁ ရက်နေ့ ၂၀၁၁ တွင် အသင်းခွဲအနေဖြင့် ထပ်မံဖွဲ့ စည်းဖြစ်ခဲ့ကြပါသည်။

အသင်းသက်တမ်း တစ်နှစ်တာကာလ အတွင်းတွင် အသင်းကြီးမှ ကြီးမှူးလုပ်ဆောင်နေသော မိဘမဲ့ကလေးများ ပညာသင်ထောက်ပံမှုလုပ်ဆောင်ချက်များတွင် ကိုရီးယားမှ အလှူရှင်များ၏ ကုသိုလ်ပါဝင်မှုဖြင့် ကလေးငယ် ၃၅ ဦးကိုပညာသင်စရိတ် ထောက်ပံ့နိုင်ခဲ့ပါသည်။ ထို့ အပြင် ပခုက္ကူရေးဘေးနှင့် စက်ဆန်းမီးဘေးကဲ့သို့ ကာလဒါန လှူဒါန်းမှုတို့ကို ပြုလုပ်နိုင်ခဲ့ပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေသုတ်ခုံအလှူတော် နှင့် Sunday Dhamma School တည်ထောင်ခြင်း၊ သင်္ကြန်စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းတို့တွင်လည်း ကိုရီးယားလိုတပ် မှ တတတ်တအားပါဝင်နိုင်ခဲ့ပါသည်။

ယခုအခါ တစ်နှစ်သားအခါသို့ ရောက်ရှိပြီဖြစ်သော ကိုရီးယားအသင်းခွဲ၏ နှစ်ပတ်လည်ကျင်းပခြင်းနှင့် အသင်းကြီးနှင့်အတူ လူမှုရေးကုသိုလ်ရေးတို့တွင် ပါဝင်လှူဒါန်းခဲ့ကြသောအလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းတို့ ကို အသင်းနာယကဆရာတော် ဦးသုဝဏ္ဏ (သန္တိကရ၀ိဟာရ ဆရာတော်)၏ ကျောင်းတိုက်တွင် နေဆွမ်းအလှူနှင့်အတူ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် ကြွရောက်ချီးမြှင့်ပေးကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် သူတော်ကောင်းအပေါင်းတို့ ခင်ဗျာ။



နေ့ရက်း ၁၃. ၀၅. ၂၀၁၂ (တနင်္ဂနွေနေ့)
အချိန်း မနက် ၁၀ နာရီမှ နေ့လည် ၁နာရီအတွင်း
နေရား 401(4th floor), 775-12, Wongok-dong, Danwon-gu, Ansan-si, Gyeonggi-do, Korea

(လမ်းညွှန်း အန်ဆန်းဘူတာမှ Bus 52, 55, 30-2, 909 စီး
군자시장 (원곡초등학교) Goon Kyar Si Jann) မှတ်တိုင်တွင် ဆင်းရန်။
737 Bus စီးပါက 주택사거리 (Ju Htet Sar Gaw Ri) မှတ်တိုင်တွင် ဆင်း၍ ညာဘက်ချိုးကာ တည့်တည့်လျှောက်ပါ။ )

နေ့ဆွမ်းအလှူ : မြန်မာထမင်းဟင်း

ဆက်သွယ်ရန်:

ဆရာတော်ဦးသုဝဏ္ဏ -010-5184-3578
ကိုရဲမင်းဟိန်း - 010-2857-7211
ကိုသန့်စင်ဦး - 010-2472-5531

မှတ်ချက်။ ။ အသင်းကြီး၏ တစ်နှစ်တာအတွင်း လှူဒါန်းခဲ့သော လှူဒါန်းမှုအစုစုနှင့် စာရင်းရှင်းတမ်းများကိုအောက်ပါလင်ခ့်များမှ တဆင့်သွားရောက်ကြည့်ရှု့နိုင်ပါသည်။
(၁)ပညာသင်စရိတ်၊ https://docs.google.com/open?id=0B0KzjgJuev6MbTVYcmI3Y0xKQnc
(၂)စက်ဆန်းမီးဘေး https://docs.google.com/open?id=0B0KzjgJuev6Mc3JHejEzTUxhM0E
(၃)ပခုက္ကူရေဘေး https://docs.google.com/open?id=0B0KzjgJuev6MbDdRM283emdpVm8
(၄)ရွှေတိဂုံစေတီတော်မြတ်ကြီး ၏အနောက်ဖက်မုခ် ခြေသုတ်ခုံ
https://docs.google.com/open?id=0B0KzjgJuev6Mckx6ZjZRSldhTjA
(၅) အသင်း အထွေထွေ အသုံးစရိတ် အလှူရှင်များ နှင့် စာရင်းရှင်းတမ်း
https://docs.google.com/open?id=0B0KzjgJuev6MdmFNYm9uZm1aeVU

သက်ရှည်ကျန်းမာဘေးရန်ကွာသာသနာပြုနိုင်ကြပါစေ

ဗုဒ္ဓဓမ္မသံဃာ့လောကအသင်းကြီး
The Lotus Foundation (Korea)
www.lotusfoundationmm.org
မှတ်ချက်။ ။ ctrl + click နှိပ်ပြီး လင့်များကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

QTV ဥာဏ်စမ်းပဟေဠိ အစီအစဉ် ပါဝင်လိုသည့် မြန်မာကျောင်းသားများဖိတ်ခေါ်

QTV တွင် ၊ (Miracle on the 7th Street) အမည်ဖြင့် ဥာဏ်စမ်းပဟေဠိ (Quiz)အစီအစဉ်ကို အင်္ဂါနေ့တိုင်း ညနေ ၇ နာရီမှ ၁၀ နာရီထိ ထုတ်လွင့်လျက်ရှိပြီး ၊ အဆိုပါအစီအစဉ်အတွက် ကိုရီးယားတွင် ပညာသင်ယူနေကြသည့် မြန်မာ ကျောင်းသား/သူ ၅ ဦး အပါတ်စဉ် ပါဝင် တက်ရောက်ခွင့် ရရှိထားပါသည် ။ ပါဝင်လိုသော မြန်မာကျောင်းသား ကျောင်းသူများရှိပါက မေလ ၁၄ ရက် ၊ တနင်္လာနေ့ နေ့လည် ၁၂ နာရီထက်နောက်မကျစေဘဲ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ်အပ်ပါသည် ။

လေးစားမှုဖြင့် -
010-2331-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

iPone-4 များ ဦးရာလူ စနစ်ဖြင့်ရောင်းချပေးပါမည်

iPone-4 (Good-Second Hand/A-Standard) များ ဦးရာလူ လက်ငင်းငွေချေစနစ်ဖြင့်ရောင်းချပေးပါမည် ။ အပိုပစ္စည်းများ အပြည့်အစုံပါသည် ။
SK ဆက်သွယ်ရေးလိုင်းမှ ရောင်းချပေးခြင်းဖြစ်သည် ။
စုစုပေါင်း အလုံးရေ ၃၀ (သုံးဆယ်)သာ ။
- ရောင်းဈေးမှာ ဝမ် ၃သိန်း ၅ သောင်းတိတိ ,
- လိုင်းကြေး-၃၉,၆၀၀,
- လစဉ် ဝမ် -၃၄,၀၀၀ ဖြင့် ၊ စကားပြော မိနစ် ၁၅၀ ၊ မက်ဆေ့ဂ်ျ ၁၅၀ ။ (အင်တာနက်)ဒေတာ ၁၀၀ အမ်ဘီ သုံးစွဲနိုင်ပါမည်။
အနည်းဆုံး ၃ လ သုံးစွဲပေးရပါမည် ။
၃ လပြည့်ပါက လိုင်းဖြတ်ခြင်း ၊ လိုင်းပြောင်းခြင်း ၊ အမည်ပြောင်းခြင်း ၊ စက်(Handset)ပြောင်းခြင်းစသည်တို့ကို လွတ်လပ်စွာ လုပ်ခွင့်ရှိပါသည် ။ ဖုန်းဝယ်ယူမည့်သူသည် ၊ ဗီဇာ အနည်းဆုံး ၃ လ လက်ကျန်ရှိရပါမည် ။
စာချုပ်မရှိပါ ။

လေးစားမှုဖြင့်-
တယ်လီတော်ကီ
010-2331-2457
032-425-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပထမအကြိမ် မြန်မာအသင်း(ကိုရီးယား) ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲ

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)





မြန်မာအသင်း(ကိုရီးယား)၏ ပထမအကြိမ် ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲအား မေလ ၁၃ ရက် တနင်္ဂနွေနေ့ မနက် ၁၁ နာရီအချိန်တွင် ပူချွန်းမြို့ 심원중학교 အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပါသည်။  ပြိုင်ပွဲဝင်အသင်းပေါင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအသင်းများအနေဖြင့် မနက် ၁၀ နာရီအရောက် ပြိုင်ပွဲကျင်းပရာနေရာသို့ စုဝေးပေးကြရမည် ဖြစ်ပါသည်။ 

နေ့ရက် - ၁၃၊ ၅၊ ၂၀၁၂
နေရာ - 부천시 심원중학교 (မြန်မာအသင်း(ကိုရီးယား) ရုံးခန်းအဆောက်အအုံဘေးရှိ အလယ်တန်းကျောင်း အားကစားကွင်း)




ဆက်သွယ်ကြရန် -

ဦးခင်မောင်ရင် - ၀၁၀ ၂၇၈၈ ၇၁၅၃
ဦးသန့်ဇင်အောင် - ၀၁၀ ၉ ၀၅၄ ၄၇၂၇
ဦးခင်မောင်ဝင်း - ၀၁၀ ၉ ၉ ၃၈ ၆၉ ၅၃
ဦးဝင်းအောင်ကျော် - ၀၁၀ ၂၅၀၇ ၉ ၂၉ ၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, May 10, 2012

ပညာတော်သင်(D-2, D-4 )များအား ၊ အရစ်ကျ စမတ်ဖုန်းများ ရောင်းချပေးမည်

ပညာတော်သင်(D-2, D-4 )များအား ၊ အရစ်ကျ စမတ်ဖုန်းများ ရောင်းချပေးမည်
ကိုရီးယားနိုင်ငံသို့ ပညာတော်သင်ရောက်ရှိနေကြသော ကျောင်းသားများအား အထူးအစီအစဉ်အဖြစ် အောက်ဖော်ပြပါ စမတ်ဖုန်းအမျိုးအစားများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည် -
Samsung Galaxy S-2,
Samsung Galaxy S-2 HD LTE,
Samsung Galaxy Note,
LG Vega LTE,
LG Optimus LTE,
- အရစ်ကျကာလမှာ အနည်းဆုံး ၁ နှစ် ၊ အများဆုံး ၃ နှစ်ဖြစ်ပါသည် ။
- လိုင်းပြောင်းခြင်း ၊ အမည်ပြောင်းခြင်း ၊ နံပတ်ပြောင်းခြင်း ၊ စက်(Handset)ပြောင်းခြင်း ၊စသည်များကိုလည်း ဆောင်ရွက်ပေးပါသည် ။

ဆက်သွယ်ရန် -
တယ်လီတော်ကီ
ဖုန်း - ၀၃၂-၄၂၅-၂၄၅၇
ဖက်စ်-၀၃၂-၄၃၈-၃၀၁၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 9, 2012

ဂေါ်ဂျယ်မှ မြန်မာတဦး ရုတ်တရက် ကွယ်လွန်၊ ရက်လည်ဆွမ်းသွပ် ဖိတ်ကြားစာ

ရေးသားသူ — မဇ္ဈိမယာန

ဂေါ်ဂျယ် ဒေ၀ူး သင်္ဘောကျင်းတွင် အလုပ် လုပ်ကိုင်နေသော ကိုတင်ထွန်းဦး (အသက် ၃၀)သည် ၂၀၁၂ ခုနှစ် မေလ ၆ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ဘူဆန်မြို့ နှလုံးအထူးကု ဆေးရုံတစ်ခုတွင် ရုတ်တရတ် ကွယ်လွန်သွားပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦး အတွက် ရက်လည် ဆွမ်းသွပ် တရားနာ အမျှဝေပွဲကို ဘူဆန်မြို့ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ မိတ်ဆွေသင်္ဂဟများ ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများက ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၀၁၂ မေလ ၁၂ ရက်၊ စနေနေ့
နေရာ = ပြည်တော်ဦးကျောင်း၊ ဘူဆန်မြို့၊ နာမ်ချောင်မြို့နယ်၊ စမ်းမစ်ဘိချိ တိုက် ၂၁၃၊ အခန်း ၂၀၅
အချိန် = နံနက် ၁၀ နာရီ မှ မွန်းလွဲ နာရီ


ကိုတင်ထွန်းဦးသည် လွန်ခဲ့သည့် တလကျော်မှစ၍ ဘူဆန်မြို့ ခွဲစိတ်အထူးကုဆေးရုံတွင် ဆေးကုသနေသော ဦးလေးတော်သူ ဦးသိန်းလွင်အား အနီးကပ် စောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ဦးသိန်းလွင်မှာ ပရပ်(စ်)စက်ရုံ တခုတွင် အလုပ်လုပ်ရာမှ လက်တွင်ထိခိုက် ဒဏ်ရာရရှိ၍ ဆေးရုံတက်နေခြင်း ဖြစ်သည်။

တစ်လခန့် ဆေးရုံစောင့်အပြီး အလုပ်လုပ်ရန် မိမိစက်ရုံ ဂေါ်ဂျယ်သို့ တစ်ပတ်ခန့် ပြန်သွားခဲ့သည်။ စနေနေ့ညက ဆေးရုံသို့ ပြန်လာပြီး ညအိပ်စောင့်ပေးခဲ့သည်။

တနင်္ဂနွေနေ့၊ နံနက် ၅ နာရီခန့်တွင် အိပ်ရာထချိန်အထိ ပုံမှန်အကောင်းတိုင်း ဖြစ်သည်။ ထို့နောက် မကြာမီတွင် ရုတ်တရတ် အသက်ရှူကြပ်ပြီး နှလုံးခုန် ရပ်သွားခဲ့သည်။ ဆေးရုံရှိ အရေးပေါ်ဌာနမှ အောက်စီဂျင်ပေး၊ အသက်ရှူ ကိရိယာများ အသုံးပြု၍ ပြန်လည် အသက်ရှူလာစေရန် ကြိုးစားခဲ့သော်လည်း မရနိုင်သည့် အဆုံးတွင် အနီးရှိ နှလုံးအထူးကု ဆေးရုံသို့ ပေးပို့ခဲ့သည်။

၎င်း နှလုံးဆေးရုံသို့ ရောက်ပြီးနောက် ကိုတင်ထွန်းဦးမှာ ကွယ်လွန် သွားခဲ့ပါသည်။
ဆေးရုံမှ ဆေးစစ်ချက်မှာ နှလုံး ရုတ်တရက် ရပ်သွားခြင်း ဖြစ်ပြီး၊ ဖခင်ဖြစ်သူမှာလည်း အိပ်ရာထဲတွင် အိပ်နေရာမှ ရုတ်တရက် ဆုံးပါးခဲ့ခြင်းကြောင့် မျိုးရိုးဗီဇကြောင့်ဟု ကောက်ချက်ချခဲ့ပါသည်။

မေလ ၇ ရက်၊ တနင်္လာနေ့ နံနက်တွင် ၎င်းကွယ်လွန်ရာ ဘူဆန်မြို့၊ နာမ်ဆမ်းမြို့နယ် အတွင်းရှိ ချင်(မ်)နဲဆေးရုံတွင် ဆရာတော်ဦးဝိစိတ္တ (ဒယ်ဂူးဆရာတော်) ကြွရောက်၍ သက်ပျောက်တရား ဟောကြားပေးခဲ့ပြီး ဆရာတော်အား နေ့ဆွမ်းဖြင့် ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။

မေလ ၈ ရက်၊ အင်္ဂါနေ့ နံနက်တွင် ဆရာတော် ဦးပဏ္ဍိစ္စ (ပြည်တော်ဦးဆရာတော်)အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်ပြီး သံဝေဂ ဆွမ်းသွပ်တရားတော် နာကြားပြီး၊ ကွယ်လွန်သူ၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို နံနက် ၉ နာရီခွဲတွင် မီးသဂြုင်္ိဟ်စက်သို့ ပိုဆောင်၍ မီးသဂြုင်္ိဟ် ခဲ့ကြပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦးမှာ မွန်လူမျိုးဖြစ်ပြီး၊ ဈာပနသို့ ကင်မဲ၊ ဘူဆန် ၀န်းကျင်ရှိ မိတ်ဆွေများနှင့် ဘူဖျောင်း မွန်အသင်း (ကိုရီးယား)မှ မိတ်ဆွေများ လာရောက်၍ ပို့ဆောင်ပေးခဲ့ကြပါသည်။

ကွယ်လွန်သူ ကိုတင်ထွန်းဦး အတွက် ရက်လည် ဆွမ်းသွပ် တရားနာ အမျှဝေပွဲကို ဘူဆန်မြို့ ပြည်တော်ဦး ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည်ဖြစ်ပါ၍ မိတ်ဆွေသင်္ဂဟများ ကျန်ရစ်သူ မိသားစုနှင့် မိတ်ဆွေများက ဖိတ်ကြားအပ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကားဝယ်ခွင့်ဖွင့်ပေးသဖြင့် ၊ ကားဈေးများထိုးကျ

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်အထက် ကားများကို လူတိုင်း တင်သွင်းခွင့်ပြုကြောင်း တရားဝင် ကြေညာလိုက်ရာ ကားဈေးနှုန်းများ ကျပ်သိန်းရာချီ ထိုးကျသွားပြီး ကားဈေးကွက် အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ကားအရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်အထိ စီစဉ်ရန် သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည် ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ (ခရီးသည်တင် ဘတ်စ်ကားများမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောသည်။
ယင်းကြေညာချက်ကြောင့် ကားဈေးကွက် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကားပွဲစားများထံမှ သိရှိရသည်။
“အရင်တုန်းက ကားပါမစ်ရှိမှ ကားသွင်းလို့ရတာလေ။ ကားပါမစ်ကလည်း တစောင်ကို အနည်းဆုံး သိန်း ၁၅၀ ရှိတယ်။ အခု ကားပါမစ် မလိုတော့ဘူးဆိုတော့ ကားဈေးတွေက အနည်းဆုံး သိန်း ၁၅၀ ကနေ သိန်းရာချီကို ထိုးကျကုန်တာ” ဟု ဟံသာဝတီကားပွဲဝင်းမှ ကားပွဲစားတဦးက ပြောသည်။
အငှားယာဉ် တက္ကစီများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ကားများကို ဘယ်မောင်းရော၊ ညာမောင်းပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ စစ်ဆေးထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားများ အသစ်တင်သွင်းလိုလျှင်လည်း ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ဘတ်စ်ကား ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“အငှားကားဆိုရင်တော့ သတ်မှတ်ထားတဲ့ အရောင်တင်သွင်းရမယ် ဆိုတာမျိုးတော့ရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတွေဆီမှာ အငှားကား လုပ်ကိုင်ချင်ပါတယ်ဆိုပြီး လျှောက်ထားပြီး တင်သွင်းခွင့်ရမယ်။ ဘတ်စ်ကားတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ကုမ္ပဏီဖွဲ့ပြီး သွင်းချင်တယ်ဆိုရင်လည်း သွင်းခွင့်ပြုမယ်” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။
ဤသို့ ကားလွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်သောကြောင့် ကားဈေးကွက်တွင် ကားဝယ်ရောင်း လုပ်ကိုင်နေသော ကား Show Room များနှင့် ကုမ္ပဏီများ သိန်းထောင်သောင်းချီ အရှုံးပေါ်သွားကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။
“ကားသွင်းတဲ့ကုမ္ပဏီတွေက အရှုံးပေါ်တာပေါ့။ အဓိက ထိခိုက်တာက ကားသွင်းတဲ့ကုမ္ပဏီတွေနဲ့ ကား Show Room တွေပေါ့။ သူတို့က ကားပါမစ်တွေဝယ်ပြီး ကားတွေသွင်းကြတာမျိုး ရှိပြီးတော့ လက်ထဲမှာ ကားစီးရေ တော်တော်များများ ထားကြတာ။ ကားစီးရေ လက်ထဲမှာ များများရှိတဲ့သူက ပိုရှုံးလေပဲ” ဟု ကားတင်သွင်းနေသော စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။
သိန်း ၁၅၀ ဈေးပေါက်ထားသောကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိ ဈေးကျသွားသဖြင့် သင်္ဘောသားများအတွက် ချပေးသော ကားသွင်းခွင့်ပါမစ်မှာ ကျပ် ၅ သိန်းသာ ဈေးရှိတော့ကြောင်း ပြည်တွင်းမှ 7 Day သတင်းဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
ယင်းသို့ အစိုးရက ကားတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်သော်လည်း ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်နိုင်မှုနှင့် လမ်းများ ကျပ်လာမည့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မည်သို့ဖြစ်စေကာမူ ကားတင်သွင်းခွင့်ကို လူတိုင်းပေးအပ်လိုက်ခြင်းအပေါ် လုံးဝကြိုဆိုထောက်ခံကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သင့်တာ ကြာပြီ။ ဒီကိစ္စက နိုင်ငံတကာမှာ ကားဆိုတဲ့အရာက အင်မတန်မှ ဈေးပေါနေပေမယ့် မြန်မာနိုင်ငံမှာ ကားဟောင်းကိုတောင် ဈေးကြီးကြီးပေးနေရတာပဲ။ ကြိုဆိုရမယ့်ကိစ္စပဲ။ ကားတွေ သွင်းတာများလာလို့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့လိုမှာပေါ့။ ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုရင်တော့ ဈေးကွက်ကို ဖွင့်ရမှာပဲ။ ကြိုဆိုတယ်” ဟု ဦးမော်သန်းက ဆိုသည်။
လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးလိုက်သည့်အတွက် ယခင်ကားပါမစ် လက်ဝယ်ရှိသူ၊ ဝယ်ယူထားသူများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခုလည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်နှစ်များမှစ၍ မော်ဒယ်နိမ့် ကားများကို နယ်နှင်ခြင်း၊ ကားဟောင်းများကို ပြန်အပ်စေပြီး ကားသစ်ဝယ်ရန် ပါမစ်ထုတ်ပေးခြင်း၊ သတ်မှတ် နိုင်ငံခြားငွေကြေး ရှိသူများကို ကားတင်သွင်းခွင့်ပြုခြင်းများ အစိုးရက ပြုလုပ်ခဲ့သည်။
အစိုးရက လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်းသည် မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်သောလုပ်ရပ်တခုအဖြစ်လည်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရှုမြင်ကြသည်။
“အစိုးရက ငွေလဲနှုန်းကိုလည်း အခုတော်တော်ငြိမ်အောင် ထိန်းထားနိုင်လာပြီ။ တဖြည်းဖြည်းနဲ့ ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဒါက စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အင်မတန်မှ ကောင်းပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ ဗဟိုအလုပ်မှုဆောင်တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ ရုပ်သိမ်းပေးခဲ့သည်။



Ref:
- http://abbsoluteright.blogspot.com/2012/05/blog-post_8688.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 5, 2012

GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ

ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။
''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။
''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA 3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား နိုင်ကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ် http://feeds.feedburner.com/thithtoolwin/yIWV

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီး အီးပီလုပ်သားများကို နောက်ထပ်ပြန်ခေါ်လို့ရမရ

စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီးသော အီးပီလုပ်သားများ နောက်ထပ်ပြန်ခေါ်လို့ရတယ်ဆိုတာဟုတ်မဟုတ်နှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ရဲ့ မေးမြန်းချက်ကို ကြိုးစားပြီး ပြန်လည်ဖြေကြားလိုက်ပါတယ် ။
သိလိုသည်များမှာ
သို့ 
နေ့ စွဲ ။ 1-5-2012
ကိုဝိုင်းခင်ဗျာ
ရိုသေလေးစားအားကိုးစွာဖြင့် ကျွန်တော်သိလိုသည်များကို မေးမြန်းလိုက်ပါသည်။ ဒီအချက်တွေကို ကျွန်တော်သိချင်သလို အခြားသိချင်သူများလည်း အများအပြား ရှိနိုင်မည်ဟု ယုံကြည်ပါသဖြင့်  ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးစေချင်ပါတယ်ခင်ဗျ။
အကြောင်းအရာကတော့ စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီးတဲ့ လုပ်သားတစ်ယောက်ဟာ နောက်ထပ်သက်တမ်းတို့ လို့ ရတယ်ဆိုတာပါ။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဟန်းဂုရွာမှာ ယခင်အနည်းအကျဉ်းဖေါ်ပြထားတာတော့ ဖတ်မိပါတယ်။ မရှင်းတာလေးတွေရှိလို့  ထပ်မေးလိုက်ရတာပါ။
၁။ စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ခဲ့တဲ့လူကို ပြန်ခေါ်လို့ ရတယ်ဆိုတဲ့နေရာမှာ အနည်းဆုံးလုပ်သက် ဘယ်လောက်ထိရှိဖို့ လိုပါသလဲ ။ (တချို့ က အနည်းဆုံး ၁ နှစ်ခွဲရှိရင်ရပြီလို့ ပြောနေကြလို့ ပါ။ )
၂။ ဗီဇာကန့် သတ်ချက်ရှိပါသလား။ (E-9 ဗီဇာ E-9-2 ဗီဇာကွာဟမှု။ )
ကျွန်တော်တို့ က 2006 က Training ဗီဇာနဲ့ ရောက်လာပြီး ၃ နှစ်ပြည့် မြန်မာပြည်ပြန်သွား ပြန်လာပြီး ယခုထပ်မံ ၃ နှစ်ပြည့်မဲ့ လူတွေပါ။ ကျွန်တော်တို့  ID ကတ်မှာ ဗီဇာက E-9-2 ပါ။ တချို့ က ပြန်ခေါ်လို့  ရတဲ့ထဲမှာ အရင် Training ဗီဇာသမားတွေ မပါဘဲ Work Permit သမားတွေသာ အကျုံးဝင်တယ်လို့ ပြောကြပါတယ်။ ဒီတော့ 
၃။ ပြန်ခေါ်လို့ ရတဲ့အထဲမှာ အရင် Training ဗီဇာနဲ့ လာတဲ့လူတွေ (E-9-2 ကိုင်ထားတဲ့လူတွေ) ပါ ပါသလား။
၎။ အကယ်၍ ပါခဲ့ရင် ဘာတွေ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရပါမလဲ။
(က) သက်တမ်းပြန်တိုးမယ်ဆိုရင် မြန်မာပြည်ကို မဖြစ်မနေ ပြန်ရပါမလား။
(ခ) ပြန်ပြီးရင် ပြန်လာဖို့ အတွက် အနည်းဆုံးနဲ့ အများဆုံး ဘယ်လောက်ထိစောင့် ရပါမလဲ။
(ဂ) စာမေးပွဲ ပြန်ဖြေရပါမလား။
(ဃ) ကျွန်တော်တို့  အလုပ်သမားတွေဘက်က ဘာတွေလုပ်ဆောင်ရပါမလဲ။
(င) အလုပ်ရှင်ဘက်ကရော ဘာတွေလုပ်ဆောင်ရပါမလဲ။
အထက်ပါအချက်များမှာ ကိုဝိုင်းထံသို့  ကျွန်တော်ဖုန်းဆက်မေးခဲ့စဉ်က အလုပ်များသော ကိုဝိုင်းအား အားနား၍ အပြည့် အစုံမမေးဖြစ်ခဲ့ပါ။ ၇ လပိုင်း ၂ ရက်နေ့  ဥပဒေထွက်မှသာ သေချာသိရမည်ဟု အကြမ်းဖျင်းသိရှိခဲ့ရပါသည်။ သို့ သော် ကျွန်တော်တို့ အနေဖြင့် လုပ်ဆောင်ရန်ကိစ္စများအတွက် အချိန်မရမှာစိုး၍ ကိုဝိုင်းအနေဖြင့် သိထားသလောက် ဖြေကြားပေးစေချင်ပါတယ်ခင်ဗျား။ ကျွန်တော့် ဗီဇာက ၇ လပိုင်း ၁၅ ရက်နေ့ ပြည့်မှာပါ။ ရည်ရွယ်ချက်ကလည်း မပြီးမြောက်သေးတော့ ကိုရီးယားက မပြန်ချင်သေးပါ။ အကယ်၍ ဗီဇာတိုးမရခဲ့ရင် အိုဖို့ အတွက် ကြိုတင်ပြင်ဆင်ရအောင်နဲ့ ဗီဇာတိုးဖို့  မြန်မာပြည် ပြန်ရမယ်ဆိုရင်လည်း ပြန်ဖို့ အတွက် ပြင်ဆင်ဖို့  အချိန်လေးယူချင်လို့ ပါ။
လေးစားစွာဖြင့်
ထွန်းထွန်းနှင့် သူငယ်ချင်းများ
ပြန်လည်ဖြေကြားလိုက်ပါတယ်
စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြိးရင် ၊ နောက်ထပ်သက်တမ်းတိုးလို့ရတယ်ဆိုတာ ဟုတ်ပေမယ့် မမှန်သေးပါဘူး ။
အီးပီ လုပ်သားတစ်ယောက် ၊ ကိုရိးယားရောက်လာပြီး စက်ရုံ သို့မဟုတ် အလုပ်ရုံ တစ်ရုံမျှ မပြောင်းဘဲ ၊ အီးပီသက်တမ်းတစ်ခုကုန်သည်အထိ စက်ရုံ သို့မဟုတ် အလုပ်ရုံ တစ်ရုံတည်းမှာ စွဲစွဲမြဲမြဲလုပ်ခဲ့မည်ဆိုလျင် ၊ အဲသည် အလုပ်သမားကို အဲသည်သူဌေးက နောက်ထပ် အီးပီသက်တမ်းးတစ်ခု ထပ်ငှားလို့ရတယ်လို့ဆိုထားတာပါ ။ ဘာစာမေးပွဲမှ ဖြေစရာမလိုပါဘူး ။ ဟိုးအရင် ၃-နှစ်ပြည့်လို့ တိုင်ပတ်(စတေးရှောင်)ကြသလိုမျိုးပါ ပဲ ။
ဒါတွေလုပ်ရမယ်
လုပ်နည်းက -
- သူဌေးနှင့် အလုပ်သမား အလုပ်စာချုပ်ထပ်ချုပ်ရပါမယ် ။
- အလုပ်ထောက်ပံ့ရေးစင်တာမှာ မှတ်ပုံတင်ရပါမယ်။
- လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ် (Confirmation Certificate of Visa Issuande) လျှောက်ယူရပါမယ် ။
- အလုပ်သမားက မြန်မာပြည်ပြန်ပြီး ကိုရီးယားသံရုံး(မြန်မာပြည်)မှာ လဝကထုတ်ပေးလိုက်တဲ့ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ်ကို အထောက်အထားပြုပြီး ပြည်ဝင် ဗီဇာလျှောက်ရပါမယ် ။
- ဗီဇာရလျင် (အနည်းဆုံး မြန်မာပြည်မှာ ၃လ နေပြီးမှ) ကိုရီးယားသို့ ပြန်ဝင်ခွင့်ရှိပါမယ် ။
ကန့်သတ်ချက်တွေရှိတယ်
ကန့်သတ်ချက်တွေကတော့ -
- စက်ရုံ တစ်ရုံ (တစ်ကြိမ်)ပြောင်းဖူးသူများ ဤ အခွင့်အရေးရမည်မဟုတ်ပါ ။
- ပထမ အီးပီသက်တမ်းကုန် (၆နှစ် သို့မဟုတ် ၅ နှစ် သို့မဟုတ် ၄နှစ်၁၀လစသည်) အလုပ်လုပ်ခဲ့သူ ဖြစ်ရပါမည်။
- မူလအလုပ်ရှင်ကသာ ပြန်ခေါ်ယူခွင့်ရှိပါသည် ။
- ပြန်လည်ခေါ်ယူရန် အလုပ်စာချုပ်ချုပ်သည့်နေ့တွင် ၊ အသက် ၃၉ နှစ်ထက် မကျော်စေရပါ ။
- E-9, E-9-2 , E-9-3, ..စသည် ခွဲခြားမထားပါ ။ EPS လုပ်သား အားလုံးအကျုံးဝင်ပါသည် ။ (သင်တန်းသားမှ ပြောင်းလာသူများလည်း အကျုံးဝင်ပါသည်)။
- ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့နောက်ပိုင်း တွင် ၊ အီးနိုင်းသက်တမ်းကုန်မည့်သူများသာ အကျုံးဝင်ပါမည် ။
- ဥပဒေ ထွက်ရှိပြီးဖြစ်သော်လည်း ၊ ဇူလိုင်လ ၂ ရက်နေ့မှသာ ဥပဒေ အသက်ဝင်မည်ဖြစ်ပါသည် ။
- ဇူလိုင် ၁၅ ရက်နေ့တွင် ဗီဇာကုန်မည့် ကိုထွန်းထွန်းအနေဖြင့် ၊ ရုံတစ်ရုံတည်းမှာသာ သက်တမ်းကုန်လုပ်ခဲ့မည်ဆိုလျင် ၊ အသက်ကလည်း ၃၉ နှစ် မကျော်သေးဘူးဆိုလျင် ၊ နောက်ထပ် အီးနိုင်း သက်တမ်း တစ်ခု ထပ်မံ ရရှိမည်ဖြစ်ပါသည် ။
ကိုဝိုင်းချည်းအားမကိုးနဲ့
အရှင်းလင်းဆုံးဖြစ်အောင်တော့ ၊ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးစင်တာ နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ထံ ထံမေးမြန်းစေလိုပါသည် ။ ကျနော်၏ တင်ပြချက် တစ်ခုတည်းကိုသာ အခိုင်အမာမယူစေလိုပါ ။ ဥပဒေ ၊ စည်းကမ်းဆိုသည်မှာ အချိန်မရွေးပြောင်းလဲမှုရှိနိုင်သောကြောင့်ဖြစ်ပါသည် ။
အခြေအနေအရ ကျနော်အနေဖြင့် ဥပဒေနှင့် စည်းကမ်းများကို အမြဲတစေ လေ့လာတင်ပြနိုင်ခြင်းမရှိပါသဖြင့် ၊ ဥပဒေအပြောင်းအလဲကြောင့် အခွင့်အရေးသစ်များရှိခဲ့သော် ကျနော့်မိတ်ဆွေများ နစ်နာမှုမရှိစေလိုပါ ။

ကျေးဇူးတင်ပါသည် ။ကိုထွန်းထွန်းနှင့် မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာအီးပီလုပ်သားသစ်များအား အထူးအစီအစဉ်ဖြင့် 2-G လက်ကိုင်ဖုန်းများ ရောင်းချပေးမည်

May 6, Seoul
တယ်လီတော်ကီသည် ၊ မြန်မာအီးပီလုပ်သားသစ်များ ဈေးနှုန်းအချိုသာဆုံးဖြင့် လက်ကိုင်ဖုန်းများ ဝယ်ယူ အသုံးပြုနိုင်ကြစေရေးအတွက် ၊ အသက်သာဆုံးသော ဈေးနှုန်းများဖြင့် ၊ ၂-ဂျီ ဟင်းဆက်များရောင်းချပေးပါမည် ။ ဈေးနှုန်းမှာ ဝမ် နှစ်သောင်းငါးထောင်(25,000Won)ဖြစ်ပြီး ၊ အဆိုပါ ဝမ် နှစ်သောင်းငါးထောင်တွင် ဖုန်းပြောခယူနစ် (ဝမ်နှစ်သောင်း) နှင့်အတူ အောက်ပါ ပစ္စည်းများပါဝင်ပါမည်-
- 2-G Handset (Brand New) (1) Set
- ဘက်ထရီအားသွင်းကိရိယာ (၁)ခု
လိုအပ်သည့်စာရွက်စာတမ်းများမှာ -
- နိုင်ငံကူးလက်မှတ်(Passport) မိတ္တူ (ရှေ့ဆုံးစာမျက်နှာ) မိတ္တူ (၁) ရွက်
- အနည်းဆုံး ၃-လ အသုံးပြုမည်ဖြစ်ကြောင်း သဘောတူညီချက်
မှတ်ချက်-
- ဘဏ်စာအုပ်မိတ္တူ ၊ နိုင်ငံခြားသားကတ်မိတ္တူစသည်များ မလိုအပ်ပါ ။
- ၃လသုံးစွဲပြီးပါက ၊ လိုင်းပြောင်းခြင်း ၊ လိုင်းရပ်ဆိုင်းခြင်း၊ လွဲပြောင်းရောင်းချခြင်းစသည်များ လွတ်လပ်စွာပြုလုပ်နိုင်ပါသည် ။
ဆက်သွယ်ရန်-
- 010-2331-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 4, 2012

ကဆုန်လပြည့် ဗုဒ္ဓနေ့  ပူဇော်ပွဲ

ယခုလာမည့် မေလ(၅)ရက် စနေနေ့ သည် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါသည်။ ထိုနေ့ ကို အကြောင်းပြု၍`ရိုးရာအစဉ်အလာကို တန်ဖိုးထားသောအားဖြင့် ၂၀၁၂၊၀၅၊၀၅ ရက် စနေနေ့ ည၌ မြန်မာ ဗုဒ္ဓသာသနာပြုကျောင်း(ကိုရီးယား)တွင် မြန်မာ ညီအကိုများ စုပေါင်း၍ ဘုရားဝတ်တက်၊ပဋ္ဌာန်းရွတ်၊ တရားထိုင်၊တရားနာ မေတ္တာပို့ အမျှဝေကာ ပူဇော်ကြမည် ဖြစ်ပါသည်။ဓမ္မမိတ်ဆွေများအားလုံး ကြွရောက်၍ ပူဇော်နိုင်ကြပါသည်။ကြွရောက်လာကြသော ပရိသတ်တို့ အား မွေးနေ့ ရှင် ကိုမျိုးသက်ထွန်းမှ ကောက်ညှင်း ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းပါမည်။ လောကဆိုတာ အမှောင်၊ဘုရားဆိုတာ အလင်း အလင်းဘုရား ရင်ထဲထားက အမှားကင်းစွ လပြည့်ည သို့  ၀င်းပထိန်လင်း အသိရှင်း၏ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>