ကိုရီယားနိုင်ငံ ဘူဆန် ဆာဆာန်ရှိ ကျန်းမာရေးဌာနတွင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသူ ပြည်သူများနှင့် နိုင်ငံခြားသား အလုပ်သမားများ ၊ ယဉ်ကျေးမှုစုံမိသားစုများကို ၂၄-၃-၂၀၁၃ ရက်နေ့တွင် နံနက် (၉း၃၀)နာရီ မှ (၁၂း၃၀)အထိ ကျန်းမာရေးအခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးမည်ဖြစ်ပါသည်။
ဆေးကုသပေးရာတွင် ဝမ်းဗိုက်အတွင်းပိုင်း ၊ မီးယပ်နှင့်သားဖွား ၊ ကလေးရောဂါ ၊ သွားနှင့် ခံတွင်း ၊ တိုင်းရင်းဆေး ၊ အရိုးအကြော ၊ အဆုတ်တီဘီရောဂါ များကို ○ရောဂါအလိုက် ကျွမ်းကျင်သူ ဆရာဝန်များမှ စမ်းသပ်စစ်ဆေးကာလိုအပ်သောဆေးဝါး များကို လမ်းညွှန်ပေးမည်ဖြစ်ပါသည်။
အဆိုပါ အခမဲ့ ဆေးကုသမှုပေးရေးဌာနသို့ ဘူဆန် ၊ ဂင်မ်ဟဲ အနီးအနားရှိ ရွှေမြန်မာများကို လာရောက်ကာ အခမဲ့ဆေးကုသမှု ခံယူနိုင်ကြပါသည်။
နေ့ရက်..........၂၄-၃-၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် .......... နံနက် (၉း၃၀)နာရီ မှ (၁၂း၃၀)အထိ
နေရာ............ ဆာဆန်ကျန်းမာရေးစောင့်ရှောက်မှုဌာန ၊ (ဒုတိယထပ် - စတုထ္ထထပ်)
ကျန်းမာရေးဌာန လမ်းညွှန်............
(사상구 학감대로 242(감전동) ဖုန်း . ၃၁၀ - ၄၇၉၁
☞ ဆာဆန်းဂူချောင်း မှတ်တိုင် (사상구청정류소 ) ဘတ်စ်ကားနံပါတ် ၇၇ ၊ ၁၆၁
☞ ဘု့ခ်ဘူဆန်ဆေးမူဆော် မှတ်တိုင် (북부산세무서 정류소)
ဘတ်စ်ကားနံပါတ် ၃၁၊ ၃၃၊ ၆၁၊ ၆၂၊ ၇၇၊ ၁၆၀၊ ၁၆၉
☞ မြေအောက်ရထား လိုင်းနံပါတ် (၂) ဂမ်ဂျွန်ဘူတာ (감전역) ၂၂၆
စုံစမ်းရန် : ကိုတိုးသူရ
ဘူဆန်နိုင်ငံခြားသားအလုပ်သမားကူ
ဖုန်း ၀၅၁-၃၀၄-၀၉၀၀ (မြန်မာဘာသာဖြင့် ၀၅၁-၃၀၄-၄၇၂၅)
Sunday, March 10, 2013
ဘူဆန် ဆာဆန်ရှိကျန်းမာရေးဌာနတွင် ကျန်းမာရေးအခမဲ့ ဆေးကုသပေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment